ကီပါနဲ့ ဂျီရူး ကိစ္စ ကိုင်တွယ်ပုံများအပေါ် မေးခွန်းထုတ်ခံလာရတဲ့ လမ်းပတ်

ချယ်ဆီးရဲ့ ယူနိုက်တက်ကို အိမ်ကွင်းမှာ ရှုံးလိုက်တဲ့ ပွဲ အပြီးမှာ နည်းပြ လမ်းပတ်ရဲ့ ကိုင်တွယ်မှုအပေါ် မေးခွန်းထုတ်မှုတွေ ရှိလာပြီး အထူးသဖြင့် ချယ်ဆီး ဘုတ်အဖွဲ့က ဂိုးသမား ကီပါနဲ့ ဂျီရူး ကိစ္စ လမ်းပတ် ကိုင်တွယ်ပုံများအပေါ် သဘောကျခြင်း မရှိ ဖြစ်နေတယ်လို့ တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြထားပါတယ်။

ဂိုးသမား တစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ကြေး ပေးကာ ချယ်ဆီး ခေါ်ယူထားခဲ့ဲ့တဲ့ အသက် ၂၅ နှစ် အရွယ် စပိန်သားကို လမ်းပတ်က လက်စတာနဲ့ ပွဲမှ စလို့ ပွဲထွက် စာရင်းမှာ ချန်လှပ်ကာ အရန် ဂိုးသမား ကာဘယ်လာရိုကို ပွဲကစားခွင့် ပေးခဲ့ပါတယ်။

ဆောင်း ရာသီ အားလပ်ရက် အပြီး ယူနိုက်တက်နဲ့ ပွဲမှာ ကီပါ ပြန် ပါဝင်မယ် မျှော်လင့်ခဲ့ပေမယ့် ဆက်လက် ချန်လှပ်ခံခဲ့ရပါတယ်။ လမ်းပတ်ရဲ့ ဆုံးဖြတ်ချက်က အားလံးုကို အံ့အားသင့်စေခဲ့တာ အမှန်ပါ။ အသင်းရဲ့ ရေရှည်အစီအစဉ်ထဲမှာ ကီပါကို မထည့်လိုတော့တဲ့ လမ်းပတ် ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပြသနာ မရှိပေမယ့် ရာသီကုန်ထိ ကီပါကို ဆက်မသုံးတော့ဘဲ အသက် ၃၈ နှစ် ရှိပြီ ဖြစ်တဲ့ ဂိုးသမား ကာဘယ်လာရို အပေါ် မှီခိုထားတာကိုတော့ သဘောမကျ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ပြင်သစ်သား ဝါရင့်တိုက်စစ်မှူး အိုလီဗာ ဂျီရူးကို ပွဲကစားချိန် မပေးတော့ဘဲ ဒီရာသီ ချယ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၈ ပွဲသာ ကစားစေခဲ့တဲ့ လမ်းပတ် အစီအမံကလည်း မေးခွန်းထုတ်ဖွယ် ဖြစ်လာပါတယ်။ အသက် ၃၃ နှစ် အရွယ် တိုက်စစ်မှူးဟာ ဇန်နဝါရီမှာ အသင်းပြောင်းလိုခဲ့ပေမယ့် ချယ်ဆီးဘက်က ခွင့်မပြုခဲ့ပြန်ပါဘူး။

ဂျီရူးဟာ ယူနိုက်တက်နဲ့ ပွဲမှာ ဘတ်ရှူဝါရီ နေရာ လူစားဝင် ကစားခွင့် ရခဲ့ပြီး သူ ကစားခွင့်ရခဲ့တဲ့ ၂၂ မိနစ်လောက် အတွင်း ကောင်းမွန်စွာ စွမ်းဆောင် ပြနိုင်ခဲ့ပါတယ်။ ဂိုး တစ်ဂိုးလည်း သွင်းနိုင်ခဲ့သေးပေမယ့် VAR အရ လူကျွံဘော အဖြစ် သတ်မှတ်ကာ ပယ်ဖျက်ခံခဲ့ရလို့သာ ဂိုး မရခဲ့တာ ဖြစ်ပါတယ်။

ဝါရင့် တိုက်စစ်မှူး ဖြစ်တဲ့ ဂျီရူးကို လုံး၀ ဖယ်ထုတ်ကာ အေဗရာဟမ်နဲ့ ဘတ်ရှူဝါယီကို ရှေ့တန်းတင်ထားတဲ့ လမ်းပတ်ရဲ့ အပြုအမူကလည်း ရေရှည်မှာ မေးခွန်းထုတ်ဖွယ် ဖြစ်လာခဲ့တာပါ။

ချယ်ဆီးအသင်းဟာ အဆင့် ၄ နေရာမှာ ဆက်ရှိနေသေးပေမယ့် အဆင့် ၅ နေရာမှ စပါးနဲ့ တစ်မှတ်သာ ကွာတော့တာကြောင့် လာမယ့် ပွဲစဉ်တွေမှာ အမှားခံလို့ မရတော့တဲ့ အပြင် ဒီတပတ်မှာမှ စပါးနဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။

