ဒီည ချယ်ဆီး – နယူးကာဆယ်ပွဲ ဘယ်လိုရလဒ် ထွက်မလဲ ခရစ်ဆက်တန် ဟောကိန်းထုတ်

ပရီးမီးယားလိဂ် နောက်ဆုံးပွဲ ပွဲစဉ် ၃၈ မှာတော့ ချယ်ဆီးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရသွားတဲ့ နယူးကာဆယ် အသင်းကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံမှာပါ။ ပွဲချိန်ကတော့ တနင်္ဂနွေနေ့ည ၁ဝ နာရီ အချိန်မှာ ဖြစ်ပါတယ်။

ဒီပွဲဟာ နှစ်သင်းလုံးအတွက် ဘာ အဆုံးအဖြတ်မှ သက်ရောက်မှု ရှိတော့မှာ မဟုတ်ပေမယ့် လမ်းပတ်နဲ့ ချယ်ဆီးရဲ့ ရာသီဆိုးကို စတန်းဖို့ဘရစ်ချ်မှာ နောက်ဆုံးပိတ် ဘယ်လို ကန့်လန့်ကာ ချချင်သလဲပေါ် မူတည်ပါဦးမယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်ကတော့ ချယ်ဆီးနဲ့ နယူးကာဆယ်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” ချန်ပီယံလိဂ်ဝင်ခွင့် ရသွားခြင်းအတွက် နယူးကာဆယ်က အောင်ပွဲခံစိတ်တွေ ရှိနေမှာပါ။ ဒီပွဲအတွက် ခန့်မှန်းကတော့ သူတို့ ဘယ်လောက်တောင် အကောင်းဆုံး လုပ်ခဲ့တယ်ဆိုတဲ့အပေါ် မူတည်ပြီး မှန်းဆထားတာပါ။

မန်ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က ချန်ပီယံလိဂ်ဝင်ခွင့် ရသွားတယ်။ လီဗာပူးနဲ့ ဘရိုက်တန်ကတော့ ယူရိုပါလိဂ် ဝင်ခွင့် ရခဲ့ပါတယ်။

ချယ်ဆီးကတော့ အတော်လေးကို အခြေအနေဆိုးပါတယ်။ တစ်ရာသီလုံး သူတို့က ဖြုန်းတီးနေခဲ့တာပါ။ တန်းဆင်းဇုန် နားက အသင်းတွေလောက်ပဲ ဒီရာသီ ချယ်ဆီးထက် နိုင်ပွဲ ပိုနည်းပါတယ်။

ကျွန်တော့် အမြင်ကတော့ တနင်္ဂနွေနေ့ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ချယ်ဆီး ပရိသတ်တွေ ပြုံးပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး 0-2 နယူးကာဆယ် ဖြစ်ပါတယ်။