ချယ်ဆီး စပါး လန်ဒန်ဒါဘီပွဲ အတွက် မိုက်ကယ်အိုဝင် ခန့်မှန်းသုံးသပ်ချက်

ချယ်ဆီး အသင်းဟာ ဒီတပတ်မှာတော့ နောက်ထပ် ခက်ခဲတဲ့ စိန်ခေါ်မှု အဖြစ် အဆင့် ၅ နေရာ၊ တစ်မှတ်အကွာမှာ ရှိနေတဲ့ စပါးအသင်းကို ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ အပတ်က ယူနိုက်တက်ကို ရှုံးလိုက်တာကြောင့် ချယ်ဆီးရဲ့ အဆင့် ၄ နေရာ အတွက် အမှားခံလို့ မရတော့တဲ့ အနေအထားကို ပိုမို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ စပါးအသင်းတို့ဟာ လာမယ့် စနေနေ့ ညနေ မြန်မာစံတော်ချိန် ၇ နာရီ စတန်းဖို့ဘရစ်ချ် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ စပါးအသင်းဘက်မှာ ကိန်း မပါတဲ့ အပြင် အားထားရတဲ့ တိုက်စစ်မှူး ဆွန်ယောင်မင် ကာလရှည် ဒဏ်ရာ ရသွားတာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဒီပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီပွဲမှာ အရင်တည်းက ဒဏ်ရာ ရထားတဲ့ ကိန်းအပြင် ဆွန်ယောင်မင်ကပါ ထပ် ထိသွားတာကြောင့် အားထားရတဲ့ စပါးတိုက်စစ်မှူး နှစ်ဦးလုံး ပါနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ပွဲ ရလိုက်ရင် စပါးတို့ လန်ဒန်မြို့ခံ ပြိုင်ဘက် ချယ်ဆီးကို ကျော်ကာ အဆင့် ၄ နေရာ သိမ်းပိုက်သွားဖို့ အခွင့်အရေး ရှိနေပါတယ်။ အိမ်ရှင်တွေကတော့ တနင်္လာနေ့က ပွဲစဉ်မှာ ယူနိုက်တက်ကို အရေးနိမ့်ထားပါတယ်။

ယူနိုက်တက်နဲ့ ပွဲမှာ ဖရန့်လမ်းပတ်ရဲ့ အသင်းက ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကိုလည်း မရခဲ့ပါဘူး။ ဒါပေမယ့် ပိုကောင်းတဲ့အသင်းက အနိုင်ရသွားတာတော့ အမှန်ပါ။ စပါးကို အိမ်ကွင်းမှာ ဧည့်ခံရတဲ့ ပွဲပြီးရင် ချယ်ဆီးက အင်္ဂါနေ့မှာ ချန်ပီယံလိဂ် ပွဲ အဖြစ် ဘိုင်ယန်မြူးနစ်ကို ဆက်လက် ဧည့်ခံ ကစားရဦးမှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဒီရာသီ ကိုယ့်ပရိသတ်တွေ ရှေ့ အိမ်ကွင်းမှာတင် ရှုံးပွဲ ၇ ပွဲထိ ရှိထားပြီ ဖြစ်တဲ့အပြင် ဒီကာလဟာ အသင်းရဲ့ ဘောလုံးရာသီ အောင်မြင်မှုကို အဆုံးအဖြတ်ပေးမယ့် အရေးကြီးကာလလည်း ဖြစ်နေပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်း ရလဒ်ကတော့ ချယ်ဆီး အနိုင်ပါ။

Zawgyi – ခ်ယ္ဆီး အသင္းဟာ ဒီတပတ္မွာေတာ့ ေနာက္ထပ္ ခက္ခဲတဲ့ စိန္ေခၚမႈ အျဖစ္ အဆင့္ ၅ ေနရာ၊ တစ္မွတ္အကြာမွာ ရွိေနတဲ့ စပါးအသင္းကို ဧည့္ခံ ကစားရဖို႔ ရွိ္ေနပါတယ္။ ျပီးခဲ့တဲ့ အပတ္က ယူနုိက္တက္ကို ရွံဳးလိုက္တာေၾကာင့္ ခ်ယ္ဆီးရဲ႕ အဆင့္ ၄ ေနရာ အတြက္ အမွားခံလို႔ မရေတာ့တဲ့ အေနအထားကို ပိုမို ေရာက္ရွိေနျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီးနဲ႕ စပါးအသင္းတို႔ဟာ လာမယ့္ စေနေန႔ ညေန ျမန္မာစံေတာ္ခ်ိန္ ၇ နာရီ စတန္းဖို႔ဘရစ္ခ်္ ကြင္းမွာ ယွဥ္ျပိဳင္ ကစားၾကမွာ ျဖစ္ပါတယ္။ စပါးအသင္းဘက္မွာ ကိန္း မပါတဲ့ အျပင္ အားထားရတဲ့ တိုက္စစ္မွဴး ဆြန္ေယာင္မင္ ကာလရွည္ ဒဏ္ရာ ရသြားတာေၾကာင့္ ပါ၀င္နုိင္မွာ မဟုတ္ပါဘူး။

ဒီပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” ဒီပြဲမွာ အရင္တည္းက ဒဏ္ရာ ရထားတဲ့ ကိန္းအျပင္ ဆြန္ေယာင္မင္ကပါ ထပ္ ထိသြားတာေၾကာင့္ အားထားရတဲ့ စပါးတိုက္စစ္မွဴး နွစ္ဦးလံုး ပါနိုင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ နုိင္ပြဲ ရလိုက္ရင္ စပါးတို႔ လန္ဒန္ျမိဳ႕ခံ ျပိဳင္ဘက္ ခ်ယ္ဆီးကို ေက်ာ္ကာ အဆင့္ ၄ ေနရာ သိမ္းပိုက္သြားဖို႔ အခြင့္အေရး ရွိေနပါတယ္။ အိမ္ရွင္ေတြကေတာ့ တနလၤာေန႕က ပြဲစဥ္မွာ ယူနုိက္တက္ကို အေရးနိမ့္ထားပါတယ္။

ယူနိုက္တက္နဲ႕ ပြဲမွာ ဖရန္႔လမ္းပတ္ရဲ႕ အသင္းက ကံၾကမၼာရဲ႕ မ်က္နွာသာေပးမႈကိုလည္း မရခဲ့ပါဘူး။ ဒါေပမယ့္ ပိုေကာင္းတဲ့အသင္းက အနုိင္ရသြားတာေတာ့ အမွန္ပါ။ စပါးကို အိမ္ကြင္းမွာ ဧည့္ခံရတဲ့ ပြဲျပီးရင္ ခ်ယ္ဆီးက အဂၤါေန႔မွာ ခ်န္ပီယံလိဂ္ ပြဲ အျဖစ္ ဘိုင္ယန္ျမဴးနစ္ကို ဆက္လက္ ဧည့္ခံ ကစားရဦးမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဒီရာသီ ကိုယ့္ပရိသတ္ေတြ ေရွ႕ အိမ္ကြင္းမွာတင္ ရွံဳးပြဲ ၇ ပြဲထိ ရွိထားျပီ ျဖစ္တဲ႔အျပင္ ဒီကာလဟာ အသင္းရဲ႕ ေဘာလံုးရာသီ ေအာင္ျမင္မႈကို အဆံုးအျဖတ္ေပးမယ့္ အေရးၾကီးကာလလည္း ျဖစ္ေနပါတယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္း ရလဒ္ကေတာ့ ခ်ယ္ဆီး အနိုင္ပါ။