ချယ်လ်ဆီးအသင်း ရဲ့ ဇန်နဝါရီခေါ်ယူမှုတွေထဲက အမေ့ခံကြယ်တစ်ပွင့် (သို့မဟုတ်) မာလိုဂတ်စ်တို

ဒီရာသီအပြောင်းအရွှေ့ကာလနှစ်ရပ်ပေါင်းမှာ ချယ်လ်ဆီးကို စီနီယာ ကစားသမား ၁၃ယောက် ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ အဓိကပျော့ကွက်ဖြစ်နေတဲ့ နေရာကို အကောင်းဆုံးအားဖြည့်ပေးနိုင်မယ့်တစ်ယောက်ကတော့ ဒီစာရင်းထဲမှာ မပါသေးပါဘူ။

မာလိုဂတ်စ်တိုဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကျမှ စတမ်းဖို့ဒ်ဘရစ်ဂျ်ကို ရောက်လာနိုင်မှာဖြစ်ပါတယ်။ ဇန်နဝါရီမှာ ချယ်လ်ဆီးက သူ့ကို ယူရိုသန်း၃၀နဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း လိုင်ယွန်ကို ရာသီဝက် အငှါးပြန်ချထားခဲ့လို့ပါ။

လက်ရှိချယ်လ်ဆီးရဲ့ညာနောက်ခံနေရာအတွက် ရီစီဂျိမ်းစ်ရဲ့ခြေစွမ်းပိုင်းကို မေးခွန်းထုတ်စရာမရှိပါဘူး၊ ဒါပေမယ့် သူ့ရဲ့ကြံ့ခိုင်မှုကတော့ မေးခွန်းထုတ်စရာရှိနေပါတယ်။ ရီစီဂျိမ်းစ်ဟာ ဒီရာသီချယ်လ်ဆီးရဲ့ ပြိုင်ပွဲစုံ၄၈ပွဲမှာ (ပွဲကစားချိန်မိနစ်အားဖြင့်) ၄၄.၈%သာ ပွဲထွက်ခွင့်ရခဲ့သည်အထိ ဒဏ်ရာပြဿနာတွေ များခဲ့ပါတယ်။

သူ မပါဝင်နိုင်ခဲ့ချိန်တွေမှာ ညာခြမ်းFullback ဒါမှမဟုတ် Wingbackအဖြစ် Azpq၊ ချာလိုဘာနဲ့ RLCတို့ ပွဲထွက်ကစားခဲ့ရတယ်။ သူတို့အားလုံး အတတ်နိုင်ဆုံးကြိုးစားခဲ့ကြပေမယ့် တစ်ခွန်းထဲပြောရရင် သိပ်မအောင်မြင်ဘူးလို့ သုံးသပ်ရမှာဖြစ်ပါတယ်။

လက်ရှိ ချယ်လ်ဆီးရဲ့ကစားကွက်မှာ (အထူးသဖြင့် Three Backအခြေပြုကစားကွက်တွေမှာ) ရီစီဂျိမ်းစ် ယူထားရတဲ့ တာဝန်က အတော်လေးကြီးပါတယ်။ ကွီတာ၊ ချာလိုဘတ်၊ လော့ဖ်တပ်ချိစ် ဘယ်သူပဲပွဲထွက်ကစားသည်ဖြစ်စေ ဒီတာဝန်တွေကို အပြည့်အဝယူနိုင်ဖို့ အခက်အခဲဖြစ်ရတယ်။

ဒါပေမယ့် မာလိုဂတ်စ်တိုကတော့ ဒီကွက်လပ်ကို အကောင်းဆုံးဖြည့်ပေးနိုင်သူတစ်ယောက်ပါပဲ၊ ရီစီဂျိမ်းစ်အတွက် စိတ်ချရတဲ့ back-up ဖြစ်နိုင်ရုံတင်မက ရီစီဂျိမ်းစ်ကို ပွဲထွက်ခွင့်အတွက် ဖိအားပေးခြိမ်းခြောက်နိုင်လောက်တဲ့ အရည်အသွေးမျိုး ပိုင်ဆိုင်ထားပါတယ်။

