ချယ်ဆီးနဲ့ ဘရိုက်တန် ပွဲ ရလဒ် ဘယ်လို ထွက်မလဲ ကြိုတင် သုံးသပ်ဟောကိန်းထုတ်လိုက်တဲ့ ခရစ်ဆက်တန်

ချယ်ဆီး အသင်းကတော့ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘရိုက်တန် အသင်းနဲ့တွေ့နေပြီး စတန်းဖို့ ဘရစ်ချ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ကတော့ ချယ်ဆီးနဲ့ ဘရိုက်တန် တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ချယ်ဆီးပွဲကို ခန့်မှန်းတိုင်း ကျနော် ရယ်မိပါတယ်။ အပတ်တိုင်းမှာ ချယ်ဆီးထံက ဘာမြင်ရမယ် မသိတော့ပါဘူး။ အပတ်တိုင်း သူတို့ရဲ့ ရလဒ်ကို ခန့်မှန်းတာက မှားနေပါတယ်။

ချယ်ဆီးက တည်ငြိမ်မှု မရှိသေးဘဲ ခံစစ်ပိုင်းကလည်း ဂိုးတွေ အများကြီး ပေးနေရချိန် ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ရမယ် ဆိုတာက လွယ်တော့ မလွယ်ပါဘူး။

ဘရိုက်တန်က ကြာသပတေးညတုန်းက အေသင်နဲ့ ယူရိုပါလိဂ်ပွဲ ကစားထားရတယ်။ ကျနော်ကတော့ နှစ်သင်း တိုက်စစ်အပြိုင် ဂိုးတွေသွင်းကြပြီး ပိုချက်တီနိုရဲ့ အသင်းက နည်းနည်းလေး အသာရသွားမယ်လို့ ထင်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၃-၂ ဘရိုက်တန် ဖြစ်ပါတယ်။