မန်စီးတီး၊ အာဆင်နယ်၊ ချယ်ဆီးတို့ ခြေရှုပ်နေတဲ့ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ် ကွင်းလယ်လူ ပါတေးကို ခေါ်ယူဖို့ ဂျူဗင်တပ်အသင်းလည်း စိတ်ဝင်စားလာပါတယ်။ ဆော်ဒီဘက်က ပါတေးကို ယူရို သန်း ၄၀ ဖြင့် ခေါ်ယူလိုနေကာ ကစားသမားဘက်နဲ့ သဘောတူညီမှု မရသေးတာ ဖြစ်ပါတယ်။

ကိုင်ဟာဗက်အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်တာမို့ ဒီအပတ်ထဲမှာ ဆေးစစ်မှုတွေ ပြုလုပ်ရေး အာဆင်နယ်ဘက်က စီစဉ်ထားပြီ ဖြစ်ပါတယ်။

တိုနယ်လီအတွက် ဆေးစစ်မှု ပြုလုပ်ရေး နယူးကာဆယ် ဆေးအဖွဲ့ဟာ ရိုမေးနီးယားကို သွားဖို့ ပြင်ဆင်နေပါပြီ။ လက်တလောမှာ ကလပ်နှစ်သင်းကြား ငွေပေးချေမှု အဆင်ပြေအောင် စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။

ဟယ်ရီကိန်းအနေနဲ့ အသင်းပြောင်းခွင့်ပေးဖို့ စပါးအသင်းထံ တောင်းဆိုမှာကို မန်ချက်စတာ ယူနိုက်တက်ဘက်က မျှော်လင့်နေပါတယ်။ ယူနိုက်တက်ဟာ ကိန်းအတွက် ပေါင် သန်း ၁၀၀ ပေးဖို့တော့ မစဉ်းစားထားပါဘူး။

မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူရေး ဝင်ရောက် ချိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ရိုက်စ်အတွက် ဝက်စ်ဟမ်းဘက်က ပေါင် သန်း ၁၀၀ တောင်းဆိုထားပါတယ်။

အာဆင်နယ်ဟာ ခံစစ်သမား တင်ဘာကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးပိုင်း အပြီးသတ် သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး ဆက်လက် ညိနှိုင်းနေပါပြီ။

ဗန်ဒီဗန်ဟာ ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး ကလပ် အချို့ကို သူ့ကို ခေါ်ယူနိုင်ဖို့ စောင့်ကြည့်လာနေပါတယ်။

လီဗာပူးအသင်းဟာ နိုက်အသင်း ကွင်းလယ်လူ တူဟမ်ကို အရင်ဆုံး ခေါ်ယူမှာဖြစ်ကာ အဲ့နောက်မှ ဆယ်တာဗီဂို ကွင်းလယ်လူ ဗီဂါကို ခေါ်ယူဖို့ အသုံးစရိတ် ကျန်မကျန် ကြည့်ရှုပါမယ်။

တော်တင်ဟမ်နဲ့ အမ်ပိုလီတို့ဟာ ဂိုးသမား ဗီကာရီယို အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်ဖို့ ပြင်ဆင်နေပါတယ်။ စပါးဘက်က ကစားသမားကို ၂၀၂၈ ခုနှစ်ထိ ရှိနေမယ့် စာချုပ်ပေးမှာဖြစ်ကာ ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၁၉ သန်း ပေးမှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ လိုက်ဇစ် ခံစစ်မှူး ဂါဗာဒီယိုကို ယူရို သန်း ၈၀ ထက်ပိုတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။ စီးတီးနဲ့ ကစားသမားကြား ပုဂ္ဂိုလ်ရေး သဘောတူညီမှုရဖို့က ပြဿနာ မရှိပါဘူး။

ဆော်ဒီလိဂ်ထံ ပြောင်းရွှေ့သွားတဲ့ ဝုဗ် ကွင်းလယ်လူဟောင်း နီဗက်စ်ဟာ ဒီရာသီစမှာတင် နယူးကာဆယ်အသင်းထံ အငှားဖြင့် ပြောင်းရွှေ့လာနိုင်ပါတယ်။

မနှစ်ကရာသီ ချယ်ဆီးနဲ့ လီဗာပူးထံ အငှားထွက်ခဲ့ကြပြီး ဂျူဗင်တပ်ထံ ပြန်သွားခဲ့တဲ့ ရှာခါရီယာနဲ့ အာသာတို့ဟာ ဒီနွေမှာ ဝက်စ်ဟမ်းနဲ့ အက်စတွန်ဗီလာအသင်းတွေထံ အသီးသီး ပြန်ရောက်ရှိနိုင်ပါတယ်။