ဒဏ်ရာတွေနဲ့ စပါးကို ချယ်ဆီးတို့ ဂိုးပြတ် အနိုင် ဆိုတဲ့ လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်

ချယ်ဆီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ လန်ဒန်မြို့ခံ ပြိုင်ဘက် စပါးအသင်းကို အိမ်ကွင်း စတန်းဖို့ ဘရစ်ချ်မှာ ဧည့်ခံ ကစားရတော့မှာ ဖြစ်ပါတယ်။ နည်းပြ လမ်းပတ် အနေနဲ့လည်း ဆရာဟောင်း မော်ရင်ညိုကို ပြိုင်ဘက် အဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ယူနိုက်တက်ကို ရှုံးလိုက်တာကြောင့် ချယ်ဆီးအသင်း အနေနဲ့ အဆင့် ၄ နေရာမှာ စပါးနဲ့ တစ်မှတ်သာ အသာရကာ ရပ်တည်နေခြင်း ဖြစ်ပြီး ဒီပွဲကို အနိုင်ယူကာ အမှတ်ထပ်ဖြတ်ဖို့ လိုနေပါတယ်။ ဒါ့အပြင် စပါးဘက်မှာ တိုက်စစ်မှူး ကိန်းရော ဆွန်ယောင်မင် ပါ မပါဝင်နိုင်တာက ချယ်ဆီးအတွက် အားသာချက် ရထားပါတယ်။

ချယ်ဆီးနဲ့ စပါးပွဲစဉ်အတွက် ဘီဘီစီမှ နာမည်ကျော် သုံးသပ်သူ လော်ရိုးက အခုလိုပဲ သုံးသပ် ခန့်မှန်းထားပါတယ်။

” ကျနော်က ဒီပွဲမှာ ချယ်ဆီးနဲ့ အတူ ရှိမှာပါ။ ခရစ္စမတ် မတိုင်ခင်က စပါးကို နိုင်လိုက်တာက လမ်းပတ်ရဲ့ ချယ်ဆီးနည်းပြ ဘ၀ အကောင်းဆုံး နိုင်ပွဲတွေထဲ ပါဝင်ပါတယ်။ အခုလည်း ဒုတိယအကြိမ် သူတို့ ထပ်လုပ်ပြပြီး ဂျို့စ် မော်ရင်ညို ဆီကနေ စနေနေ့မှာ သုံးမှတ် ယူသွားဦးမယ် ထင်တယ်။

မော်ရင်ညို စတန်းဖို့ဘရစ်ချ် ပြန်လာတိုင်းက စိတ်ဝင်စားစရာ ဖြစ်ရတာချည်းပဲ။ ဒါပေမယ့် သူတို့အတွက် ပျော်စရာ အပြန်လမ်း ဖြစ်မယ်တော့ ကျနော် မထင်ပါဘူး။

ဒဏ်ရာ ပြသနာတွေကြောင့် စပါး တိုက်စစ်မှာ မော်ရင်ညို အတွက် ရွေးချယ်စရာလည်း သိပ် မရှိတော့ပါဘူး။ သူတို့က ချယ်ဆီးကို ဒုက္ခ သိပ်ပေးနိုင်ဖို့ကို မမြင်တာပါ။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၂-၀ စပါး ဖြစ်ပါတယ်။ ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ညနေ ၇ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီတပတ္ ပရီးမီးယားလိဂ္မွာေတာ့ လန္ဒန္ျမိဳ႔ခံ ျပိဳင္ဘက္ စပါးအသင္းကို အိမ္ကြင္း စတန္းဖို႔ ဘရစ္ခ်္မွာ ဧည့္ခံ ကစားရေတာ့မွာ ျဖစ္ပါတယ္။ နည္းျပ လမ္းပတ္ အေနနဲ႕လည္း ဆရာေဟာင္း ေမာ္ရင္ညိဳကို ျပိဳင္ဘက္ အျဖစ္ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့အပတ္က ယူနိုက္တက္ကို ရွံဳးလိုက္တာေၾကာင့္ ခ်ယ္ဆီးအသင္း အေနနဲ႕ အဆင့္ ၄ ေနရာမွာ စပါးနဲ႕ တစ္မွတ္သာ အသာရကာ ရပ္တည္ေနျခင္း ျဖစ္ျပီး ဒီပြဲကို အနုိင္ယူကာ အမွတ္ထပ္ျဖတ္ဖို႔ လိုေနပါတယ္။ ဒါ့အျပင္ စပါးဘက္မွာ တိုက္စစ္မွဴး ကိန္းေရာ ဆြန္ေယာင္မင္ ပါ မပါ၀င္နုိင္တာက ခ်ယ္ဆီးအတြက္ အားသာခ်က္ ရထားပါတယ္။

ခ်ယ္ဆီးနဲ႕ စပါးပြဲစဥ္အတြက္ ဘီဘီစီမွ နာမည္ေက်ာ္ သံုးသပ္သူ ေလာ္ရိုးက အခုလိုပဲ သံုးသပ္ ခန္႔မွန္းထားပါတယ္။

” က်ေနာ္က ဒီပြဲမွာ ခ်ယ္ဆီးနဲ႕ အတူ ရွိမွာပါ။ ခရစၥမတ္ မတိုင္ခင္က စပါးကို နုိင္လိုက္တာက လမ္းပတ္ရဲ႕ ခ်ယ္ဆီးနည္းျပ ဘ၀ အေကာင္းဆံုး နုိင္ပြဲေတြထဲ ပါ၀င္ပါတယ္။ အခုလည္း ဒုတိယအၾကိမ္ သူတို႔ ထပ္လုပ္ျပျပီး ဂ်ိဳ႔စ္ ေမာ္ရင္ညိဳ ဆီကေန စေနေန႔မွာ သံုးမွတ္ ယူသြားဦးမယ္ ထင္တယ္။

ေမာ္ရင္ညိဳ စတန္းဖို႔ဘရစ္ခ်္ ျပန္လာတိုင္းက စိတ္၀င္စားစရာ ျဖစ္ရတာခ်ည္းပဲ။ ဒါေပမယ့္ သူတို႔အတြက္ ေပ်ာ္စရာ အျပန္လမ္း ျဖစ္မယ္ေတာ့ က်ေနာ္ မထင္ပါဘူး။

ဒဏ္ရာ ျပသနာေတြေၾကာင့္ စပါး တိုက္စစ္မွာ ေမာ္ရင္ညိဳ အတြက္ ေရြးခ်ယ္စရာလည္း သိပ္ မရွိေတာ့ပါဘူး။ သူတို႔က ခ်ယ္ဆီးကို ဒုကၡ သိပ္ေပးနုိင္ဖို႔ကို မျမင္တာပါ။ ” လို႔ ေလာ္ရုိးက သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ ခ်ယ္ဆီး ၂-၀ စပါး ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ မနက္ျဖန္ စေနေန႔ ျမန္မာစံေတာ္ခ်ိန္ ညေန ၇ နာရီမွာ ယွဥ္ျပိဳင္ၾကမွာပါ။