ဖိအားတွေများနေတဲ့ ချယ်ဆီးကို ထောက်ခံမှုတစ်ခု ပြုလုပ်သွားတဲ့ ခံစစ်သမားဟောင်း ဂလင်းဂျွန်ဆင်

ချယ်ဆီးကစားသမားဟောင်း ဂလင်းဂျွန်ဆင်က အသင်းဟောင်းဟာ ယူနိုက်တက်ကို စိတ်ပျက်ဖွယ် အရေးနိမ့်ခဲ့ပေမယ့် ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိုင်ပါလိမ့်မယ်လို့ ထောက်ခံစကား ပြောဆိုလိုက်ပါတယ်။

နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ အမှတ်ပေးပွဲဖြစ်တဲ့ ယူနိုက်တက်ကို အိမ်ကွင်းမှာ ၂-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ ချယ်ဆီးဟာ ဒီအပတ် အကုန်မှာတော့ စပါးနဲ့ ထပ်မံ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ရလဒ်နဲ့ စွမ်းဆောင်ရည်မှာ ထိခိုက်မှုတွေ ရှိနေပေမယ့် ချယ်ဆီးက ရာသီကုန်မှာတော့ ထိပ်သီး လေးသင်းထဲ ဝင်ရောက်နိုင်မှာပါလို့ ဂျွန်ဆင်က ဆိုပါတယ်။

မန်စီးတီး ချန်ပီယံလိဂ်ဝင်ခွင့် ပိတ်ပင်ခံထားရတာကြောင့် အင်္ဂလန်လိဂ်မှ အဆင့် ၅ အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရမှာဖြစ်တယ်။ ဒါပေမယ့်လည်း အသင်းဟောင်းဟာ ယူအီးအက်ဖ်ထံက အဆိုပါ အားသာချက်ကို အသုံးပြုစရာ မလိုဘူးလို့လည်း ဂျွန်ဆင်က ယုံကြည်နေပါတယ်။

အစွန်လူဟောင်းက ‘ ချယ်ဆီးက ရာသီကုန်မှာ ထိပ်ဆုံလေးသင်းထဲ ဝင်ခွင့် ရပါလိမ့်မယ်။ ရာသီစကတည်းက ချယ်ဆီးက အဆင့်လေးဝင်ရင် မန်နေဂျာလမ်းပတ်အတွက် ရာသီကောင်းတစ်ခုဆိုတာ ပြောခဲ့ပါတယ်။ နွေမှာ သူတို့ရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် ထိပ်ဆုံး လေးသင်းဆိုတာက အရမ်းကောင်းတဲ့ ဘောလုံးရာသီပါ။

အိမ်ကွင်းတွေ အဝေးကွင်းတွေကို မေ့လိုက်ပါ သူတို့ အရမ်းကောင်းတဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်နေပါတယ်။ သူတို့ရဲ့ နည်းလမ်းတွေကို ဆက်လက် ထိန်းသိမ်းနိုင်မယ်ဆိုရင် သူတို့က အဆင့်လေးအတွင်း ဝင်မှာပါ။ မန်စီးတီးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရခြင်းအပေါ် အားကိုးနေစရာလည်း လိုမယ်လို့ မထင်ပါဘူး ’ ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးကစားသမားေဟာင္း ဂလင္းဂၽြန္ဆင္က အသင္းေဟာင္းဟာ ယူႏုိက္တက္ကို စိတ္ပ်က္ဖြယ္ အေရးနိမ့္ခဲ့ေပမယ့္ ရာသီကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို အရယူႏုိင္ပါလိမ့္မယ္လို႔ ေထာက္ခံစကား ေျပာဆိုလိုက္ပါတယ္။

ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ အမွတ္ေပးပြဲျဖစ္တဲ့ ယူႏုိက္တက္ကို အိမ္ကြင္းမွာ ၂-၀ နဲ႔ အေရးနိမ့္ခဲ့တဲ့ ခ်ယ္ဆီးဟာ ဒီအပတ္ အကုန္မွာေတာ့ စပါးနဲ႔ ထပ္မံ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ ရလဒ္နဲ႔ စြမ္းေဆာင္ရည္မွာ ထိခိုက္မႈေတြ ရွိေနေပမယ့္ ခ်ယ္ဆီးက ရာသီကုန္မွာေတာ့ ထိပ္သီး ေလးသင္းထဲ ဝင္ေရာက္ႏုိင္မွာပါလို႔ ဂၽြန္ဆင္က ဆိုပါတယ္။

မန္စီးတီး ခ်န္ပီယံလိဂ္ဝင္ခြင့္ ပိတ္ပင္ခံထားရတာေၾကာင့္ အဂၤလန္လိဂ္မွ အဆင့္ ၅ အသင္းဟာ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရမွာျဖစ္တယ္။ ဒါေပမယ့္လည္း အသင္းေဟာင္းဟာ ယူအီးအက္ဖ္ထံက အဆိုပါ အားသာခ်က္ကို အသံုးျပဳစရာ မလိုဘူးလို႔လည္း ဂၽြန္ဆင္က ယံုၾကည္ေနပါတယ္။

အစြန္လူေဟာင္းက ‘ ခ်ယ္ဆီးက ရာသီကုန္မွာ ထိပ္ဆံုေလးသင္းထဲ ဝင္ခြင့္ ရပါလိမ့္မယ္။ ရာသီစကတည္းက ခ်ယ္ဆီးက အဆင့္ေလးဝင္ရင္ မန္ေနဂ်ာလမ္းပတ္အတြက္ ရာသီေကာင္းတစ္ခုဆိုတာ ေျပာခဲ့ပါတယ္။ ေႏြမွာ သူတို႔ရဲ႕ အေနအထားကို ၾကည့္မယ္ဆိုရင္ ထိပ္ဆံုး ေလးသင္းဆိုတာက အရမ္းေကာင္းတဲ့ ေဘာလံုးရာသီပါ။

အိမ္ကြင္းေတြ အေဝးကြင္းေတြကို ေမ့လိုက္ပါ သူတို႔ အရမ္းေကာင္းတဲ့ ေဘာလံုးရာသီကို ပိုင္ဆုိင္ေနပါတယ္။ သူတို႔ရဲ႕ နည္းလမ္းေတြကို ဆက္လက္ ထိန္းသိမ္းႏုိင္မယ္ဆိုရင္ သူတို႔က အဆင့္ေလးအတြင္း ဝင္မွာပါ။ မန္စီးတီးရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္မရျခင္းအေပၚ အားကိုးေနစရာလည္း လိုမယ္လို႔ မထင္ပါဘူး ’ ဆိုျပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။