ချယ်ဆီး စပါး ပွဲစဉ်အတွက် စကိုင်းစပေါ့ သုံးသပ်ချက်

ချယ်ဆီးအသင်းဟာ ဒီတပတ်မှာ စပါးအသင်းကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။ ဒီပွဲစဉ် အတွက် စကိုင်းစပေါ့မှ ချာလီနစ်ကိုးလပ်စ်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီပွဲက ထိပ်သီး လေးနေရာ ပြိုင်ပွဲအတွက် ပွဲကြီး တစ်ပွဲ ဖြစ်ပါတယ်။ တန်းဆင်းဇုန်မှာလည်း အသည်းအသန် စိတ်ဝင်စားစရာတွေ ဖြစ်ပေါ်နေသလို အဆင့် ၄ အတွင်း ဝင်ဖို့ ပြိုင်ပွဲကလည်း လက်လွှတ်မခံသင့်ပါဘူး။ ချယ်ဆီးအသင်းရဲ့ နာမည်ကျော် အိမ်ကွင်း ပုံစံကောင်းက ဒီတလောမှာတော ပျက်ယွင်းနေတာပါ။ လူငယ်တွေကလည်း နည်းနည်း အံချော်နေပြီး တစ်ရာသီ လုံးကတော့ ဒီလိုပဲ အတက်အကျနဲ့ သွားနေဦးမှာ ဖြစ်တယ်။

စပါးကတော့ လိုက်ပ်ဇစ်နဲ့ ပွဲအပြီးမှာ ကိုယ့်ဘာသာ နှစ်သိမ့် အားပေးနေရလိမ့်မယ်။ ဒါပေမယ့် ၁၅ – ၂၀ မိနစ်လောက် ကောင်းနေပြီးမှာ ဘယ်လို ဖြစ်သွားခဲ့သလဲ။ ဆွန်ယောင်မင်က အခုတော့ ဒဏ်ရာ ရသွားပြီ ဒီတော့ ဘယ်သူ့ကို ဘောလုံး ပေးတာတွေ လုပ်မလဲ။ လူးကပ် မိုရာ ပခုံးပေါ် ဒါတွေက ကျရောက်လာတော့မှာပါ။

အဲရစ်ဆန်ကို သူတို့ ဘာကြောင့် လွမ်းနေသင့်လဲဆိုတာ မြင်ခဲ့ကြပြီ ထင်ပါတယ်။ အဲရစ်ဆန်ကို ရောင်းချခြင်းကနေ ငွေကြေးတွေ ရခဲ့တယ် ဆိုရင်တောင် အခု စပါး ဖြစ်နေတာက ဘယ်လောက်ကွာခြားသွားလဲ တွေ့ကြမှာပါ။

ချယ်ဆီးနဲ့ စပါးအသင်းက တစ်သင်းနဲ့ တစ်သင်း သဘောကျကြတာ မဟုတ်ပါဘူး။ ဒီတခါ လမ်းပတ်နဲ့ မော်ရင်ညို ထိပ်တိုက်တွေ့ပါပြီ။ အဓိက ပြသနာတွေလည်း ဒီပွဲမှာမြင်ရမယ် ကျနော်ထင်ပါတယ်။ ခက်ခဲပြီး တွန်းတွန်းတိုက်တိုက် ကစားကြတာတွေ ရှိမှာပါ။ ဒီနှစ်သင်းက ခန့်မှန်းရ ခက်ပါလိမ့်မယ်။ ကျနော်သာ ဆိုရင်တော့ ချယ်ဆီး တိုက်စစ်မှာ ဘတ်ရှူဝါရီ မဟုတ်ဘဲ ဂျီရူးကို ပွဲထုတ်မှာ ဖြစ်တယ်။ ” လို့ ချာလီက သုံးသပ်ထားပါတယ်။

