ဂိုးသမား ပစ်မှတ်သစ်၊ အလွန်ဆို အတွက် လက်မလျှော့တဲ့ အင်တာနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တေဟာ ဂရိတ် တူး အဆင့် ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပြီး ပျောက်ကင်းဖို့ သီတင်းပတ် ၃ ပတ်လောက် ကြာမြင့်မယ်လို့ ပြင်သစ်သတင်းဌာနက သုံးသပ်ထားပါတယ်။ ၃ ပတ် ကြာမြင့်ရင် ကန်တေ အနေနဲ့ စပါး၊ ဘိုင်ယန်၊ လီဗာပူးတို့နဲ့ ပွဲတွေ အားလုံး လွဲချော်ဖို့ ရှိနေပါတယ်။

အင်တာမီလန် နည်းပြ ကွန်တီက ချယ်ဆီးအသင်းမှ တပည့်ဟောင်း အစွန်ခံစစ်မှူး မားကို့စ် အလွန်ဆိုကို ခေါ်ယူဖို့ လက်မလျှော့သေးဘဲ လာမယ့်နွေမှာ လှုပ်ရှားရန် ပြင်ဆင်နေပါတယ်။ ချယ်ဆီးက အလွန်ဆို အတွက် ယူရို သန်း ၃၀ တောင်းဆိုထားပြီး အင်တာ မျှော်မှန်းတာထက် မြင့်မားနေပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်အဖြစ် ယှဉ်ပြိုင်ကစားတဲ့ စပါးနဲ့ပွဲကို အနိုင်ရမှုအတွက် လိုက်ပ်ဇစ် အသင်း မန်နေဂျာ နေလ်ဂဲလ်စမန်းက ချယ်ဆီး လူငယ်ကြယ်ပွင့်လေး အမ်ပါဒူးရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးစကား ပြောဆိုလိုက်ပါတယ်။

လိုက်ပ်ဇစ်မှာ အငှား သွားရောက် ကစားနေတဲ့ ချယ်ဆီး ကွင်းလယ်ခံစစ် လူငယ်လေး အမ်ဘဒူက ချယ်ဆီးအသင်း သတင်းတွေကို အမြဲ စောင့်ကြည့်နေကြောင်းနဲ့ ရာသီကုန်ရင် အသင်းထံ ပြန်လာဖို့ စိတ်အားထက်သန်နေကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ချယ်ဆီး ဘုတ်အဖွဲ့ဟာ ကီပါနဲ့ ဂျီရူး အပေါ် နည်းပြ လမ်းပတ်ရဲ့ စီမံခန့်ခွဲမှုတွေ အပေါ် မနှစ်သက် ဖြစ်နေပြီး မေးခွန်းထုတ်မှုတွေ ရှိလာနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။

ကီပါ နေရာ အစားထိုးဖို့ ဂိုးသမား ရှာဖွေနေဆဲ ဖြစ်တဲ့ ချယ်ဆီးအသင်းဟာ စီးရီးအေကလပ် အူဒီးနိစ်အသင်းမှ အာဂျင်တီးနားသား ဂိုးသမား ဂျူအမ် မူဆိုကို စောင့်ကြည့်နေပါတယ်။

Zawgyi – ခ်ယ္ဆီး ကြင္းလယ္ကစားသမား ကန္ေတဟာ ဂရိတ္ တူး အဆင့္ ဒဏ္ရာ ရသြားခဲ့တာ ျဖစ္ျပီး ေပ်ာက္ကင္းဖို႔ သီတင္းပတ္ ၃ ပတ္ေလာက္ ၾကာျမင့္မယ္လို႔ ျပင္သစ္သတင္းဌာနက သံုးသပ္ထားပါတယ္။ ၃ ပတ္ ၾကာျမင့္ရင္ ကန္ေတ အေနနဲ႕ စပါး၊ ဘိုင္ယန္၊ လီဗာပူးတို႔နဲ႕ ပြဲေတြ အားလံုး လြဲေခ်ာ္ဖို႔ ရွိေနပါတယ္။

အင္တာမီလန္ နည္းျပ ကြန္တီက ခ်ယ္ဆီးအသင္းမွ တပည့္ေဟာင္း အစြန္ခံစစ္မွဴး မားကို႔စ္ အလြန္ဆိုကို ေခၚယူဖို႔ လက္မေလွ်ာ့ေသးဘဲ လာမယ့္ေႏြမွာ လႈပ္ရွားရန္ ျပင္ဆင္ေနပါတယ္။ ခ်ယ္ဆီးက အလြန္ဆို အတြက္ ယူရို သန္း ၃၀ ေတာင္းဆိုထားျပီး အင္တာ ေမွ်ာ္မွန္းတာထက္ ျမင့္မားေနပါတယ္။

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္အျဖစ္ ယွဥ္ျပိဳင္ကစားတဲ့ စပါးနဲ႔ပြဲကို အႏုိင္ရမႈအတြက္ လိုက္ပ္ဇစ္ အသင္း မန္ေနဂ်ာ ေနလ္ဂဲလ္စမန္းက ခ်ယ္ဆီး လူငယ္ၾကယ္ပြင့္ေလး အမ္ပါဒူးရဲ႕ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးစကား ေျပာဆိုလိုက္ပါတယ္။

လိုက္ပ္ဇစ္မွာ အငွား သြားေရာက္ ကစားေနတဲ့ ခ်ယ္ဆီး ကြင္းလယ္ခံစစ္ လူငယ္ေလး အမ္ဘဒူက ခ်ယ္ဆီးအသင္း သတင္းေတြကို အျမဲ ေစာင့္ၾကည့္ေနေၾကာင္းနဲ႕ ရာသီကုန္ရင္ အသင္းထံ ျပန္လာဖို႔ စိတ္အားထက္သန္ေနေၾကာင္း ဖြင့္ဟ ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီး ဘုတ္အဖြဲ႕ဟာ ကီပါနဲ႕ ဂ်ီရူး အေပၚ နည္းျပ လမ္းပတ္ရဲ႕ စီမံခန္႔ခြဲမႈေတြ အေပၚ မနွစ္သက္ ျဖစ္ေနျပီး ေမးခြန္းထုတ္မႈေတြ ရွိလာေနေၾကာင္း သတင္းထြက္ေပၚေနပါတယ္။

ကီပါ ေနရာ အစားထိုးဖို႔ ဂိုးသမား ရွာေဖြေနဆဲ ျဖစ္တဲ့ ခ်ယ္ဆီးအသင္းဟာ စီးရီးေအကလပ္ အူဒီးနိစ္အသင္းမွ အာဂ်င္တီးနားသား ဂိုးသမား ဂ်ဴအမ္ မူဆိုကို ေစာင့္ၾကည့္ေနပါတယ္။