ချယ်ဆီးအသင်းခေါင်းဆောင်သစ် ဘယ်သူ့ကို တာဝန်ပေးမလဲ ပိုချက်တီနို ထုတ်ဖော်

ချယ်ဆီး အသင်းခေါင်းဆောင် ကွီတာဟာ ဒီနွေမှာ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ကာ လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ် အသင်းထံ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ကွီတာဟာ ၂၀၁၂ မှာ ချယ်ဆီးကို ရောက်လာပြီးတည်းက ကာလရှည် အမှုထမ်းခဲ့သလို ဂယ်ရီ ကာဟေး ၄ နှစ် တာဝန်ယူခဲ့တဲ့ အသင်းခေါင်းဆောင် ရာထူးကို စပိန်သားက အောင်မြင်စွာ ဆက်ခံနိုင်ခဲ့ပါတယ်။

ဒီနွေမှာ ကွီတာအပြင် ကိုဗာဆစ်၊ ကန်တေတို့လည်း ထွက်ခွာခဲ့သလို မောင့်၊ ဟာဗက်ပါ မရှိတော့တာမို့ နည်းပြပိုချက်တီနိုဟာ အသင်းခေါင်းဆောင်သစ်ကို ခက်ခဲစွာ ရွေးချယ်ရနိုင်ပါတယ်။

ပိုချက်တီနိုက ‘ အသင်းခေါင်းဆောင် ဘယ်သူ ဖြစ်လာမလဲလား? ပထမဆုံး ကျနော်တို့ လူစာရင်းနဲ့ ရင်းနှီးအောင် လုပ်ရပါမယ်။ ကစားသမားတွေ အားလုံး အကြောင်းကို ကျနော် သိဖို့ လိုအပ်ပါတယ်။

ကစားသမားတွေအကြောင်း ကျနော် နားလည်ရမယ်၊ သူတို့ရဲ့ အားထုတ်မှုကို ခံစားမိဖို့၊ သူတို့ရဲ့ အကျင့်စရိုက်နဲ့ ပုဂ္ဂိုလ်ရေးရာတွေကို ခံစားမိဖို့ လိုပါတယ်။

တစ်ခုကတော့ သူတို့ကို အပြင်ကနေ စောင့်ကြည့်ဖို့ ဖြစ်ပါတယ်။ နောက်နည်းလမ်း တစ်ခုက သူတို့နဲ့ အလုပ်လုပ်ကြည့်ဖို့ပါ။ ကောင်းတာကော မကောင်းတာအတွက်ကောပေါ့။

လူစာရင်းနဲ့ ရင်းနှီးအောင် လုပ်ဖို့ကပဲ အဓိကပါ။ အသင်းမှာက အတွေ့အကြုံရှိ ကစားသမားတွေ အများကြီး ရှိပါတယ်။ ဒီတော့ ဒီလိုတွေ လေ့လာပြီးမှ အသင်းခေါင်းဆောင် ကိစ္စ ဆုံးဖြတ်ရမှာပါ ’ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သီယေဂို ဆေးဗား၊ ရိစ်ဂျိမ်း၊ စတာလင်၊ ချီးဝယ်တို့ဟာ ချယ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်သစ် နေရာအတွက် ရေပန်းစားလာနေတာ ဖြစ်ပါတယ်။