ပူလီဆစ်ကို ခေါ်ချင်တဲ့ ၂သင်း၊ FA ချန်ပီယံ၊ သန်း ၈ဝ တန် ပစ်မှတ်နဲ့ နောက်ဆုံးထွက် ချယ်ဆီး သတင်းများ

ချယ်ဆီး အသင်းရဲ့ အမေရိကန် တိုက်စစ်ကစားသမား ပူလီဆစ် ပွဲထွက် ကစားရမှု နည်းပါးတာကြောင့် ကလပ် အသင်းပြောင်းရွှေ့ ကစားနိုင်ကြောင်း သတင်း ထွက်နေချိန် စီးရီးအေ ချန်ပီယံ နာပိုလီအသင်းပါအဝင် အခြားထိပ်သီး ကလပ်အသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားလာတာပဲ ဖြစ်ပါတယ်။

ချယ်ဆီး ဟာ ပိုချက်တီနိုကို နောက်ရာသီမှာ နည်းပြသစ်ခန့်ဖို့ သဘောတူညီမှုရခဲ့ပြီး အဲ့ဒီမတိုင်ခင်အထိ လမ်းပတ်ကပဲ ယာယီ နည်းပြ အဖြစ် ဆက်လက် တာဝန်ယူသွားမှာပါ။

သီယာဂို ဆေးဗားဟာ ဖလူမီးနန့်စ်ကို ပြန်သွားမယ့် ကောလာဟလတွေကို ငြင်းပယ်လိုက်ပြီး ချယ်ဆီးနဲ့ ဆက်နေချင်လို့ စာချုပ်သက်တမ်း တိုးခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အင်္ဂလန် အမျိုးသမီး အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ ချဲလ်ဆီး အမျိုးသမီး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အမျိုးသမီး အသင်းကို တိုက်စစ်မှူး ဆမ်ခါး ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိပြီး ၃ နှစ်ဆက် ဗိုလ်စွဲ သွားခဲ့ ပါတယ် ။

ဝင်ဘာလေ ကွင်းကြီးထဲမှာ ကျင်းပခဲ့တဲ့ အဆိုပါ ဗိုလ်လုပွဲကို ပရိသတ်ပေါင်း ၇၇၃၉၀ ဝင်ရောက် ကြည့်ရှုခဲ့ပြီး အမျိုးသမီး ပြည်တွင်းလိဂ် သမိုင်းမှာ ကမ္ဘာ့စံချိန်သစ် တင်တဲ့ အရေအတွက် ဖြစ်လာခဲ့ ပါတယ်။

အက်စ်တွန်ဗီလာနဲ့ နယူးကာဆယ်ဟာ ရိုးမားတိုက်စစ်မှူး တန်မီအေဘရာဟမ်ကို စိတ်ဝင်စားနေပါတယ်။ ရိုးမားဟာ ချယ်ဆီး၊ စပါး၊ ယူနိုက်တက်တို့ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ အေဘရာဟမ်အတွက် ပေါင်သန်း ၄၀ နဲ့ ဈေးစဖွင့်မှာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ နွေရာသီမှာ ဘရိုက်တန်ကွင်းလယ်လူ ကိုင်ဆီဒိုကို ယူရိုသန်း ၈၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ သူတို့ဟာ နှစ်စကတည်းက ကိုင်ဆီဒိုကို စောင့်ကြည့်နေခဲ့တာဖြစ်ပြီး နောက်အပြောင်းအရွှေ့ရာသီ စတင်တာနဲ့ ပြင်းပြင်းထန်ထန် ကြိုးစားသွားတော့မှာပါ။

လူကာကူရဲ့ အနာဂတ် ဆုံးဖြတ်ချက် ဘယ်လိုပဲဖြစ်ဖြစ် ချယ်ဆီးဟာ နွေရာသီမှာ တိုက်စစ်မှူးအသစ် ခေါ်ယူဖို့ စီစဉ် ထားပါတယ်။