ပရိသတ်တွေ ကျေနပ်ကြမှာမဟုတ်ပေမယ့် ပွဲကြပ်အတွက် သတင်းဆိုးတွေကို လမ်းပတ် ထုတ်ပြော

ပွဲကြပ်ကာလတွေမှာ အသင်းပရိသတ်တွေကို မန်နေဂျာ လမ်းပတ်က သတင်းဆိုး ပေးလာရပြီး အဓိက ကစားသမားတွေ ဒဏ်ရာကနေ ပြန်မသက်သာလာနိုင်သေးဘူးလို့ ဆိုပါတယ်။

ချယ်ဆီးဟာ စတမ်းဖိုဒ့်ဘရစ်မှာ စပါးကို ဧည့်ခံရမှာဖြစ်ပြီး ပြိုင်ဘက်အသင်းက ဒဏ်ရာပြဿနာတွေ များနေသလို ချယ်ဆီးကလည်း ဆိုးဆိုးရွားရွားကို ထိခိုက်နေတဲ့ အနေအထားဖြစ်တယ်။ ပူလာဆစ်နဲ့ ကန်တီတို့ကို လက်လွတ်ရတဲ့အပြင် အေဘရာဟမ်နဲ့ လော့တပ်ချိစ်တို့ကလည်း ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာတွေ ရှိနေပါတယ်။

လမ်းပတ်က “ ကန်တီက ကြံ့ခိုင်မှု မပြည့်ပါဘူး။ ကြွက်သား ဒဏ်ရာဖြစ်ပြီး သူက ဒဏ်ရာကြောင့် သုံးပတ်လောက်ထိ အနားယူရနိုင်ပါတယ်။ ပူလာဆစ်ကလည်း ကြံ့ခိုင်မှု မကောင်းသေးပဲ သူ ပြန်ကစားနိုင်မယ့် ရက်ကို အတိအကျ ပြောလို့မရပါဘူး။ ခက်ခဲတဲ့ ဒဏ်ရာဖြစ်ပြီး ကျနေ်ာတို့ အဲ့အတွက် ကြိုးစားနေပါတယ်။

ရူဘင်က အသင်းလူစာရင်းထဲ ပြန်ပါလာပါပြီ ဒါပေမယ့် ပွဲထွက်ပေးဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ခရစ်စတန်ဆန်က ကြံ့ခိုင်မှု ကောင်းနေပါပြီ။ နှာခေါင်းကျိုးထားတာဖြစ်တဲ့အတွက် အကာအကွယ်စွပ်ပြီး ကစားရမှာဖြစ်ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

အေဘရာဟမ်က လွန်ခဲ့တဲ့ ၂ ရက်ဆက်တိုက် လေ့ကျင့်ထားပေမယ့် ၇၀% လောက်ပဲ လေ့ကျင့်ထားနိုင်တာပါ။ အိုဒွိုင်းကလည်း ကြံ့ခိုင်ဦးမှာ မဟုတ်တာကြောင့် လက်တလောမှာ ချယ်ဆီးလူစာရင်းဟာ ကြီးကြီးမားမား ထိခိုက်မှုတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

“ ပရိသတ်တွေကို ကျနော် ဘာတွေပဲပြောပြော ဒီရာသီက အကူးအပြောင်းကာလဖြစ်ပြီး လူတိုင်းကိုတော့ ကျေနပ်အောင် မလုပ်ပေးနိုင်ဘူး။ ဒါပေမယ့် ကျနော်က စုဖွဲ့မှုကောင်းတဲ့ အသင်းတစ်သင်းအဖြစ် ကစားလိုတာပါ ” လို့ ဆိုခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI

ပြဲၾကပ္ကာလေတြမွာ အသင္းပရိသတ္ေတြကို မန္ေနဂ်ာ လမ္းပတ္က သတင္းဆိုး ေပးလာရျပီး အဓိက ကစားသမားေတြ ဒဏ္ရာကေန ျပန္မသက္သာလာႏုိင္ေသးဘူးလို႔ ဆိုပါတယ္။

ခ်ယ္ဆီးဟာ စတမ္းဖိုဒ့္ဘရစ္မွာ စပါးကို ဧည့္ခံရမွာျဖစ္ျပီး ျပိဳင္ဘက္အသင္းက ဒဏ္ရာျပႆနာေတြ မ်ားေနသလို ခ်ယ္ဆီးကလည္း ဆိုးဆိုးရြားရြားကို ထိခိုက္ေနတဲ့ အေနအထားျဖစ္တယ္။ ပူလာဆစ္နဲ႔ ကန္တီတို႔ကို လက္လြတ္ရတဲ့အျပင္ ေအဘရာဟမ္နဲ႔ ေလာ့တပ္ခ်ိစ္တို႔ကလည္း ၾကံ႔ခိုင္မႈဆိုင္ရာ ျပႆနာေတြ ရွိေနပါတယ္။

လမ္းပတ္က “ ကန္တီက ၾကံ႕ခိုင္မႈ မျပည့္ပါဘူး။ ၾကြက္သား ဒဏ္ရာျဖစ္ျပီး သူက ဒဏ္ရာေၾကာင့္ သံုးပတ္ေလာက္ထိ အနားယူရႏုိင္ပါတယ္။ ပူလာဆစ္ကလည္း ၾကံ႕ခိုင္မႈ မေကာင္းေသးပဲ သူ ျပန္ကစားႏုိင္မယ့္ ရက္ကို အတိအက် ေျပာလို႔မရပါဘူး။ ခက္ခဲတဲ့ ဒဏ္ရာျဖစ္ျပီး က်ေန္ာတို႔ အဲ့အတြက္ ၾကိဳးစားေနပါတယ္။

ရူဘင္က အသင္းလူစာရင္းထဲ ျပန္ပါလာပါျပီ ဒါေပမယ့္ ပြဲထြက္ေပးဖို႔ အဆင္သင့္ မျဖစ္ေသးပါဘူး။ ခရစ္စတန္ဆန္က ၾကံ႕ခိုင္မႈ ေကာင္းေနပါျပီ။ ႏွာေခါင္းက်ိဳးထားတာျဖစ္တ့ဲအတြက္ အကာအကြယ္စြပ္ျပီး ကစားရမွာျဖစ္ပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ေအဘရာဟမ္က လြန္ခဲ့တဲ့ ၂ ရက္ဆက္တိုက္ ေလ့က်င့္ထားေပမယ့္ ၇၀% ေလာက္ပဲ ေလ့က်င့္ထားႏုိင္တာပါ။ အိုဒိြဳင္းကလည္း ၾကံ႔ခိုင္ဦးမွာ မဟုတ္တာေၾကာင့္ လက္တေလာမွာ ခ်ယ္ဆီးလူစာရင္းဟာ ၾကီးၾကီးမားမား ထိခိုက္မႈေတြကို ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

“ ပရိသတ္ေတြကို က်ေနာ္ ဘာေတြပဲေျပာေျပာ ဒီရာသီက အကူးအေျပာင္းကာလျဖစ္ျပီး လူတိုင္းကိုေတာ့ ေက်နပ္ေအာင္ မလုပ္ေပးႏုိင္ဘူး။ ဒါေပမယ့္ က်ေနာ္က စုဖြဲ႔မႈေကာင္းတဲ့ အသင္းတစ္သင္းအျဖစ္ ကစားလိုတာပါ ” လို႔ ဆိုခဲ့ေသးတာျဖစ္ပါတယ္။