သီယေဂို အား ခွင့်ပြုခြင်း၊ လမ်းပတ် သတိပေးစကား၊ ဗီလာ ဂိုးသမား၊ EPL ပြန်လာမယ့် တမ်မီနဲ့ ချယ်ဆီး သတင်းတိုများ

ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်ကတော့ ၎င်းတို့အသင်းဟာ အခြားအသင်းတွေကို အာရုံမစိုက်ပဲ ကိုယ့်ကိုကိုယ်သာ အာရုံစိုက်ပြီး ရာသီကုန်အထိ ကောင်းစွာ ကစားဖို့ လိုအပ်နေကြောင်း အသင်းသားတွေကို သတိပေးသွားခဲ့ပါတယ်။

ဝက်စ်ဟမ်းကွင်းလယ်လူ ရိုက်စ်ကို ခေါ်ယူရေး ချယ်ဆီးအသင်းကလည်း စိတ်ဝင်စားနေပေမယ့် သူတို့ ခေါ်နိုင်မယ်လို့ အာဆင်နယ်တို့ ယုံကြည်ချက် ရှိနေပါတယ်။ ဒါပေမယ့် ပြိုင်ဘက်တွေကြောင့် ရိုက်စ်တန်ကြေး မြင့်လာမှာကိုလည်း ဂန်းနားတို့ စိုးရိမ်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီကမှ တစ်နှစ် သက်တမ်းတိုးထားတာ ဖြစ်ပေမယ့် ချယ်ဆီးအသင်း တာဝန်ရှိသူတွေဟာ သီယေဂို ဆေးလ်ဗား သာ သူ့ငယ်ဘဝကလပ် ဖလူမိနိစ် အသင်းထံ နွေမှာ ပြောင်းချင်ရင် ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ မန်ဒီကြား နှစ်ဖက်သဘောတူညီမှုအရ ဆီနီဂေါသားဟာ ရာသီကုန်မှာ ထွက်ခွာနိုင်ဖွယ် ရှိနေပြီး လက်တလောမှာ ကလပ်ဘက်က နည်းပြသစ်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

ယူနိုက်တက်၊ ချယ်ဆီးနဲ့ စပါးတို့ဟာ ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ခေါ်ဖို့ စိတ်အားထက်သန်နေပါတယ်။ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ရှိနေပေမယ့် သူ့စာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေး မပါတာကြောင့် ဗီလာအတွက် အသာစီးရနေတဲ့ အနေအထား ဖြစ်ပါတယ်။

ပူလီဆစ်ဟာ အရေးပါတဲ့ ကစားသမား အဖြစ် ခံစားချက် ပြန်ရလိုနေတာမို့ ဒီနွေရာသီမှာ ချယ်ဆီးကနေ ထွက်ခွာဖို့ ရှိနေတယ်လို့ သိရပါတယ်။

အာဆင်နယ်၊ ယူနိုက်တက်၊ စပါးတို့ စိတ်ဝင်စားနေတဲ့ ခံစစ်မှူး မက်ဂူဟီကို ဒီနွေမှာ ပဲလေ့စ်တို့ ရောင်းချမယ်ဆိုရင် အသင်းဟောင်း ချယ်ဆီးဟာ ပေါင် ၁၀ သန်းကျော် ကော်မရှင် ပြန်ရဖို့ ရှိနေပါတယ်။

ရိုးမားဟာ ဒီနွေမှာ ပေါင်သန်း ၄၀ နဲ့ တန်မီ အေဘရာဟမ်ကို ရောင်းချဖို့ အဆင်သင့် ဖြစ်နေပြီး ချယ်ဆီး ကစားသမားဟောင်း ဟာ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာတော့မယ်လို့ ယုံကြည်ရပါတယ်။

မတ်တီယို ကိုဗာဆစ်ဟာ နွေရာသီမှာ ချယ်ဆီးကနေ ထွက်ခွာနိုင်ဖွယ်ရှိပြီး ဘိုင်ယန်၊ မန်စီးတီးနဲ့ ယူနိုက်တက်တို့က သူ့ကို စိတ်ဝင်စားနေပါတယ်။

စပါးအသင်း ဟာ နည်းပြသစ်အဖြစ် ချယ်ဆီးနဲ့ လွဲခဲ့တဲ့ နာဂယ်စ်မန်းကို လိုချင်နေသလို ဒီနွေရာသီမှာ ဂျာမာန်သား နည်းပြ အတွက် အပြိုင်အဆိုင် ကလပ်တွေကို ရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။