
နိုင်ပွဲ မရသေးတဲ့ လမ်းပတ်ရဲ့ ချယ်ဆီးအသင်းဟာ ဒီနေ့ညမှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် ဘရန့်ဖို့ဒ်ကို သွားရောက် ရင်ဆိုင် ကစားမှာပါ။ ပွဲချိန်ကတော့ စနေနေ့ည မြန်မာစံတော်ချိန် ၈ နာရီခွဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ဝါရင့် ခန့်မှန်းသူကြီး ပေါမာဆန်က ဘုန်းမောက် v ချယ်ဆီး ပွဲစဉ် အတွက် ခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” မင်းတို့သိလား? နည်းနည်းတော့ ထူးဆန်တယ် ထင်ရနိုင်ပေမယ့် ဒီပွဲမှာ ချယ်ဆီးတို့ အနိုင်ရမယ်လို့ မထင်ဘူး။ ကျနော် ဒီလို ပြောနေရမယ်လို့ ယုံတောင် မယုံနိုင်ဘူး။ ဒါပေမယ့် ဘယ်လိုလုပ် ချယ်ဆီးကို ရွေးနိုင်မှာလဲ? ဘုန်းမောက် အနိုင်ရမယ်ဆိုရင် သူတို့က ချယ်ဆီးရဲ့ အထက်တောင် ရောက်သွားဦးမှာပါ။
ချယ်ဆီးမှာ ဖြစ်ပျက်နေတာတွေက ထူးထူးဆန်းဆန်းပါပဲ၊ ကျနော်လည်း ဒါမျိုး လုံးဝ မမြင်ဖူးပါဘူး။ လက်ရှိ အခြေအနေက ဖရန့်လမ်းပတ်အတွက် မကောင်းပါဘူး။ ဒါက သူ့ရဲ့ လာမယ့် နည်းပြဘဝ တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။
ဒါပေမယ့် လမ်းပတ်ကြောင့်ကြီး ဒီလိုတွေ ဖြစ်နေတာ မဟုတ်မှန်း လူတွေသိပါတယ်။ ချယ်ဆီးက အတွင်းမှာတင် ပြဿနာကြီးတွေ ရှိနေတာပါ။ ” လို့ ပေါမာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်ကတော့ ဘုန်းမောက် ၂-၁ ချယ်ဆီး ပဲဖြစ်ပါတယ်။