လမ်းပတ်ရဲ့ ချယ်ဆီး ဘယ်လိုပွဲထွက်လာမလဲ သိထားပြီးပြီလို့ မော်ရင်ညို Mind Game စတင်

စပါးနည်းပြ ဂျို့စ် မော်ရင်ညိုက စနေနေ့ အစောပိုင်း ပရီးမီးယားလိဂ် ပွဲစဉ်မှာ လမ်းပတ်ရဲ့ ချယ်ဆီးအသင်း ဘယ်လို ပြင်ဆင်လာမလဲ သိထားပြီး ဖြစ်တယ်လို့ ပွဲမတိုင်ခင်မှာပဲ Mind Game စတင် လိုက်ပါတယ်။ ဒီဇင်ဘာလထဲမှာ စပါးကွင်းမှာ ကစားခဲ့စဉ်ကတော့ လမ်းပတ်တို့က အနိုင်ယူထားခဲ့တာပါ။

မော်ရင်ညိုက တပည့်ဟောင်း လမ်းပတ်ဟာ အသင်း ရလဒ်မကောင်းချိန်မှာ ပွဲထုတ်လေ့ရှိတဲ့ ခံစစ် ၅ ယောက်တန်းနဲ့ လာလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ စပါးနဲ ဆုံစဉ်က ခံစစ် ၃ ယောက်တန်းနဲ့ အကောင်းဆုံး ကစားနိုင်ခဲ့တာ ဖြစ်ပြီး မော်ရင်ညိုကတော့ လမ်းပတ်ဟာ ဗျူဟာ တစ်ခုတည်းမှာ အသေ ဆုပ်ကိုင်ထားမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

” သူတို့က ရလဒ်တွေ မကောင်းရင် ပုံမှန် လုပ်နေကျ အတိုင်း ခံစစ် ၅ ယောက်တန်းနဲ့ ပွဲထုတ်မယ်လို့ ကျနော် သတင်းကြားထားတယ်။ သတင်းကတော့ ဒီလိုပဲ ကျနော်တို့ ပြန်ကြားရတာပဲ ဘယ်ကလဲဆိုတာတော့ ထုတ်ပြောလို့ မရဘူးပေါ့။

လောလောဆယ်မှာ စပါး၊ ယူနိုက်တက်၊ အာဆင်နယ်၊ ရှက်ဖီး၊ ဝုဗ်၊ အဲဗာတန်နဲ့ ကျနော်တို့ စပါးအသင်း၊ ဒါတွေ့ အောက်အသင်းတွေ ဖြစ်နေတယ်။ ကျနော်တို့ အမှတ်ပေးဇယားမှာ မြင့်မြင့်သွားဖို့ ရည်မှန်းထားပေမယ့် ချယ်ဆီး နောက် ၁မှတ် ၂-၃ မှတ် ကွာနေကြတာတွေချည်းပဲ။ ချယ်ဆီးက ကျနော်တို့ထက် အသာရထားတယ် ဒါက မြင်နေရတာပဲ။ ဒါ အားသာချက်ကြီး မဟုတ်သည့်တိုင် အားသာချက် ရထားတာတော့ အမှန်ပါ။

လက်စတာက ချယ်ဆီးထက် ၉မှတ် ၁၀မှတ်လောက် သာထားတာ ဖြစ်လို့ ဒီရာသီ အဆင့် ၄ နေရာ အတွက် ချယ်ဆီး ရဖို့ ရေပန်း အစားဆုံးပါ။ ဒါပေမယ့် အခုထိပဲ ချယ်ဆီးက ရေပန်းစားတာ ဖြစ်ပါလိမ့်မယ်။ ” လို့ မော်ရင်ညိုက ပြောဆိုခဲ့ပါတယ်။

စပါးနဲ့ ပွဲ မတိုင်ခင်မှာ ချယ်ဆီးက အဆင့် ၄ နေရာမှာ ရှိနေပြီး မော်ရင်ညိုရဲ့ စပါးက တစ်မှတ် အကွာနဲ့ အဆင့် ၅ နေရာမှာ ရှိနေတာ ဖြစ်လို့ ဒီပွဲ အနိုင် အရှုံးက အဆင့် ၄ နေရာ အပြောင်းအလဲ အဖြစ် သက်ရောက်မှု ရှိနိုင်ပါတယ်။ အဆင့် ၁၀ နေရာက အာဆင်နယ်ဟာ စပါးနောက် ၆ မှတ် အကွာမှာ ရှိနေတာ ဖြစ်လို့ ဇယားအလယ်ပိုင်းမှာလည်း ပြိုင်ပွဲတွေ ပြင်းထန်နေပါတယ်။

