ချယ်ဆီးမှာ ဇီယက် ဘာလို့ အောင်မြင်နိုင်သလဲဆိုတာကို ရှင်းပြသွားတဲ့ အသင်းဖော် တာဒစ်

ချယ်ဆီးအသင်းက ယူရို ၄၄ သန်းနဲ့ ခေါ်ယူထားတဲ့ တောင်ပံသမား ဇီယက်ဟာ ပရီးမီးယားလိဂ်မှာ အောင်မြင်ပါလိမ့်မယ်လို့ အေဂျက်အသင်းဖော် တာဒစ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဆောက်သမ်တန် ကစားသမားအဖြစ် ပရီးမီးယားလိဂ်မှာ လေးရာသီ ကျင်လယ်ခဲ့တဲ့ တာဒစ်ဟာ လိဂ်ပွဲ ၁၃၄ ပွဲမှာ သွင်းဂိုး ၂၀ သွင်းယူနိုင်ခဲ့သူပါ။ သူက အင်္ဂလန်လိဂ်အကြောင်း ကောင်းကောင်းကြီး သိတာကြောင့် ဇီယက်ဟာ အင်္ဂလန်မှာ အောင်မြင်လိမ့်မယ်လို့ သုံးသပ်လိုက်တာဖြစ်တယ်။

တာဒစ်က ပြောရာမှာ ” ကျနော်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံအရ ပရီးမီးယားလိဂ်က ခက်ခဲတဲ့ ပြိုင်ပွဲဆိုတာကို သိထားပါတယ်။ ဒါပေမယ့် ဇီယက် အဲ့မှာ အောင်မြင်မယ်လို့ ကျနော် မျှော်လင့်ထားတယ်။ ဘာလို့လည်းဆိုတော့ သူက ထိပ်တန်း ကစားသမားတစ်ယောက် ဖြစ်နေလို့ပါပဲ။

ချယ်ဆီးကလည်း တိုက်စစ်ကို အသားပေးတဲ့ အသင်းတစ်သင်းဖြစ်လို့ သူနဲ့ ကိုက်ညီမယ့် ကလပ်အသင်းအဖြစ် မြင်ပါတယ်။ ဇီယက်က သူ့ရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့ ဝင်ရောက်သွားမှာပါ။ သူ့ကို ကောင်းမွန်တဲ့ ဂုဏ်ပြုနုတ်ဆက်မှုဖြစ်ဖို့ အသင်းက ဆုသုံးခုလောက် အနိုင်ရဖို့လည်း မျှော်လင့်ထားပါတယ် ” လို့ နယ်သာလန် သတင်းဌာနကို ဆိုခဲ့တာဖြစ်တယ်။

အေဂျက်အတွက် အထူးစွမ်းဆောင်ရည်ကောင်းတွေ ပြသထားတဲ့ ဇီယက်ဟာ ၂၀၁၆ ခုနှစ်မှာ တွမ်တိကနေ ယူရို ၁၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပွဲပေါင်း ၁၆၀ မှာ ကိုယ်တိုင် ၄၈ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၈၂ ကြိမ် ပြုလုပ်နိုင်ခဲ့သူဖြစ်တယ်။

မနှစ်တုန်းက အေဂျက်မှာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို အနိုင်ရခဲ့တဲ့ ဇီယက်ဟာ ချယ်ဆီးအသင်း လိုအပ်နေတဲ့ ဖန်တီးမှုတွေကို ဖြည့်စွမ်းပေးမယ့်သူလို့ ပရိသတ်တွေဘက်က ယုံကြည်ထားခြင်း ခံနေရသူဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းက ယူရို ၄၄ သန္းနဲ႔ ေခၚယူထားတဲ့ ေတာင္ပံသမား ဇီယက္ဟာ ပရီးမီးယားလိဂ္မွာ ေအာင္ျမင္ပါလိမ့္မယ္လို႔ ေအဂ်က္အသင္းေဖာ္ တာဒစ္က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ေဆာက္သမ္တန္ ကစားသမားအျဖစ္ ပရီးမီးယားလိဂ္မွာ ေလးရာသီ က်င္လယ္ခဲ့တဲ့ တာဒစ္ဟာ လိဂ္ပြဲ ၁၃၄ ပြဲမွာ သြင္းဂိုး ၂၀ သြင္းယူႏုိင္ခဲ့သူပါ။ သူက အဂၤလန္လိဂ္အေၾကာင္း ေကာင္းေကာင္းၾကီး သိတာေၾကာင့္ ဇီယက္ဟာ အဂၤလန္မွာ ေအာင္ျမင္လိမ့္မယ္လို႔ သံုးသပ္လိုက္တာျဖစ္တယ္။

တာဒစ္က ေျပာရာမွာ ” က်ေနာ္ရဲ႕ ကိုယ္ပိုင္ အေတြ႔အၾကံဳအရ ပရီးမီးယားလိဂ္က ခက္ခဲတဲ့ ျပိဳင္ပြဲဆိုတာကို သိထားပါတယ္။ ဒါေပမယ့္ ဇီယက္ အဲ့မွာ ေအာင္ျမင္မယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ထားတယ္။ ဘာလို႔လည္းဆိုေတာ့ သူက ထိပ္တန္း ကစားသမားတစ္ေယာက္ ျဖစ္ေနလို႔ပါပဲ။

ခ်ယ္ဆီးကလည္း တိုက္စစ္ကို အသားေပးတဲ့ အသင္းတစ္သင္းျဖစ္လို႔ သူနဲ႔ ကိုက္ညီမယ့္ ကလပ္အသင္းအျဖစ္ ျမင္ပါတယ္။ ဇီယက္က သူ႔ရဲ႕ ကိုယ္ပိုင္ အရည္အခ်င္းနဲ႔ ဝင္ေရာက္သြားမွာပါ။ သူ႔ကို ေကာင္းမြန္တဲ့ ဂုဏ္ျပဳႏုတ္ဆက္မႈျဖစ္ဖို႔ အသင္းက ဆုသံုးခုေလာက္ အႏုိင္ရဖို႔လည္း ေမွ်ာ္လင့္ထားပါတယ္ ” လို႔ နယ္သာလန္ သတင္းဌာနကို ဆိုခဲ့တာျဖစ္တယ္။

ေအဂ်က္အတြက္ အထူးစြမ္းေဆာင္ရည္ေကာင္းေတြ ျပသထားတဲ့ ဇီယက္ဟာ ၂၀၁၆ ခုႏွစ္မွာ တြမ္တိကေန ယူရို ၁၁ သန္းနဲ႔ ေျပာင္းေရႊ႔ခဲ့သူျဖစ္ျပီး ပြဲေပါင္း ၁၆၀ မွာ ကိုယ္တုိင္ ၄၈ ဂိုး သြင္းယူျပီး ဂိုးေထာက္ပံ့မႈ ၈၂ ၾကိမ္ ျပဳလုပ္ႏုိင္ခဲ့သူျဖစ္တယ္။

မႏွစ္တုန္းက ေအဂ်က္မွာ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုကို အႏုိင္ရခဲ့တဲ့ ဇီယက္ဟာ ခ်ယ္ဆီးအသင္း လိုအပ္ေနတဲ့ ဖန္တီးမႈေတြကို ျဖည့္စြမ္းေပးမယ့္သူလို႔ ပရိသတ္ေတြဘက္က ယံုၾကည္ထားျခင္း ခံေနရသူျဖစ္ပါတယ္။