ဒီရာသီ ငါတို့ ချယ်ဆီး တန်းမဆင်းရတော့ဘူးလို့ စနောက်ခဲ့ကြတဲ့ ပရိသတ်များ

ချယ်ဆီးအသင်းဟာ ဘုန်းမောက်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ နောက်ကျ သွင်းဂိုးတွေနဲ့အတူ ဂိုးပြတ် နိုင်ပွဲတစ်ပွဲကို ပြန်ရခဲ့ပြီဖြစ်ပါတယ်။

နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၉ ပွဲဆက် နိုင်ပွဲမရထားတဲ့ ချယ်ဆီးဟာ ၁၀ ပွဲမြောက်မှာတော့ ဘုန်းမောက်ကို ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့တာ​ ဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ လမ်းပတ်လက်အောက် ပထမဆုံး နိုင်ပွဲဖြစ်ကာ ချယ်ဆီးတို့ အဆင့် ၁၁ နေရာကို ပြန်တက်လာနိုင်ခဲ့ပါတယ်။

ဒီပွဲမှာတော့ ချယ်ဆီးက အစကောင်းခဲ့ပြီး ပွဲအစ ၈ မိနစ်မှာတင် ကန်တေရဲ့ ဖြတ်တင်ဘောကို ဂါလယ်ဂါ ဧရိယာထဲ ခေါင်းတိုက်ကာ အဖွင့်ဂိုး ရယူနိုင်ခဲ့တာပါ။ ဒါပေမယ့် ပထမပိုင်းမှာပဲ ဘုန်းမောက်ဘက်က အတော်လေးကောင်းတဲ့ တစ်ချက်ထိ ထိုးဖောက်မှုက တစ်ဆင့် ခြေပဂိုး ပြန်ယူနိုင်ခဲ့ပါတယ်။

ယုံကြည်မှုပိုင်း ကျဆင်းနေတဲ့ ချယ်ဆီးဟာ ဖိအားပေးမှုကို အမြင့်ဆုံး မလုပ်နိုင်ဘဲ ဘုန်းမောက်ဘက်က တိုက်စစ်ဆင်မှုကို ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ကစားပုံ အနည်းငယ်လေးပေမယ့် ချယ်ဆီးထံက အနိုင်ရလိုစိတ်တွေကို ဒုတိယပိုင်းမှာ မြင်ခဲ့ရတယ်။

ဦးဆောင်ဂိုးကတော့ မိနစ် ၈၀ အကျော်မှာ တည်ကန်ဘော အနေအထားကနေ ဇီယက်ချ်ရဲ့ ပေးမှုကို ဘတ်ဒီရာရှိုင်းက ပိတ်သွင်းခဲ့တာဖြစ်ပြီး မိနစ်ပိုင်းအကြာ ဖိလစ်ကပဲ ဧရိယာထဲကနေ ထပ်မံ ပိတ်သွင်းခဲ့တာပါ။ ဂိုးတွေရပြီးနောက် ချယ်ဆီးက ပွဲကို ပိုမို ထိန်းကစားနိုင်ခဲ့ပါတယ်။

ရယ်မောစရာက အဝေးကွင်း အားပေးတဲ့ ချယ်ဆီး ပရိသတ်တွေက ” ငါတို့ တန်းမဆင်းရတော့ဘူး ” လို့ အဓိပ္ပာယ်ရတဲ့ ကြွေးကြော်မှုတွေ ပြုလုပ် အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ချယ်ဆီးဟာ အမှတ်ပေးပွဲ ၄ ပွဲ ကစားဖို့ ကျန်ရှိချိန်မှာပဲ ဒီရာသီ တန်းမဆင်းရဖို့ သေချာခဲ့ပြီ ဖြစ်ပါတယ်။