Zawgyi – ခ်ယ္ဆီးရဲ႕ ယူနိုက္တက္ကို အိမ္ကြင္းမွာ ရွံဳးလိုက္တဲ့ ပြဲ အျပီးမွာ နည္းျပ လမ္းပတ္ရဲ႕ ကိုင္တြယ္မႈအေပၚ ေမးခြန္းထုတ္မႈေတြ ရွိလာျပီး အထူးသျဖင့္ ခ်ယ္ဆီး ဘုတ္အဖြဲ႕က ဂိုးသမား ကီပါနဲ႕ ဂ်ီရူး ကိစၥ လမ္းပတ္ ကိုင္တြယ္ပံုမ်ားအေပၚ သေဘာက်ျခင္း မရွိ ျဖစ္ေနတယ္လို႔ တယ္လီဂရပ္ဖ္သတင္းမွာ ေဖာ္ျပထားပါတယ္။

ဂိုးသမား တစ္ေယာက္အတြက္ ကမၻာ့စံခ်ိန္တင္ေၾကး ေပးကာ ခ်ယ္ဆီး ေခၚယူထားခဲ့ဲ့တဲ့ အသက္ ၂၅ နွစ္ အရြယ္ စပိန္သားကို လမ္းပတ္က လက္စတာနဲ႕ ပြဲမွ စလို႔ ပြဲထြက္ စာရင္းမွာ ခ်န္လွပ္ကာ အရန္ ဂိုးသမား ကာဘယ္လာရိုကို ပြဲကစားခြင့္ ေပးခဲ့ပါတယ္။

ေဆာငး္ ရာသီ အားလပ္ရက္ အျပီး ယူနိုက္တက္နဲ႕ ပြဲမွာ ကီပါ ျပန္ ပါ၀င္မယ္ ေမွ်ာ္လင့္ခဲ့ေပမယ့္ ဆက္လက္ ခ်န္လွပ္ခံခဲ့ရပါတယ္။ လမ္းပတ္ရဲ႕ ဆံုးျဖတ္ခ်က္က အားလံးုကို အံ့အားသင့္ေစခဲ့တာ အမွန္ပါ။ အသင္းရဲ႕ ေရရွည္အစီအစဥ္ထဲမွာ ကီပါကို မထည့္လိုေတာ့တဲ့ လမ္းပတ္ ဆံုးျဖတ္ခ်က္ကို ဘုတ္အဖြဲ႕က ျပသနာ မရွိေပမယ့္ ရာသီကုန္ထိ ကီပါကို ဆက္မသံုးေတာ့ဘဲ အသက္ ၃၈ နွစ္ ရွိျပီ ျဖစ္တဲ့ ဂိုးသမား ကာဘယ္လာရို အေပၚ မွီခိုထားတာကိုေတာ့ သေဘာမက် ျဖစ္လာခဲ့ပါတယ္။

ဒါ့အျပင္ ျပင္သစ္သား ၀ါရင့္တိုက္စစ္မွဴး အိုလီဗာ ဂ်ီရူးကို ပြဲကစားခ်ိန္ မေပးေတာ့ဘဲ ဒီရာသီ ခ်ယ္ဆီးအသင္းအတြက္ ျပိဳင္ပြဲစံု ၈ ပြဲသာ ကစားေစခဲ့တဲ့ လမ္းပတ္ အစီအမံကလည္း ေမးခြန္းထုတ္ဖြယ္ ျဖစ္လာပါတယ္။ အသက္ ၃၃ နွစ္ အရြယ္ တိုက္စစ္မွဴးဟာ ဇန္န၀ါရီမွာ အသင္းေျပာင္းလိုခဲ့ေပမယ့္ ခ်ယ္ဆီးဘက္က ခြင့္မျပဳခဲ့ျပန္ပါဘူး။

ဂ်ီရူးဟာ ယူနုိက္တက္နဲ႕ ပြဲမွာ ဘတ္ရွဴ၀ါရီ ေနရာ လူစား၀င္ ကစားခြင့္ ရခဲ့ျပီး သူ ကစားခြင့္ရခဲ့တဲ့ ၂၂ မိနစ္ေလာက္ အတြင္း ေကာငး္မြန္စြာ စြမ္းေဆာင္ ျပနိုင္ခဲ့ပါတယ္။ ဂိုး တစ္ဂိုးလည္း သြင္းနုိင္ခဲ့ေသးေပမယ့္ VAR အရ လူကၽြံေဘာ အျဖစ္ သတ္မွတ္ကာ ပယ္ဖ်က္ခံခဲ့ရလို႔သာ ဂိုး မရခဲ့တာ ျဖစ္ပါတယ္။

၀ါရင့္ တုိက္စစ္မွဴး ျဖစ္တဲ့ ဂ်ီရူးကို လံုး၀ ဖယ္ထုတ္ကာ ေအဗရာဟမ္နဲ႕ ဘတ္ရွဴ၀ါယီကို ေရွ႕တန္းတင္ထားတဲ့ လမ္းပတ္ရဲ႕ အျပဳအမူကလည္း ေရရွည္မွာ ေမးခြန္းထုတ္ဖြယ္ ျဖစ္လာခဲ့တာပါ။

ခ်ယ္ဆီးအသင္းဟာ အဆင့္ ၄ ေနရာမွာ ဆက္ရွိေနေသးေပမယ့္ အဆင့္ ၅ ေနရာမွ စပါးနဲ႕ တစ္မွတ္သာ ကြာေတာ့တာေၾကာင့္ လာမယ့္ ပြဲစဥ္ေတြမွာ အမွားခံလို႔ မရေတာ့တဲ့ အျပင္ ဒီတပတ္မွာမွ စပါးနဲ႕ ထိပ္တိုက္ ေတြ႔ဆံုေနပါတယ္။