ဥရောပ ဘောလုံးလောကရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ဆိုင်ရာ ထူးခြား သတင်းထူးများ

ဂွာဒီယိုလာဟာ မန်စီးတီးမှာ ၂၀၂၅ ခုနှစ်ထိ ဆက်ရှိနေမယ့် စာချုပ်ရှိပေမယ့် စာချုပ်သစ်တော့ လက်မှတ်ထိုးဖွယ် မရှိတော့ဘူးလို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ လိုက်ဇစ် တိုက်စစ်သမား အန်ကူကူကို ခေါ်ယူဖို့ ဘာပြဿနာမှ မရှိဘဲ ဇွန်လ ၁၉ ရက် နောက်ပိုင်းကျရင် ကစားသမားသစ်အဖြစ် ကြေညာသွားပါမယ်။

ဝက်စ်ဟမ်း ပရိသတ် ကလေးငယ်တွေနဲ့ တွေ့ဆုံမှုမှာ ဒီကလန်ရိုက်စ်က ဒီနွေမှာ အသင်းမပြောင်းဘဲ ဝက်စ်ဟမ်းမှာ ဆက်နေသွားမယ်လို့ ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျရတ်ဟာ မကြာခင်မှာ ဆော်ဒီကလပ်နဲ့ လက်မှတ်ထိုးမှုကို ကြေညာသွားဖွယ် ရှိပါတယ်။

ယူနိုက်တက်ဟာ ခံစစ်မှူး မက်ဂွဲရားနဲ့ တွေ့ဆုံကာ အနာဂတ်ကိစ္စ စကားပြောဆိုကြဖို့ စီစဉ်နေပါတယ်။ နှစ်ဘက် လမ်းခွဲခြင်းမျိုး ဖြစ်လာမယ်လို့တော့ ယူဆနေကြပါတယ်။

ခံစစ်မှူး ဂါဗာဒီယိုကို တစ်နှစ်ကျော်ကြာ စောင့်ကြည့်မှု ပြုလုပ်ထားတဲ့ မန်စီးတီးဟာ လိုက်ဇစ်ထံကနေ သူ့ကို ခေါ်ထုတ်လိုတယ်ဆိုရင် ခံစစ်မှူး တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေး ပေးရပါလိမ့်မယ်။

ချယ်ဆီးဘက်က မေဆန်မောင့်အတွက် ယူရို သန်း ၈၀ တောင်းဆိုနေလို့ အပြောင်းအရွှေ့ ကိစ္စတွေ တိုးတက်လာခြင်း မရှိဖြစ်နေပေမယ့် မကြာခင်မှာ မန်ချက်စတာ ယူနိုက်တက်ဘက်က ကမ်းလှမ်းမှု ပြုလုပ်ပါတော့မယ်။

ပရီးမီးယားလိဂ်ကလပ် အများအပြား ချိတ်ဆက်ခြင်း ခံနေရတဲ့ အေဂျက် ခံစစ်သမား တင်ဘာက သူ နယ်သာလန်ကလပ်မှာ ဆက်နေဖို့ မသေချာဘူးလို့ ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးကြယ်ပွင့်ဟောင်း ရိုင်ယန်ကန့်ဟာ စကော့တလန်ကလပ် ရိန်းဂျားကနေ အလွတ်ဖြင့် ထွက်ခွာပြီးနောက် တူရကီကလပ် ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။

ဘရန့်ဖိုဒ့်အသင်းဟာ ချယ်ဆီးနဲ့ မန်ယူနိုက်တက်တို့က ခေါ်ယူလိုနေတဲ့ ဂိုးသမား ဒေးဗစ် ယာယာကို ပေါင် သန်း ၄၀ မှ မပေးရင် လုံးဝ ထွက်ခွင့်ပေးမှာ မဟုတ်ပါဘူး။

ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား ဗင်နီးဆီးယက်စ်ဟာ လာမယ့်ရာသီမှာ ကျောနံပါတ် ၇ ကို ပြောင်းလဲ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်းက အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ မသိပေမယ့်လို့ သူကတော့ ကက်တလန်ကလပ်မှာပဲ ဆက်နေဖို့ ၁၀၀% ဆုံးဖြတ်ထားတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ အယ်လစ္စတာကို ရထားပေမယ့်လို့ နောက်ထပ် ကွင်းလယ်လူ ၂ဦးနဲ့ ဗဟိုခံစစ်မှူး ၁ ဦးတို့ကို ခေါ်ယူရေး ကြိုးစားသွားဦးမှာပါ။