စပါးနဲ့ ပွဲမတိုင်ခင် နောက်ဆုံးရ ချယ်ဆီး ညနေခင်းသတင်းများ

ချယ်ဆီးအသင်းသားတွေ အနေနဲ့ ပွဲကြပ်ကာလမှာ ပွဲစဉ်တိုင်းကို အစွမ်းကုန် ညှစ်ထုတ် ကစားကြဖို့ အသင်းဖော်တွေအား တိုက်စစ်သမား ပက်ဒရိုက တိုက်တွန်းပြောကြားလိုက်ပါတယ်။

စပါးနဲ့ ပွဲမှာ လော့ဖ်တပ်ချိစ်ဟာ ပွဲထွက်စာရင်းက မပါဝင်ပေမယ့် အရန်ကနေ ပါဝင်လာဖို့ ရှိနေပါတယ်။ လအတန်ကြာ အနားယူနေခဲ့ရတဲ့ ကွင်းလယ်ကစားသမားကို စတန်းဖို့ဘရစ်ချ်မှာ ပြန်မြင်ရတော့မှာ ဖြစ်ပါတယ်။

စပါးနည်းပြ မော်ရင်ညိုက ဒီည လန်ဒန်ဒါဘီပွဲမှာ ချယ်ဆီးအသင်းက ခံစစ် ငါးယောက်တန်းနဲ့ ပွဲထွက်လာမယ်ဆိုတာ သိထားပြီး ဖြစ်တယ်လို့ ပွဲကြိုမှာ သတိပေးလိုက်ပါတယ်။

စပါးအသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေပြီး တိုက်စစ်မှာ ကိန်းရော ဆွန်ပါ မပါဝင်နိုင်ပေမယ့် ဒီအချက်အပေါ် မော်ရင်ညို စောဒက တက်လို့ မရကြောင်း ချယ်ဆီးနည်းပြ လမ်းပတ်ကလည်း ပြောဆိုထားပါတယ်။

လန်ဒန်ဒါဘီပွဲဟာ ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်ပေမယ့် ချယ်ဆီး လူငယ်ကစားသမားတွေဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်ယှဉ်ပြိုင်နေပြီ ဖြစ်လို့ ဒီ စိန်ခေါ်မှုကနေ တောက်ပလာကြဖို့ လမ်းပတ်က တိုက်တွန်းခဲ့ပါတယ်။

ချယ်ဆီးအသင်း စောင့်ကြည့်နေတဲ့ အေဂျက် ဂိုးသမား အိုနာနာကို စပိန်လာလီဂါ ထိပ်သီး ဘာစီလိုနာကလည်း လာမယ့်နွေမှာ ခေါ်ဖို့ ပစ်မှတ်ထားလာကြောင်း သတင်းထွက်ပေါ်နေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းသားေတြ အေနနဲ႕ ပြဲၾကပ္ကာလမွာ ပြဲစဥ္တိုင္းကို အစြမ္းကုန္ ညွစ္ထုတ္ ကစားၾကဖို႔ အသင္းေဖာ္ေတြအား တိုက္စစ္သမား ပက္ဒရိုက တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

စပါးနဲ႕ ပြဲမွာ ေလာ့ဖ္တပ္ခ်ိစ္ဟာ ပြဲထြက္စာရင္းက မပါ၀င္ေပမယ့္ အရန္ကေန ပါ၀င္လာဖို႔ ရွိေနပါတယ္။ လအတန္ၾကာ အနားယူေနခဲ့ရတဲ့ ကြင္းလယ္ကစားသမားကို စတန္းဖို႔ဘရစ္ခ်္မွာ ျပန္ျမင္ရေတာ့မွာ ျဖစ္ပါတယ္။

စပါးနည္းျပ ေမာ္ရင္ညိဳက ဒီည လန္ဒန္ဒါဘီပြဲမွာ ခ်ယ္ဆီးအသင္းက ခံစစ္ ငါးေယာက္တန္းနဲ႕ ပြဲထြက္လာမယ္ဆိုတာ သိထားျပီး ျဖစ္တယ္လို႔ ပြဲၾကိဳမွာ သတိေပးလိုက္ပါတယ္။

စပါးအသင္းမွာ ဒဏ္ရာရ ကစားသမားေတြ မ်ားျပားေနျပီး တိုက္စစ္မွာ ကိန္းေရာ ဆြန္ပါ မပါ၀င္နုိင္ေပမယ့္ ဒီအခ်က္အေပၚ ေမာ္ရင္ညိဳ ေစာဒက တက္လို႔ မရေၾကာင္း ခ်ယ္ဆီးနည္းျပ လမ္းပတ္ကလည္း ေျပာဆိုထားပါတယ္။

လန္ဒန္ဒါဘီပြဲဟာ ခက္ခဲတဲ့ စိန္ေခၚမႈ တစ္ခုျဖစ္ေပမယ့္ ခ်ယ္ဆီး လူငယ္ကစားသမားေတြဟာ ပရီးမီးယားလိဂ္မွာ ရုန္းကန္ယွဥ္ျပိဳင္ေနျပီ ျဖစ္လို႔ ဒီ စိန္ေခၚမႈကေန ေတာက္ပလာၾကဖို႔ လမ္းပတ္က တိုက္တြန္းခဲ့ပါတယ္။

ခ်ယ္ဆီးအသင္း ေစာင့္ၾကည့္ေနတဲ့ ေအဂ်က္ ဂိုးသမား အိုနာနာကို စပိန္လာလီဂါ ထိပ္သီး ဘာစီလိုနာကလည္း လာမယ့္ေႏြမွာ ေခၚဖို႔ ပစ္မွတ္ထားလာေၾကာင္း သတင္းထြက္ေပၚေနပါတယ္။