ခံစစ်ပိုင်း အားဖြည့်ဖို့ လီဗာပူးအသင်း စောင့်ကြည့်နေတဲ့ ကစားသမားများ စာရင်း

ယာဂင်ကလော့ပ်ဟာ လက်ရှိ အသင်းမှာ အားနည်းနေတဲ့ နေရာဖြစ်တဲ့ ဘယ်ခြမ်း ခံစစ်မှူး နေရာအတွက် ဒီနွေမှာ သေချာပေါက် အားဖြည့်မယ်လို့ သိထားရပါတယ်။

ပုံမှန်အားဖြင့် ဘယ်ခြမ်းမှာ ရိုဘိုနဲ့ ဗန်ဒိုက်အတွဲ ကစားပေမယ့် ရိုဘိုဟာ အစွန်သမားဖြစ်ပြီး ခံစစ်ကြောင်းကနေ တိုက်စစ်ဖွင့်မှုမှာ အားနည်းတယ်လို့ နည်းပြအဖွဲ့က မြင်နေပါတယ်။ လက်ရှိ ရှာဖွေမယ့် ကစားသမားကတော့ ဗန်ဒိုက်၊ ကိုနတေးတို့နဲ့ တွဲဘက်မယ့် ဘယ်ခြေသန် ဘယ်ခြမ်း ခံစစ်မှူးဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ခံစစ်မှူး (၇) ဦးကို အလေးအနက် စောင့်ကြည့်ခဲ့ကြောင်း သတင်းထွက်ထားပါတယ်။ ၎င်းတို့ကတော့ ချယ်ဆီမှ လီဗီကိုးဝယ်၊ ဝုဒ်ဘတ်မှ ဗန်ဒီဗန်၊ လိုက်ဇစ် မှ ဂါဗာဒီယို၊ စပို့တင်းမှ အန်နာဆီယို၊ ဝက်စ်ဟမ်းမှ အာဂတ်၊ အဲဗာတန်မှ ဘရန့်ဝိတ်နဲ့ ပဲလေစ့်မှ မက်ဂူဟီတို့ ဖြစ်ပါတယ်။

ဒီကစားသမားတွေထဲမှာ ကိုးဝယ်ကို ဘရိုက်တန်က အပြီးသတ်ခေါ်ယူဖို့ ကြိုးစားနေပြီး ပေါင် သန်း ၃၀ ဖြင့် ကမ်းလှမ်းထားပါပြီ။ ဒါပေမယ့် ချယ်ဆီးက ပေါင် သန်း ၄၀ ထိ တောင်းဆိုထားလို့ အပြောင်းအရွှေ့ မပြတ်သေးပါဘူး။

ဂါဗာဒီယိုအတွက် လိုက်ဇစ်က ခံစစ်မှူး တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေး တောင်းဆိုထားပြီး အန်နာဆီယိုကိုတော့ ယူရို သန်း ၆၀ မပေးလိုတာနဲ့အတူ လီဗာပူးအသင်း နောက်ဆုတ်မယ်လို့ သိထားရတယ်။

ဗန်ဒီဗန်ဟာ လီဗာပူးကို ရောက်လာဖို့ အနီးစပ်ဆုံး ခံစစ်မှူးဖြစ်နေပြီး ကလော့ပ်နဲ့ အားကစားဒါရိုက်တာ ရှမတ်ကီတို့က နယ်သာလန်သားကို ခေါ်ယူရေး ဆွေးနွေးမှု ရှိထားတယ်လို့ သိရပါတယ်။