ချယ်ဆီး vs ဘရိုက်တန် ပွဲအတွက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ရဲ့ ရလဒ် ခန့်မှန်းချက်

ရလဒ်တွေ မတည်ငြိမ်ဖြစ်နေတဲ့ ချယ်ဆီးအသင်းဟာ အသင်းကောင်း တစ်သင်းဖြစ်တဲ့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပါတယ်။ နှစ်သင်းလုံးဟာ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲပဲ ရထားကြတာပါ။

ဒီအပတ် ပွဲစဉ်အတွက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ရဲ့ ပွဲကြို ခန့်မှန်းချက်ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဘာဘာတော့ဗ်က သုံးသပ်ရာမှာ ” ချယ်ဆီးကို ဘယ်လို ပြောရမယ်ကို မသိတော့ပါဘူး။ သူတို့ အိပ်လိုက်၊ နိုးထလာလိုက်၊ ပြန်အိပ်သွားလိုက်နဲ့ပါပဲ။

သူတို့ ဘယ်လို ဘောလုံးရာသီကို ပိုင်ဆိုင်နေလဲ ဆိုတာတောင် ကျနော် မသိတော့ပါဘူး။ သူတို့ လိုချင်တာနဲ့ ဒီရာသီ ရနေတာက လုံလောက်အောင် ကောင်းနေမယ်လို့ မထင်ပါဘူး။

အခြားတစ်ဘက်မှာ ဘရိုက်တန်ကတော့ အမှတ်ပေးဇယားမှာ နေရာကောင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် သူတို့က လက်ရှိထက် ပိုမြင့်တဲ့ နေရာကို ပိုင်ဆိုင်ထားသင့်တာပါ။ သူတို့ ရမှတ်တွေ ယူနိုင်စွမ်းရှိပြီး ဒီပွဲ သရေကျမယ်လို့ ထင်ပါတယ် ” လို့ ဖြစ်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-2 ဘရိုက်တန်