ချယ်ဆီး အမြဲအထိနာနေတဲ့ VAR ဆုံးဖြတ်ချက်အပေါ် လမ်းပတ်နဲ့ မော်ရင်ညိုတို့ရဲ့ ပွဲပြီး မှတ်ချက်

ချယ်ဆီးမန်နေဂျာလမ်းပတ်က စပါးနဲ့ပွဲမှာ ကွီတာကို ပြိုင်ဘက်အသင်းသား လိုဆယ်ဆိုရဲ့ ထိတွေ့မှု ကြမ်းတမ်းခြင်းအပေါ် VAR ရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်သွားပါတယ်။

လိုဆယ်ဆိုဘက်က ထိတွေ့မှု နောက်ကျခြင်းလို့ ယူဆပေးလို့ရတဲ့ ဖြစ်စဉ်မှာ အသင်းခေါင်းဆောင် ကွီတာရဲ့ ခြေကျင်းဝတ်ကို တက်နင်းမှုဖြစ်ခဲ့တာပါ။ ဒီအဆုံးအဖြတ်ကို VAR က ဆုံးဖြတ်ပေးမှုအပေါ် ကွင်းလယ်လူ အိုလီဗာက ထုတ်ပြန်ရာမှာ အနီကဒ်မပြောနဲ့ အဝါကဒ်တောင်မှ မပေးခဲ့တာဖြစ်တယ်။

အရင်အပတ်ကလည်း ယူနိုက်တက်နဲ့ပွဲမှာ ချယ်ဆီးတိုက်စစ်မှူး ဘတ်ရှုဝါရီကို ယူနိုက်တက်ခံစစ်မှူး မက်ဂွဲရား ခြေထောက်နဲ့ မြောက်ကန်ခဲ့တုန်းကလည်း ဘယ်လို ကဒ်ပြားမှ မပြခဲ့တာဖြစ်တယ်။ လမ်းပတ်ကတော့ အဲ့တုန်းက ရံှူးမဲမဲလို့ ထင်ကြနိုင်ပေမယ့် အခု နိုင်တဲ့ပွဲမှာလည်း မမျှတတဲ့ ဖြစ်စဉ်ကို ထောက်ပြလိုတယ်လို့ ဆိုခဲ့တာဖြစ်တယ်။

VAR နဲ့ ပက်သက်ပြီး ချယ်ဆီးမန်နေဂျာ လမ်းပတ်က ပြောရာမှာ ” သူ့ရဲ့ ဖြတ်ထုတ်မှုက မကောင်းပါဘူး၊ နှစ်ပွဲမှာ VAR ဆုံးဖြတ်ချက် နှစ်ကြိမ်ပါ။ ကိုယ်က အရေးနိမ့်နေချိန်တုန်းက ဒီအကြောင်းကို ပြောရတာ ခက်ပါတယ်။ အခုကတော့ လူတိုင်း မြင်မှာပါ။ ဒါက အနီကဒ် ဖြစ်ပါတယ်။

အနီကဒ်တွေကို တောင်းဆိုရတာမျိုးကို ကျနော် မုန်းပါတယ်။ ဒါပေမယ့် ဒီကနေ့ ဖြစ်ခဲ့မှုက ခြေထောက် ကျိုးသွားနိုင်ပါတယ်။ ဒိုင်လူကြီး မမြင်တာမျိုးကို ကျနော် ပြောနေတာ မဟုတ်ပါဘူး။ ဒါကို VAR က ရှင်းရှင်းလင်းလင်း မြင်ပပါတယ်၊ ဆုံးဖြတ်မှုက လုံလောက်မင မရှိပါဘူး ” လို့ ဝေဖန်ခဲ့တာဖြစ်တယ်။

လိုဆယ်ဆိုရဲ့ ထိတွေ့မှု ကြမ်းတမ်းခြင်းကို မေးခွန်းထုတ်ခံရချိန်မှာ စပါးမန်နေဂျာ မော်ရင်ညိုကတော့ ” ကျနော် အဲ့တာကို မမြင်ခဲ့ဘူး။ တီဗီမှာကော ပွဲမှာပါ မမြင်ခဲ့ဘူး။ ကျနော် မသိပါဘူး ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးမန္ေနဂ်ာလမ္းပတ္က စပါးနဲ႔ပြဲမွာ ကီြတာကို ျပိဳင္ဘက္အသင္းသား လိုဆယ္ဆိုရဲ႕ ထိေတြ႔မႈ ၾကမ္းတမ္းျခင္းအေပၚ VAR ရဲ႕ ဆံုးျဖတ္ခ်က္အေပၚ ေဝဖန္သြားပါတယ္။