ချာလီ နစ်ကိုးလပ်စ် ခန့်မှန်း ရလဒ်ကတော့ ချယ်ဆီး ၂-၁ စပါး ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီတပတ္မွာ စပါးအသင္းကို အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ကစားရဖို႔ ရွိေနပါတယ္။ ဒီပြဲစဥ္ အတြက္ စကိုင္းစေပါ့မွ ခ်ာလီနစ္ကိုးလပ္စ္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” ဒီပြဲက ထိပ္သီး ေလးေနရာ ျပိဳင္ပြဲအတြက္ ပြဲၾကီး တစ္ပြဲ ျဖစ္ပါတယ္။ တန္းဆင္းဇုန္မွာလည္း အသည္းအသန္ စိတ္၀င္စားစရာေတြ ျဖစ္ေပၚေနသလို အဆင့္ ၄ အတြင္း ၀င္ဖို႔ ျပိဳင္ပြဲကလည္း လက္လႊတ္မခံသင့္ပါဘူး။ ခ်ယ္ဆီးအသင္းရဲ႕ နာမည္ေက်ာ္ အိမ္ကြင္း ပံုစံေကာင္းက ဒီတေလာမွာေတာ ပ်က္ယြင္းေနတာပါ။ လူငယ္ေတြကလည္း နည္းနည္း အံေခ်ာ္ေနျပီး တစ္ရာသီ လံုးကေတာ့ ဒီလိုပဲ အတက္အက်နဲ႕ သြားေနဦးမွာ ျဖစ္တယ္။

စပါးကေတာ့ လိုက္ပ္ဇစ္နဲ႕ ပြဲအျပီးမွာ ကိုယ့္ဘာသာ နွစ္သိမ့္ အားေပးေနရလိမ့္မယ္။ ဒါေပမယ့္ ၁၅ – ၂၀ မိနစ္ေလာက္ ေကာင္းေနျပီးမွာ ဘယ္လို ျဖစ္သြားခဲ့သလဲ။ ဆြန္ေယာင္မင္က အခုေတာ့ ဒဏ္ရာ ရသြားျပီ ဒီေတာ့ ဘယ္သူ႔ကို ေဘာလံုး ေပးတာေတြ လုပ္မလဲ။ လူးကပ္ မိုရာ ပခံုးေပၚ ဒါေတြက က်ေရာက္လာေတာ့မွာပါ။

အဲရစ္ဆန္ကို သူတို႔ ဘာေၾကာင့္ လြမ္းေနသင့္လဲဆိုတာ ျမင္ခဲ့ၾကျပီ ထင္ပါတယ္။ အဲရစ္ဆန္ကို ေရာင္းခ်ျခင္းကေန ေငြေၾကးေတြ ရခဲ့တယ္ ဆိုရင္ေတာင္ အခု စပါး ျဖစ္ေနတာက ဘယ္ေလာက္ကြာျခားသြားလဲ ေတြ႔ၾကမွာပါ။

ခ်ယ္ဆီးနဲ႕ စပါးအသင္းက တစ္သင္းနဲ႕ တစ္သင္း သေဘာက်ၾကတာ မဟုတ္ပါဘူး။ ဒီတခါ လမ္းပတ္နဲ႕ ေမာ္ရင္ညိဳ ထိပ္တိုက္ေတြ႔ပါျပီ။ အဓိက ျပသနာေတြလည္း ဒီပြဲမွာျမင္ရမယ္ က်ေနာ္ထင္ပါတယ္။ ခက္ခဲျပီး တြန္းတြန္းတိုက္တိုက္ ကစားၾကတာေတြ ရွိမွာပါ။ ဒီနွစ္သင္းက ခန္႔မွန္းရ ခက္ပါလိမ့္မယ္။ က်ေနာ္သာ ဆိုရင္ေတာ့ ခ်ယ္ဆီး တိုက္စစ္မွာ ဘတ္ရွဴ၀ါရီ မဟုတ္ဘဲ ဂ်ီရူးကို ပြဲထုတ္မွာ ျဖစ္တယ္။ ” လို႔ ခ်ာလီက သံုးသပ္ထားပါတယ္။

ခ်ာလီ နစ္ကိုးလပ္စ္ ခန္႔မွန္း ရလဒ္ကေတာ့ ခ်ယ္ဆီး ၂-၁ စပါး ျဖစ္ပါတယ္။