အီမာဆန်ကို စီးရီးအေထိပ်သီးအသင်းတွေ ကမ်းလှမ်းမယ်လို့ အေဂျင့်ဖြစ်သူ သတင်းပေး

ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းပြောင်းမယ်လို့ သတင်းကြီးထားတဲ့ အသက် ၂၅ နှစ်အရွယ် အစွန်လူ အီမာဆန်ဟာ နွေမှာတော့ ကလပ်အသင်းသစ်ထံ ကူးပြောင်းနိုင်တယ်လို့ အေးဂျင့်ဖြစ်သူက ဆိုပါတယ်။

ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့က အီတလီသား အစွန်လူကို စိတ်ဝင်စားနေကြောင်း ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ လူးဝစ် ဖာနန်ဒို ဂါစီယာက ဆိုခဲ့ပေမယ့် ဒီလတွေမှာ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်မှာ မဟုတ်ပဲ နွေမှပဲ ခေါ်ယူမှုတွေ ပြုလုပ်လာလိမ့်မယ်လို့ ပြောပါတယ်။

လူးဝစ် ဖာနန်ဒို ဂါစီယာက ပြောရာမှာ ” အီမာဆန်အတွက် ဂျူဗင်တပ်က အရမ်းကို စိတ်ဝင်စားနေတယ်ဆိုတာ ကျနေ်ာတို့ ကောင်းကောင်း သိပါတယ်။ ဒါပေမယ့် အင်တာမီလန်ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ အခုချိန်ထိတော့ ချယ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ဆိုင်ရာ စကားပြောနေမှုနဲ့ အခြားသော တရားဝင် ကမ်းလှမ်းမှုတွေကို လုပ်ရသေးခြင်း မရှိပါဘူး။

ကလပ် နှစ်သင်းလုံးက မေလ မတိုင်ခင်ထိတော့ တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဦးမှာ မဟုတ်ပါဘူး။ နွေမှာပဲ ကျနေ်ာတို့တွေက ဘာတွေကို ဆက်လုပ်မယ်ဆိုတာကို စဉ်းစား ဆုံးဖြတ်သွားမှာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အီမာဆန်က ဒီရာသီမှာ ဘယ်အစွန်နေရာအတွက် အဓိက ကစားသမားအဖြစ် ပွဲထွက်ရပေမယ့် နောက်ပိုင်းမှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတာပါ။ မန်နေဂျာလမ်းပတ်က ဘယ်အစွန်အတွက် ကွီတာနဲ့ ညာအစွန်အတွက် ရိစ်ဂျိမ်းတို့ကိုပဲ ဦးစားပေးတွေအဖြစ် အသုံးပြုဖို့ကို ဆန္ဒရှိနေတာဖြစ်တယ်။

အနာဂတ်မှာတော့ ဘယ်အစွန်အတွက် ရေရှည် အစားထိုးမှုတစ်ခုကို ပြုလုပ်သွားဖို့ လမ်းပတ်က ရည်ရွယ်ထားပါသေးတယ်။ လက်စတာ အစွန်လူ ဘမ်ချီဝဲလ်ကို ခေါ်ယူလိုပြီး နွေမှာ အလွန်ဆိုနဲ့ အီမာဆန်ကို ရောင်းထုတ်ကာ ဘမ်ချီဝဲလ်အတွက် အသုံးစရိတ် ရှာဖွေဖို့လည်း စီစဉ်ထားတယ်လို့ သတင်းထွက်ထားတာ ဖြစ်ပါတယ်။

ZAWGYI

ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ အသင္းေျပာင္းမယ္လို႔ သတင္းၾကီးထားတဲ့ အသက္ ၂၅ ႏွစ္အရြယ္ အစြန္လူ အီမာဆန္ဟာ ေႏြမွာေတာ့ ကလပ္အသင္းသစ္ထံ ကူးေျပာင္းႏုိင္တယ္လို႔ ေအးဂ်င့္ျဖစ္သူက ဆိုပါတယ္။

ဂ်ဴဗင္တပ္နဲ႔ အင္တာမီလန္တို႔က အီတလီသား အစြန္လူကို စိတ္ဝင္စားေနေၾကာင္း ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူ လူးဝစ္ ဖာနန္ဒို ဂါစီယာက ဆိုခဲ့ေပမယ့္ ဒီလေတြမွာ တရားဝင္ ကမ္းလွမ္းမႈေတြ ျပဳလုပ္မွာ မဟုတ္ပဲ ေႏြမွပဲ ေခၚယူမႈေတြ ျပဳလုပ္လာလိမ့္မယ္လို႔ ေျပာပါတယ္။

လူးဝစ္ ဖာနန္ဒို ဂါစီယာက ေျပာရာမွာ ” အီမာဆန္အတြက္ ဂ်ဴဗင္တပ္က အရမ္းကို စိတ္ဝင္စားေနတယ္ဆိုတာ က်ေန္ာတို႔ ေကာင္းေကာင္း သိပါတယ္။ ဒါေပမယ့္ အင္တာမီလန္ကလည္း သူ႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာ ျဖစ္ပါတယ္။ အခုခ်ိန္ထိေတာ့ ခ်ယ္ဆီးအသင္းနဲ႔ အေျပာင္းအေရႊ႔ဆိုင္ရာ စကားေျပာေနမႈနဲ႔ အျခားေသာ တရားဝင္ ကမ္းလွမ္းမႈေတြကို လုပ္ရေသးျခင္း မရွိပါဘူး။

ကလပ္ ႏွစ္သင္းလံုးက ေမလ မတိုင္ခင္ထိေတာ့ တရားဝင္ ကမ္းလွမ္းမႈေတြ လုပ္ဦးမွာ မဟုတ္ပါဘူး။ ေႏြမွာပဲ က်ေန္ာတုိ႔ေတြက ဘာေတြကို ဆက္လုပ္မယ္ဆိုတာကို စဥ္းစား ဆံုးျဖတ္သြားမွာပါ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

အီမာဆန္က ဒီရာသီမွာ ဘယ္အစြန္ေနရာအတြက္ အဓိက ကစားသမားအျဖစ္ ပြဲထြက္ရေပမယ့္ ေနာက္ပိုင္းမွာ ပံုမွန္ ပြဲထြက္ခြင့္ ေပ်ာက္ဆံုးေနတာပါ။ မန္ေနဂ်ာလမ္းပတ္က ဘယ္အစြန္အတြက္ ကီြတာနဲ႔ ညာအစြန္အတြက္ ရိစ္ဂ်ိမ္းတို႔ကိုပဲ ဦးစားေပးေတြအျဖစ္ အသံုးျပဳဖို႔ကို ဆႏၵရွိေနတာျဖစ္တယ္။

အနာဂတ္မွာေတာ့ ဘယ္အစြန္အတြက္ ေရရွည္ အစားထိုးမႈတစ္ခုကို ျပဳလုပ္သြားဖို႔ လမ္းပတ္က ရည္ရြယ္ထားပါေသးတယ္။ လက္စတာ အစြန္လူ ဘမ္ခ်ီဝဲလ္ကို ေခၚယူလိုျပီး ေႏြမွာ အလြန္ဆိုနဲ႔ အီမာဆန္ကို ေရာင္းထုတ္ကာ ဘမ္ခ်ီဝဲလ္အတြက္ အသံုးစရိတ္ ရွာေဖြဖို႔လည္း စီစဥ္ထားတယ္လုိ႔ သတင္းထြက္ထားတာ ျဖစ္ပါတယ္။