ချယ်ဆီးရဲ့ စွမ်းဆောင်ရည်နဲ့ လိုဆယ်ဆို အနီကဒ်မရခဲ့ခြင်းအပေါ် ပွဲအပြီး ပြောဆိုတဲ့ ကွီတာ
လန်ဒန်ဒါဘီပွဲအဖြစ် စပါးနဲ့ ယှဉ်ပြိုင်ကစားရာမှာတော့ ချယ်ဆီးဟာ အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရလဒ်ကောင်းတစ်ခုနဲ့ တုန့်ပြန်နိုင်ခဲ့ပါတယ်။
ဒီပွဲဟာ နှစ်သင်းလုံး အဓိက ကစားသမားတွေ ဒဏ်ရာကြောင့် လက်လွတ်ခဲ့ရတာကြောင့် လိုအပ်ချက်တွေ များတဲ့ ပွဲလည်း ဖြစ်ခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ စပါးကွင်းလယ်လူ လိုဆယ်ဆိုဟာ ကွီတာရဲက ခြေကျင်းဝတ်ကို တက်နင်းခဲ့ပေမယ့် မည့်သည် ပြစ်ဒဏ်မှ မရခဲ့ခြင်းကလည်း အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
လိုဆယ်ဆိုနဲ့ ထိခိုက်မှုအပေါ် ကွီတာက ပြောရာမှာ ” ကျနော်က မြက်ခင်းမှာ လူးလှိမ့်နေတတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး။ ကျနော်က မာကျောတဲ့သူဖြစ်ပြီး ဒီပွဲမှာတော့ အဲ့လိုဖြစ်ရတာ ကျနော် အမှားကြောင့် မဟုတ်ဘူး။ ကျနော်ရဲ့ ခြေကျင်းဝတ်ကို ရှင်းရှင်းလင်းလင်း ထိခဲ့တာဖြစ်ပြီး အရမ်းကို နာကျင်တယ်လို့ ခံစားခဲ့ရလို့ ဖြစ်ပါတယ်။
အဲ့တာက အနီကဒ် မဟုတ်တဲ့အပြင် အဝါကဒ်တောင် မဟုတ်တာအတွက် ကျနော် အံ့အားသင့်ခဲ့ရတယ်။ ဟုတ်ပါတယ် လူတိုင်းက အမှားလုပ်မိကြပါတယ်။ ဒါပေမယ့် ပြန်ကြည့်တာတွေ လုပ်ကြည့်မယ်ဆိုရင် အဲ့တာက ဆုံးဖြတ်ဖို့ အရမ်းကို လွယ်ကူပါတယ် ” လို့ တုန့်ပြန်ခဲ့တာဖြစ်တယ်။
ဒီနေ့ပွဲအတွက် စွမ်းဆောင်ရည်နဲ့ ပက်သက်လို့တော့ ” ကျနေ်ာတို့တွေ အသင်းတစ်သင်းအနေနဲ့ အရမ်းကောင်းတဲ့ စိတ်ဓါတ်တွေကို ပြသခဲ့ပြီး ကျနော်တို့က ပွဲတိုင်းအတွက် အဆင့်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ကိုယ်ပုံမှန် မကစားရချိန်မှာ အဲ့တာက ခက်ခဲပါတယ်၊ လူတိုင်းက အသင်းကို ကူညီပေးလိုသလို လေ့ကျင့်ရေးမှာ ပြင်းထန်စွာကြိုးစားပြီး တိုက်ခိုက်မှုတွေလည်း ရှိကြပါတယ်။
အဲ့သည်လို ပြိုင်ဆိုင်မှုဗတွက လူတိုင်းက အသင်းအတွက် လုပ်ဆောင်နိုင်မှုကောင်းတွေကို အပိုထပ်ဆောင်းပေးနိုင်ဖို့ ဖြစ်ပါတယ်။ ” လို့ ကွီတာက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။
ZAWGYI