ကီပါ၊ မန်ဒီကို ရောင်းပြီး မန်ယူနဲ့အပြိုင် ဂိုးသမားသစ်ကို ပေါင် သန်း ၅၀ ဖြင့် ချိတ်ဆက်မယ့် ချယ်ဆီး

ချယ်ဆီးနည်းပြသစ် ပိုချက်တီနိုဟာ ဒီနွေမှာ နံပါတ် ၁ နေရာအတွက် အားဖြည့်မှု ပြုလုပ်ဖို့ စီစဉ်လာနေကာ အိုနာနာကို အဓိက ပစ်မှတ်အဖြစ် ချိန်ရွယ်ထားပြီ ဖြစ်ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေ ရှိနေတဲ့ အင်တာမီလန်ဟာ အသက် ၂၇ နှစ်အရွယ် ဂိုးသမားကို ရောင်းချရမယ့် ဆိုရင် အနည်းဆုံး ပေါင် သန်း ၅၀ ရလိုပါတယ်။ ဧပရယ်လတုန်းက ကလပ်နှစ်သင်းကြား စကားပြောခဲ့ပြီး နောက်တစ်ကြိမ် ပြန်ဆွေးနွေးဖို့ လမ်းဖွင့်လာနေပါပြီ။

ချန်ပီယံလိဂ်ဖိုင်နယ်မှာ မန်စီးတီးကို ၁-၀ ဖြင့် အရေးနိမ့်ခဲ့ပေမယ့် အိုနာနာဟာ အင်တာမီလန်အတွက် လက်စွမ်းပြခဲ့တာပါ။ မန်စီးတီးနည်းပြကတော့ ကင်မရွန်း လက်ရွေးစင်နဲ့ ပတ်သက်ပြီး ” ဘောလုံးကို ခြေနဲ့ အကောင်းဆုံး ကစားနိုင်သူ ” အဖြစ်ပါ ညွှန်းဆိုထားခဲ့တယ်။

အိုနာနာရဲ့ အနာဂတ်ကို သေချာမသိရသေးပေမယ့် မန်ချက်စတာ ယူနိုက်တက်ကလည်း သူ့ကို ခေါ်ယူရေး ကြိုးစားဖွယ် ရှိနေပါတယ်။ ယူနိုက်တက်တို့ ချန်ပီယံလိဂ် ကစားရခြင်းက အားသာချက်တစ်ခု ဆိုပေမယ့် ပိုချက်တီနိုရဲ့ ချယ်ဆီးက အိုနာနာကို ခေါ်ယူနိုင်မယ် ရေပန်းစားနေပါတယ်။

ချယ်ဆီးနဲ့ အင်တာမီလန်ကြားမှာ လူကာကူ၊ ကိုဗာဆစ် အပြောင်းအရွှေ့တွေကြောင့် ဆက်ဆံရေးကောင်းတွေ ရှိထားခဲ့ပါတယ်။ အကယ်လို့ အိုနာနာကို မရခဲ့ရင် ချယ်ဆီးဟာ ဗလန်စီယာ ဂိုးသမား မာမာဒါရှယ်ဗီလီ၊ ဒေါ့မွန် ဂိုးသမား ကိုဗယ်နဲ့ ဘရန့်ဖိုဒ့် ဂိုးသမား ယာယာတို့ကို ချိန်ရွယ်ထားပါတယ်။

ကီပါနဲ့ မန်ဒီတို့ကို ရောင်းထုတ်မယ့် ချယ်ဆီးအတွက် အိုနာနာက ဦးစားပေး ပစ်မှတ် မာမာဒါရှယ်ဗီလီဟာ ဒုတိယ ဦးစားပေး ပစ်မှတ်ဖြစ်တယ်လို့ လန်ဒန်သတင်းထောက် Nizaar Kinsella က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။