ချယ်ဆီး vs နော်တင်ဟမ် ဖောရက်စ် ပွဲစဉ် ဂိုးပြတ်မယ်ဆိုတဲ့ ပေါမာဆန်ရဲ့ ရလဒ် ခန့်မှန်း

ဒီအပတ် ချယ်ဆီးပွဲစဉ်အတွက် ဝါရင့် ပွဲရလဒ် ခန့်မှန်းသူကြီး ပေါမာဆန်ရဲ့ ပွဲကြို ခန့်မှန်းချက်ကို ဖော်ပြလိုက်ပါတယ်။

ချယ်ဆီး vs နော်တင်ဟမ် ဖောရက်စ်

ဖိအားတွေရင်ဆိုင်နေရတဲ့ ဆောက်သမ်တန်ကို ရင်ဆိုင်ကစားရာမှာ နော်တင်ဟမ် ဖောရက်စ်က အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ ဖောရက်စ်တို့ ရလဒ်ကောင်းထွက်ရေး ရုန်းကန်သွားရမယ်လို့ ထင်မိပါတယ်။ ချယ်ဆီးက သူတို့ရဲ့ အကောင်းဆုံး ပုံစံမှာ ရှိမနေပေမယ့်လို့ ဒီပွဲမှာ ဖောရက်စ်တို့ ပိုကောင်းတဲ့အသင်း ဖြစ်လာမယ် မထင်ပါဘူး။

ဖောရက်စ်က စိတ်ချရတော့မယ့် အခြေအနေမှာ ရှိလုနီးပါးဖြစ်ပြီး တန်းမဆင်းရဖို့ လုံလောက်တဲ့ အမှတ်တွေ ရခဲ့ပြီလို့ ယူဆစရာရှိပါတယ်။ ကျနော်ကတော့ လက်စတာ၊ လိဒ်စ်နဲ့ ဆောက်သမ်တန်တို့က တန်းဆင်းသွားမယ်လို့ တွက်ဆထားတယ်။

ဒီနွေမှာ ချယ်ဆီးအသင်းက တိုက်စစ်မှူးသစ် ခေါ်ယူဖို့ လိုပါတယ်။ တိုက်စစ်မှာ ဦးဆောင်ကစားပေးနိုင်မယ့်သူကို သူတို့အသင်း လိုအပ်နေပါတယ်။ ချယ်ဆီးတိုက်စစ်မှာ ပေါက်ကွဲကစားနိုင်တဲ့ တိုက်စစ်သမားတွေ အများကြီး ရှိနေပေမယ့် ဂိုးသွင်းပေးနိုင်မယ့်သူ လိုအပ်နေတာပါ။ သွင်းဂိုး ပုံမှန် ယူပေးနိုင်မယ့်သူ မရှိတာက ချယ်ဆီးရဲ့ အားနည်းချက်ပါပဲ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 3-0 နော်တင်ဟမ် ဖောရက်စ်