ချယ်ဆီးသတင်းတွေ အမြဲနားစွင့်နေပြီး ပြန်လာလိုနေတဲ့ လူငယ်ကစားသမား အမ်ဘဒူ

လိုက်ပ်ဇစ်အသင်းမှာ အငှား သွားရောက် ကစားနေတဲ့ ချယ်ဆီး ကွင်းလယ် လူငယ်ကစားသမား အမ်ဘဒူကတော့ ဒီရာသီ လိုက်ပ်ဇစ်ကို အောင်မြင်မှုတွေ ရအောင် ကူညီပြီးရင် မိခင်ကလပ်အသင်းထံ ပြန်ဖို့ စိတ်အားထက်သန်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

အမ်ဘဒူဟာ လိုက်ပ်ဇစ်ရဲ့ စပါးအသင်းကို နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ကစားခွင့် ရခဲ့ပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။ ဝေးစ် ကွင်းလယ်ခံစစ်သမားဟာ ဘွန်ဒစ်လီဂါကလပ်ထံ တစ်ရာသီ အငှားစေလွှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပြီး လိုက်ပ်ဇစ်မှာ ခံစစ်ပြသနာ အချို့ ရှိလာတာကြောင့် ပွဲကစားခွင့်တွေလည်း ရရှိလာခဲ့ပါတယ်။

လမ်းပတ်ရဲ့ ချယ်ဆီးအသင်းမှာ လူငယ်ကစားသမားတွေက နေရာ ပေးခြင်းခံရတာကြောင့် အသက် ၁၉ နှစ် အရွယ် အမ်ဘဒူကလည်း လာမယ့် ရာသီမှာတော့ အသင်းကြီးမှာ ကစားခွင့် ရလာဖွယ် ရှိပြီး စပါးနဲ့ ပွဲက ခြေစွမ်းတွေကြောင့် ချယ်ဆီး ပရိသတ်တွေကလည်း ၎င်းကို မျှော်လင့်ချက် ထားနေကြပါတယ်။

လိုက်ပ်ဇစ်နဲ့ အတူ ဘွန်ဒစ်လီဂါနဲ့ ချန်ပီယံလိဂ်များများ အောင်မြင်မှု ရယူပေးဖို့ လောလောဆယ် ပစ်မှတ်ထားနေပေမယ့် နောက်ရာသီမှာတော့ ချယ်ဆီးအသင်းထံ ပြန်လာလိုကြောင်း အမ်ဘဒူ က ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

” ကျနောက်က ချယ်ဆီးအသင်းကို အမြဲ စောင့်ကြည့်နေပြီး ဘာတွေ ဖြစ်နေသလဲ မျက်ချည် မပြတ် လေ့လာနေတာပါ။ လောလောဆယ် လူငယ်တွေ တောက်ပခွင့် ရနေတာ မြင်ရလို့ သိပ်ကောင်းပါတယ်။ ချယ်ဆီးအသင်းက ထိပ်သီးလေးသင်းထဲမှာ ရှိနေပြီး ဆက်လည်း ထိန်းထားနိုင်မှာပါ။

ကျနော်လည်း ချယ်ဆီးအသင်းဆီ ပြန်သွားချင်တယ် သွားဖို့လည်း ရည်မှန်းထားတယ်။ လောလောဆယ်တော့ လိုက်ပ်ဇစ်နဲ့ ရာသီကုန်ထိ အကောင်းဆုံး ကစားသွားဖို့ အာရုံစိုက်ထားတယ်။ ” လို့ အမ်ဘဒူက ဆိုပါတယ်။

စပါးနဲ့ ပွဲက ခြေစွမ်းကိုလည်း ကိုယ်တိုင် သဘောကျနေပြီး လိုက်ပ်ဇစ်နည်းပြထံ သူ့ အရည်အသွေးကို သက်သေပြနိုင်ခဲ့တာကြောင့် ဝမ်းမြောက် ကြောင်းလည်း အမ်ဘဒူက ပြောကြားခဲ့ပါသေးတယ်။ လိုက်ပ်ဇစ်ဟာ စပါးအသင်းကို အဝေးကွင်းမှာ တီမိုဝါနာရဲ့ ပင်နယ်တီ ဂိုးနဲ့ နိုင်ထားတာကြောင့် ဒုတိယအကျော့ အတွက် အခြေအနေကောင်းနေပါတယ်။

