အင်္ဂလန်လက်ရွေးစင် အသင်းသား ၃ ဦးနဲ့ အလုပ်ရှုပ်နေတဲ့ မန်ယူအသင်း အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်ဆီးကွင်းလယ်လူ မေဆန်မောင့်အတွက် တတိယမြောက် ကမ်းလှမ်းပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ချယ်ဆီးဘက်က ပေါင် ၆၅ သန်း တောင်းဆိုထားတဲ့ မောင့်အတွက် ယူနိုက်တက် နောက်ဆုံးပေးခဲ့တာဟာ ပေါင် ၅၅ သန်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ကနဦး ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ဒီနွေမှာရမယ့် အသုံးစရိတ် အကန့်အသတ်ကြောင့် ရိုက်စ်ကို လက်မှတ်ထိုးနိုင်ဖို့ ခက်ခဲပါတယ်။

ဖူလ်ဟမ်အသင်းဟာ ကွင်းလယ်လူသစ် ရှာဖွေနေပြီး ယူနိုက်တက် ကစားသမား ဖရတ်ကို သဘောကျပေမယ့်လို့ ဘရာဇီးသားအတွက် ပေါင် သန်း ၂၀ ပေးရဖို့ဟာ သူတို့အသင်းအတွက် များလွန်းနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို အခုချိန်ထိ ဦးစားပေး အဖြစ် ရွေးချယ်ထားဆဲပါ။ ဒါပေမယ့် လီဗိုင်းရဲ့ တင်းမာတဲ့ စျေးတောင်းဆိုမှုကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ရေး လမ်းစလည်း မတွေ့သေးပါဘူး။

ဖရန့်ဖတ် တိုက်စစ်မှူး ကိုလို မူအာနီကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့က ရေပန်းအစားဆုံး ဖြစ်ပေမယ့်လို့ ပေါင် ၈၅ သန်း မပေးပါဘဲ အပြောင်းအရွှေ့ ဖြစ်မလာနိုင်ပါဘူး။