အကြောင်းတစ်ချက်ကြောင့် လမ်းပတ်တို့ နိုင်မယ်ဆိုတဲ့ ချယ်ဆီး vs ဖောရက်စ် ပွဲကြို ဆက်တန်ရဲ့ ခန့်မှန်းချက်

ဒီအပတ် ချယ်ဆီးပွဲအတွက် ဘီဘီစီမှ နာမည်ကျော် ဘောလုံးပွဲကြို ခန့်မှန်းသူဖြစ်တဲ့ ခရစ်ဆက်တန်ရဲ့ ရလဒ် ခန့်မှန်းချက်က အောက်ပါအတိုင်း ဖြစ်ပါတယ်။

ချယ်ဆီး vs နော်တင်ဟမ် ဖောရက်စ်

ဒီရာသီ ခန့်မှန်းပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ကျနော်ပဲ နိုင်မှာပါ ဒါပေမယ့်လို့ ချယ်ဆီးတို့ အကောင်းဆုံး လုပ်ခဲ့တာက ကျနော် ခန့်မှန်းကို ပျက်ဆီးစေခဲ့ပါတယ်။ ချယ်ဆီးပွဲရဲ့ ရလဒ်တွေကို ခန့်မှန်းရတာက ခက်ခဲပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဖောရက်စ်ရဲ့ အဝေးကွင်း ခြေစွမ်း မကောင်းမှုအပေါ် မူတည်ပြီး ကျနော်ရဲ့ ခန့်မှန်းကို ရွေးထုတ်ထားတာ ဖြစ်ပါတယ်။

ဒီရာသီ အဝေးကွင်းပွဲ ၁၇ ပွဲမှာ ဖောရက်စ်က ၁ ပွဲပဲ အနိုင်ရပြီး ၆ မှတ်ပဲ ရထားပါတယ်။ သူတို့ရဲ့ ပျှမ်းမျှ ဂိုးပေးရနှုန်းက ၂.၄ ဂိုးနှုန်းဖြစ်ပါတယ်။ သေချာတာကတော့ စတမ်းဖိုဒ့်ဘရစ်ချ်မှာ သူတို့ အခွင့်အရေး မရှိနိုင်ပါဘူး။

ချယ်ဆီးရဲ့ ယာယီနည်းပြလမ်းပတ်ဟာ အရင်အပတ်က ပထမဆုံး နိုင်ပွဲ စရပေမယ့်လို့ သူတို့အသင်း ဘုန်းမောက်ကို အနိုင်ဖို့ ထိုက်တန်ရဲ့လား ကျနော်လည်း မသေချာပါဘူး။ အခုတော့ ဖရန့်က အိမ်ကွင်းနိုင်ပွဲရဖို့ လိုအပ်နေပါပြီ။ ဒါပေမယ့်လို့ ဖောရက်စ်တို့ နိုင်သွားမယ် ဆိုရင်တောင် အံ့ဩမိမှာ မဟုတ်ပါဘူး။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-1 နော်တင်ဟမ် ဖောရက်စ်