လိုဆယ္ဆိုဘက္က ထိေတြ႔မႈ ေနာက္က်ျခင္းလို႔ ယူဆေပးလို႔ရတဲ့ ျဖစ္စဥ္မွာ အသင္းေခါင္းေဆာင္ ကီြတာရဲ႔ ေျခက်င္းဝတ္ကို တက္နင္းမႈျဖစ္ခဲ့တာပါ။ ဒီအဆံုးအျဖတ္ကို VAR က ဆံုးျဖတ္ေပးမႈအေပၚ ကြင္းလယ္လူ အိုလီဗာက ထုတ္ျပန္ရာမွာ အနီကဒ္မေျပာနဲ႔ အဝါကဒ္ေတာင္မွ မေပးခဲ့တာျဖစ္တယ္။

အရင္အပတ္ကလည္း ယူႏုိက္တက္နဲ႔ပြဲမွာ ခ်ယ္ဆီးတိုက္စစ္မွဴး ဘတ္ရႈဝါရီကို ယူႏုိက္တက္ခံစစ္မွဴး မက္ဂြဲရား ေျခေထာက္နဲ႔ ေျမာက္ကန္ခဲ့တုန္းကလည္း ဘယ္လို ကဒ္ျပားမွ မျပခဲ့တာျဖစ္တယ္။ လမ္းပတ္ကေတာ့ အဲ့တုန္းက ရံွဴးမဲမဲလို႔ ထင္ၾကႏုိင္ေပမယ့္ အခု ႏုိင္တဲ့ပြဲမွာလည္း မမွ်တတဲ့ ျဖစ္စဥ္ကို ေထာက္ျပလိုတယ္လို႔ ဆိုခဲ့တာျဖစ္တယ္။

VAR နဲ႔ ပက္သက္ျပီး ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္က ေျပာရာမွာ ” သူ႔ရဲ႕ ျဖတ္ထုတ္မႈက မေကာင္းပါဘူး၊ ႏွစ္ပြဲမွာ VAR ဆံုးျဖတ္ခ်က္ ႏွစ္ၾကိမ္ပါ။ ကိုယ္က အေရးနိမ့္ေနခ်ိန္တုန္းက ဒီအေၾကာင္းကို ေျပာရတာ ခက္ပါတယ္။ အခုကေတာ့ လူတိုင္း ျမင္မွာပါ။ ဒါက အနီကဒ္ ျဖစ္ပါတယ္။

အနီကဒ္ေတြကို ေတာင္းဆိုရတာမ်ိဳးကို က်ေနာ္ မုန္းပါတယ္။ ဒါေပမယ့္ ဒီကေန႔ ျဖစ္ခဲ့မႈက ေျခေထာက္ က်ိဳးသြားႏုိင္ပါတယ္။ ဒိုင္လူၾကီး မျမင္တာမ်ိဳးကို က်ေနာ္ ေျပာေနတာ မဟုတ္ပါဘူး။ ဒါကို VAR က ရွင္းရွင္းလင္းလင္း ျမင္ပပါတယ္၊ ဆံုးျဖတ္မႈက လံုေလာက္မင မရွိပါဘူး ” လို႔ ေဝဖန္ခဲ့တာျဖစ္တယ္။

လိုဆယ္ဆိုရဲ႕ ထိေတြ႔မႈ ၾကမ္းတမ္းျခင္းကို ေမးခြန္းထုတ္ခံရခ်ိန္မွာ စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳကေတာ့ ” က်ေနာ္ အဲ့တာကို မျမင္ခဲ့ဘူး။ တီဗီမွာေကာ ပြဲမွာပါ မျမင္ခဲ့ဘူး။ က်ေနာ္ မသိပါဘူး ” လို႔ ေျပာဆိုသြားတာ ျဖစ္ပါတယ္။