Zawgyi – စပါးနည္းျပ ဂ်ိဳ႕စ္ ေမာ္ရင္ညိဳက စေနေန႔ အေစာပိုင္း ပရီးမီးယားလိဂ္ ပြဲစဥ္မွာ လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္း ဘယ္လိုိ ျပင္ဆင္လာမလဲ သိထားျပီး ျဖစ္တယ္လို႔ ပြဲမတုိင္ခင္မွာပဲ Mind Game စတင္ လိုက္ပါတယ္။ ဒီဇင္ဘာလထဲမွာ စပါးကြင္းမွာ ကစားခဲ့စဥ္ကေတာ့ လမ္းပတ္တို႔က အနုိင္ယူထားခဲ့တာပါ။

ေမာ္ရင္ညိဳက တပည့္ေဟာင္း လမ္းပတ္ဟာ အသင္း ရလဒ္မေကာင္းခ်ိန္မွာ ပြဲထုတ္ေလ့ရွိတဲ့ ခံစစ္ ၅ ေယာက္တန္းနဲ႕ လာလိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။ ခ်ယ္ဆီးအသင္းဟာ စပါးနဲ ဆံုစဥ္က ခံစစ္ ၃ ေယာက္တန္းနဲ႕ အေကာင္းဆံုး ကစားနုိင္ခဲ့တာ ျဖစ္ျပီး ေမာ္ရင္ညိဳကေတာ့ လမ္းပတ္ဟာ ဗ်ဴဟာ တစ္ခုတည္းမွာ အေသ ဆုပ္ကိုင္ထားမွာ မဟုတ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

” သူတို႔က ရလဒ္ေတြ မေကာင္းရင္ ပံုမွန္ လုပ္ေနက် အတိုင္း ခံစစ္ ၅ ေယာက္တန္းနဲ႕ ပြဲထုတ္မယ္လို႔ က်ေနာ္ သတင္းၾကားထားတယ္။ သတင္းကေတာ့ ဒီလိုပဲ က်ေနာ္တုိ႔ ျပန္ၾကားရတာပဲ ဘယ္ကလဲဆိုတာေတာ့ ထုတ္ေျပာလို႔ မရဘူးေပါ့။

ေလာေလာဆယ္မွာ စပါး၊ ယူနုိက္တက္၊ အာဆင္နယ္၊ ရွက္ဖီး၊ ၀ုဗ္၊ အဲဗာတန္နဲ႕ က်ေနာ္တုိ႔ စပါးအသင္း၊ ဒါေတြ႕ ေအာက္အသင္းေတြ ျဖစ္ေနတယ္။ က်ေနာ္တုိ႔ အမွတ္ေပးဇယားမွာ ျမင့္ျမင့္သြားဖို႔ ရည္မွန္းထားေပမယ့္ ခ်ယ္ဆီး ေနာက္ ၁မွတ္ ၂-၃ မွတ္ ကြာေနၾကတာေတြခ်ည္းပဲ။ ခ်ယ္ဆီးက က်ေနာ္တုိ႔ထက္ အသာရထားတယ္ ဒါက ျမင္ေနရတာပဲ။ ဒါ အားသာခ်က္ၾကီး မဟုတ္သည့္တိုင္ အားသာခ်က္ ရထားတာေတာ့ အမွန္ပါ။

လက္စတာက ခ်ယ္ဆီးထက္ ၉မွတ္ ၁၀မွတ္ေလာက္ သာထားတာ ျဖစ္လို႔ ဒီရာသီ အဆင့္ ၄ ေနရာ အတြက္ ခ်ယ္ဆီး ရဖို႔ ေရပန္း အစားဆံုးပါ။ ဒါေပမယ့္ အခုထိပဲ ခ်ယ္ဆီးက ေရပန္းစားတာ ျဖစ္ပါလိမ့္မယ္။ ” လို႔ ေမာ္ရင္ညိဳက ေျပာဆိုခဲ့ပါတယ္။

စပါးနဲ႕ ပြဲ မတိုင္ခင္မွာ ခ်ယ္ဆီးက အဆင့္ ၄ ေနရာမွာ ရွိေနျပီး ေမာ္ရင္ညိဳရဲ႕ စပါးက တစ္မွတ္ အကြာနဲ႕ အဆင့္ ၅ ေနရာမွာ ရွိေနတာ ျဖစ္လို႔ ဒီပြဲ အနိုင္ အရွံဳးက အဆင့္ ၄ ေနရာ အေျပာင္းအလဲ အျဖစ္ သက္ေရာက္မႈ ရွိနုိင္ပါတယ္။ အဆင့္ ၁၀ ေနရာက အာဆင္နယ္ဟာ စပါးေနာက္ ၆ မွတ္ အကြာမွာ ရွိေနတာ ျဖစ္လို႔ ဇယားအလယ္ပိုင္းမွာလည္း ျပိဳင္ပြဲေတြ ျပင္းထန္ေနပါတယ္။