နွေစျေးကွက်အတွင်း မန်ယူအသင်း ရောင်းထုတ်ဖို့ ကြိုးစားသွားမယ့် ကစားသမားများ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေ အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမား ရှင်းထုတ်မှုတွေ ကြီးကြီးမားမား ပြုလုပ်သွားဖို့ ရှိနေပြီး ကမ်းလှမ်းမှုတွေ လက်ခံဖို့ အရောင်း တင်တာတွေ စတင်လိုက်ပြီ လို့ ဗြိတိန်သတင်းဌာနက ဖော်ပြလာပါတယ်။

သရဲနီတွေဟာ စီနီယာ အသင်းကြီးမှ ကစားသမား ၉ ဦး အတွက် ကမ်းလှမ်းမှုတွေ လက်ခံ စဉ်းစားပေးတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာကလပ်နဲ့ နီးစပ်တဲ့ သတင်းထောက်တွေရဲက အဆိုအရ ယူနိုက်တက်ဟာ ဟယ်ရီ မက်ဂွဲရား၊ ဖရက်၊ ဘိုင်လီ၊ အီလန်ဂါ၊ မာရှယ်၊ ဒင်း ဟန်ဒါဆန်၊ ဗန်ဒီဘိခ်၊ တော်မီနေးနဲ့ အဲလက်စ် တဲလက်စ် တို့ကို ဒီနွေမှာ ထွက်ခွာစေလိုနေပါတယ်။

ဘိုင်လီ၊ တဲလက်စ်နဲ့ ဟန်ဒါဆန် တို့ဟာ ၂၀၂၂-၂၃ ဘောလုံးရာသီမှာ အငှား ထွက် ကစားနေခဲ့ကြပြီး ကျန်တဲ့ သူတွေကတော့ အိုးထရက်ဖို့ဒ်မှာ ပွဲထွက် ကစားခွင့်ရဖို့ ကြိုးစားခဲ့ကြပါတယ်။

အငှားထွက်တဲ့ထဲမှာတော့ ဟန်ဒါဆန် က လွဲပြီး ဘိုင်လီရော တဲလက်စ်ပါ ခြေစွမ်း မပြနိုင်ခဲ့ကြပါဘူး။ ကျန် အရောင်း တင်ခံရသူတွေကလည်း ယူနိုက်တက်မှာ ရှိခဲ့သည့်တိုင် အရန်မှာ နေခဲ့ရတာများပြီး တည်ငြိမ်တဲ့ ခြေစွမ်း မရှိကြသူတွေပါ။

မာရှယ်ကတော့ ကစားခွင့်ရချိန်တွေမှာ ခြေစွမ်းကောင်းပေမယ့် တစ်ရာသီလုံး နီးပါး ဒဏ်ရာနဲ့ ရုန်းကန် အချိန်ကုန်နေခဲ့ ရပါတယ်။ ဗန်ဒီဘိခ်ကလည်း ယူနိုက်တက်မှာ ပျော်ရွှင်ပြီး တန်ဟက်လက်အောက် ကစားလိုပေမယ့် ပုံမှန်ပွဲထွက်ခွင့်ကြောင့် အသင်းပြောင်းဖို့ စတင်ရှာဖွေနေပါပြီ။

ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ ဒီနွေမှာ သူ့ စိတ်ကြိုက် ကစားသမား ခေါ်ယူမှုတွေ အတွက် အသုံးစရိတ် ပိုရဖို့ မလိုသူတွေ သေချာပေါက် ရှင်းထုတ်မှာ ဖြစ်ပါတယ်။