Zawgyi – လိုက္ပ္ဇစ္အသင္းမွာ အငွား သြားေရာက္ ကစားေနတဲ့ ခ်ယ္ဆီး ကြင္းလယ္ လူငယ္ကစားသမား အမ္ဘဒူကေတာ့ ဒီရာသီ လိုက္ပ္ဇစ္ကို ေအာင္ျမင္မႈေတြ ရေအာင္ ကူညီျပီးရင္ မိခင္ကလပ္အသင္းထံ ျပန္ဖို႔ စိတ္အားထက္သန္ေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

အမ္ဘဒူဟာ လိုက္ပ္ဇစ္ရဲ႕ စပါးအသင္းကို နုိင္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ပါ၀င္ကစားခြင့္ ရခဲ့ျပီး ေျခစြမ္းလည္း ျပနိုင္ခဲ့ပါတယ္။ ေ၀းစ္ ကြင္းလယ္ခံစစ္သမားဟာ ဘြန္ဒစ္လီဂါကလပ္ထံ တစ္ရာသီ အငွားေစလႊတ္ျခင္း ခံခဲ့ရတာ ျဖစ္ျပီး လိုက္ပ္ဇစ္မွာ ခံစစ္ျပသနာ အခ်ိဳ႕ ရွိလာတာေၾကာင့္ ပြဲကစားခြင့္ေတြလည္း ရရွိလာခဲ့ပါတယ္။

လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းမွာ လူငယ္ကစားသမားေတြက ေနရာ ေပးျခင္းခံရတာေၾကာင့္ အသက္ ၁၉ နွစ္ အရြယ္ အမ္ဘဒူကလည္း လာမယ့္ ရာသီမွာေတာ့ အသင္းၾကီးမွာ ကစားခြင့္ ရလာဖြယ္ ရွိျပီး စပါးနဲ႕ ပြဲက ေျခစြမ္းေတြေၾကာင့္ ခ်ယ္ဆီး ပရိသတ္ေတြကလည္း ၄င္းကို ေမွ်ာ္လင့္ခ်က္ ထားေနၾကပါတယ္။

လိုက္ပ္ဇစ္နဲ႕ အတူ ဘြန္ဒစ္လီဂါနဲ႕ ခ်န္ပီယံလိဂ္မ်ားမ်ား ေအာင္ျမင္မႈ ရယူေပးဖို႔ ေလာေလာဆယ္ ပစ္မွတ္ထားေနေပမယ့္ ေနာက္ရာသီမွာေတာ့ ခ်ယ္ဆီးအသင္းထံ ျပန္လာလိုေၾကာင္း အမ္ဘဒူ က ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။

” က်ေနာက္က ခ်ယ္ဆီးအသင္းကို အျမဲ ေစာင့္ၾကည့္ေနျပီး ဘာေတြ ျဖစ္ေနသလဲ မ်က္ခ်ည္ မျပတ္ ေလ့လာေနတာပါ။ ေလာေလာဆယ္ လူငယ္ေတြ ေတာက္ပခြင့္ ရေနတာ ျမင္ရလို႔ သိပ္ေကာင္းပါတယ္။ ခ်ယ္ဆီးအသင္းက ထိပ္သီးေလးသင္းထဲမွာ ရွိေနျပီး ဆက္လည္း ထိန္းထားနိုင္မွာပါ။

က်ေနာ္လည္း ခ်ယ္ဆီးအသင္းဆီ ျပန္သြားခ်င္တယ္ သြားဖို႔လည္း ရည္မွန္းထားတယ္။ ေလာေလာဆယ္ေတာ့ လိုက္ပ္ဇစ္နဲ႕ ရာသီကုန္ထိ အေကာင္းဆံုး ကစားသြားဖို႔ အာရံုစိုက္ထားတယ္။ ” လို႔ အမ္ဘဒူက ဆိုပါတယ္။

စပါးနဲ႕ ပြဲက ေျခစြမ္းကိုလည္း ကုိယ္တိုင္ သေဘာက်ေနျပီး လိုက္ပ္ဇစ္နည္းျပထံ သူ႔ အရည္အေသြးကို သက္ေသျပနိုင္ခဲ့တာေၾကာင့္ ၀မ္းေျမာက္ ေၾကာင္းလည္း အမ္ဘဒူက ေျပာၾကားခဲ့ပါေသးတယ္။ လိုက္ပ္ဇစ္ဟာ စပါးအသင္းကို အေ၀းကြင္းမွာ တီမို၀ါနာရဲ႕ ပင္နယ္တီ ဂိုးနဲ႕ နုိင္ထားတာေၾကာင့္ ဒုတိယအေက်ာ့ အတြက္ အေျခအေနေကာင္းေနပါတယ္။