တိုက်စစ်မှူးသစ် အဝင်ရှိခြင်း၊ ဗလာဟိုဗစ်ကို ချိတ်ဆက်ခြင်း၊ ပူလီဆစ်၊ လူကာကူတို့ ထွက်ခွာဖို့ရှိခြင်းနဲ့ ချယ်ဆီး အပြောင်းအရွှေ့ ကိစ္စများ

ချယ်ဆီးမှာ အငှား လာကစားပြီး ပြန်သွားတဲ့ အက်သလက်တီကို မက်ဒရစ် တိုက်စစ်သမား ဂျာအိုဖိလစ်ကို ခေါ်ယူရေး မန်ချက်စတာ ယူနိုက်တက်က ဆက်သွယ် မေးမြန်းနေပါတယ်။

ဂျူဗင်တပ် တိုက်စစ်မှုး ဗလာဟိုဗစ်ကို ပီအက်စ်ဂျီ အသင်းကလည်း ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ် လာပါတယ်။ စီးရီးအေကလပ်က ရောင်းဖို့ ပြင်နေတဲ့ ဗလာဟိုဗစ်ကို ချယ်ဆီးကလည်း ချိတ်ဆက်နေတာပါ။

အမေရိကန် တိုက်စစ်သမား ပူလီဆစ်ဟာ မီလန်သို့ ရောက်ရှိနေပြီး ၎င်းရဲ့ ချယ်ဆီးကနေ အေစီမီလန် အပြောင်းအရွှေ့ကို အပြီးသတ်တော့မှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဒီအပတ်ထဲ ရာသီကြို လေ့ကျင့်ရေး စတင်ချိန်မှာ အူဘာမီးယန်းကို အလုပ်ရှုပ်ခံပြီး ပြန်လာ သတင်းပို့ ပူးပေါင်းတာတွေ လုပ်မနေဖို့ ရက်စက်ပြတ်သားတဲ့ အသိပေးမှု တစ်ခု ပြုလုပ် သွားပါတယ်။

လူကာကူဟာ ချယ်ဆီးအသင်းနဲ့ ပြန်လာပူးပေါင်းမှာ မဟုတ်သလို လန်ဒန်ကိုတောင် ရောက်လာဖို့ မရှိပါဘူး။ အင်တာဘက်က နောက်ထပ် ကမ်းလှမ်းမှု လုပ်သွားမှာ ဖြစ်ပေမယ့် နှစ်သင်းကြား စကားပြောမှု ရှည်ကြာနေဦးမှာပါ။

ချယ်ဆီးအသင်းဟာ ဆန်းတိုစ့် တိုက်စစ်မှူး အန်ဂျလို ဂါဘရီရယ်ကို ယူရို ၁၅ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီမှု အားလုံး ပြီးမြောက်ခဲ့ပါပြီ။ အမေရိကန် ခရီးစဉ်အပြီး သူ့ကို အငှားချသွားမှာ ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ ဘရိုက်တန်ကြားမှာ ကိုင်ဆီဒို အပြောင်းအရွှေ့ ကိစ္စ စကားပြောနေဆဲဖြစ်ကာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၉၀-၁၀၀ ကြား ရှိမှာဖြစ်ပါတယ်။