ဂတ်စ်တိုအကြောင်းပြောမယ်ဆိုရင် ကျနော်တို့သတိပြုရမှာတစ်ခုက သူဟာ ကစားသမားဘဝကို ကွင်းလယ်တိုက်စစ် ကစားသမားတစ်ယောက်အဖြစ် စတင်ခဲ့သူဖြစ်တယ်ဆိုတာပါပဲ၊ ဆယ်ကျော်သက်အစောပိုင်းမှာပဲ နောက်ခံအစွန်လူအဖြစ် ပြောင်းလဲကစားလာခဲ့တာပါ။

ကစားသမားတစ်ယောက် ဆယ်ကျော်သက်အရွယ်မှာ ဒီလိုpositionပြောင်းကစားတာ သိပ်မထူးဆန်းလှပေမယ့် ဒါဟာ သူ့ရဲ့playing styleအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။

အသက်၂၀အရွယ်ပဲရှိသေးတဲ့ ညာနောက်ခံလူတစ်ယောက်အနေနဲ့ မာလိုဂတ်စ်တိုဟာ ဘောလုံးကိုင်ကစားရာမှာ အတော်လေး သက်တောင့်သက်သာရှိသူဖြစ်ပါတယ်။ ပြိုင်ဖက်တွေအနေနဲ့ သူ့ကိုဖိအားပေးပြီး ဘောလုံးလုယူနိုင်ဖို့ သိပ်ခက်ပါတယ်။

ဂတ်စ်တိုရဲ့ကစားဟန်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ သူဟာ ညာနောက်ခံလူဖြစ်ပေမယ့်လည်း တောင်ပံတစ်လျှောက် Overlapတက်ကစားတာမျိုးထက် အလယ်ကြောထဲကို ချိုးဝင်ကစားလေ့ရှိပါတယ်။

အခွင့်အရေးရရင်ရသလို အလယ်ကြောကို ဝင်ကစားလေ့ရှိပေမယ့် ဂတ်စ်တိုဟာ progressive passပေးပို့မှုတွေ အရမ်းထူးချွန်သူတစ်ယောက်တော့ မဟုတ်သေးပါဘူး၊ ဒါပေမယ့် သူဟာ ဖြတ်တင်ဘောပေးပို့မှုတွေမှာတော့ ကောင်းနေပြန်ပါတယ်၊ ဒီရာသီ လိုင်ယွန်အတွက် ပြင်သစ်လီဂူးမှာ ပွဲ၂၀ပဲ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ဂတ်စ်တိုဟာ ဥရောပထိပ်တန်းလိဂ်၅ခုမှာ ဖြတ်တင်ဘောပေးပို့မှု တတိယအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

သူ့ရဲ့ဖြတ်တင်ဘောအများစုကတော့ တောင်ပံအစွန်းကနေ တင်ပေးတာမျိုးမဟုတ်ဘဲ half-spaceကနေ ဂိုးရှေ့ကို ဖြတ်တင်ပေးတာဖြစ်ပါတယ်။

ခံစစ်ပိုင်းမှာတော့ ဂတ်စ်တိုရဲ့ အကောင်းဆုံးအရည်အသွေးက ပြိုင်ဖက်ရဲ့တိုက်စစ်လမ်းကြောင်းကို မှန်မှန်ကန်ကန် ဖတ်ရှုနိုင်ခြင်း၊ ဟန့်တားနိုင်ခြင်းပဲဖြစ်ပါတယ်။

ဂတ်စ်တိုရဲ့ကစားဟန်ကိုကြည့်မယ်ဆိုရင်တော့ ထူးထူးခြားခြားကောင်းနေတဲ့အချက်ကလေးတွေရော၊ တိုးတက်လာဖို့ လိုနေသေးတဲ့/ပြုပြင်ရဦးမယ့် အချက်လေးတွေရော တွေ့ရမှာဖြစ်ပါတယ်။

နည်းပြသစ်ပိုချက်တီနိုကလည်း ဒီလိုလူငယ်လေးတွေကို မြေတောင်မြှောက်ပေးရာမှာ ထူးချွန်သူ တစ်ယောက် ဖြစ်တာနဲ့အညီ ဂတ်စ်တိုကို အကောင်းဆုံးမြှင့်တင်ပေးနိုင်မယ်လို့ ယူဆရပါတယ်။

Credit