ဗင်စီနို အတွက် သဘောတူညီမှု ရခဲ့ပြီ သတင်းထွက်လာပြန်တဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ လာမယ့်နွေမှာ အေဂျက် ကွင်းလယ်တိုက်စစ်သမား ဇီယက်ကို ခေါ်ဖို့ အကြို သဘောတူညီမှု ရခဲ့ပြီး တဆက်တည်းမှာပဲ ချယ်ဆီး အားကစား ဒါရိုက်တာ မာရီနာက မနားတမ်း ဆက်လက် လှုပ်ရှားနေပါတယ်။ ဒေါ့မွန် ကြယ်ပွင့် ဆန်ချိုကို ခေါ်ဖို့ ဆွေးနွေးမှု စတင်ထားသလို အင်တာမီလန်ကွင်းလယ် ဗင်စီနိုကို ခေါ်ဖို့လည်း ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီး သတင်းထွက်လာပါတယ်။

အီတလီဘက်က သတင်းများ အဆိုအရ ချယ်ဆီးအသင်းဟာ လာမယ့်နွေမှာ အသက် ၂၈ နှစ် အရွယ် ဥရုဂွေးသား ကွင်းလယ် ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၃ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။

ဗင်စီနိုက ဒီရာသီ အင်တာ အတွက် ပြိုင်ပွဲစုံ ပွဲ ၂၀ ပါဝင် ကစားထားရပြီး နည်းပြ ကွန်တီရဲ့ အနာဂတ် အစီအစဉ်တွေထဲမှာ အဓိက ကစားသမား အဖြစ် ပါဝင်ဖွယ် မရှိပါဘူး။

ဗင်စီနိုကို ပရီးမီးယားလိဂ် ကလပ် အဲဗာတန်ကလည်း ခေါ်ယူလိုနေပြီး ချိတ်ဆက်မှုတွေ ရှိထားပါတယ်။ ချယ်ဆီး အနေနဲ့ သဘောတူညီမှု ရထားတဲ့ ပြောင်းရွှေ့ကြေးကို ဈေးဆစ်ဖို့ ကြိုးစားရင် အဲဗာတန်ကတော့ အသင့်စောင့်နေမှာ ဖြစ်ပါတယ်။

ဖရန့်လမ်းပတ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ကစားသမား တစ်ဦးမှ မခေါ်နိုင်ခဲ့တာကြောင့် လာမယ့်နွေမှာတော့ အနည်းဆုံး ခေါ်ယူမှု လေးခု ပြုလုပ်ရန် ပစ်မှတ်ထားနေပါတယ်။ ပြီးခဲ့တဲ့နွေက အပြောင်းအရွှေ့ ပိတ် ပြစ်ဒဏ်ကြောင့် ကစားသမား မခေါ်နိုင်ခဲ့သလို အယူခံ ဝင်ပြီး လွတ်မြောက်ချိန်မှာလည်း တစ်ယောက်မှ မခေါ်နိုင်ခဲ့ အတွက် လမ်းပတ်က အမက်ထွက်နေခဲ့တာပါ။

ဒါကြောင့် ချယ်ဆီး တာဝန်ရှိသူတွေ ဘက်က နွေ အပြောင်းအရွှေ့ မရောက်သေးသည့်တိုင် ခက်သွက်သွက် စတင်လှုပ်ရှားထားပြီး ယူရိုပြိုင်ပွဲ မတိုင်ခင်မှာလည်း ခေါ်ယူမှု အချို့ အတည်ပြု အကောင်အထည်ဖော်နိုင်ရန် ကြိုးစားလာတာ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ လာမယ့္ေႏြမွာ ေအဂ်က္ ကြင္းလယ္တိုက္စစ္သမား ဇီယက္ကို ေခၚဖို႔ အၾကိဳ သေဘာတူညီမႈ ရခဲ့ျပီး တဆက္တည္းမွာပဲ ခ်ယ္ဆီး အားကစား ဒါရိုက္တာ မာရီနာက မနားတမ္း ဆက္လက္ လႈပ္ရွားေနပါတယ္။ ေဒါ့မြန္ ၾကယ္ပြင့္ ဆန္ခ်ိဳကို ေခၚဖို႔ ေဆြးေႏြးမႈ စတင္ထားသလို အင္တာမီလန္ကြင္းလယ္ ဗင္စီနိုကို ေခၚဖို႕လည္း ေျပာင္းေရႊ႕ေၾကး သေဘာတူညီမႈ ရခဲ့ျပီး သတင္းထြက္လာပါတယ္။

အီတလီဘက္က သတင္းမ်ား အဆိုအရ ခ်ယ္ဆီးအသင္းဟာ လာမယ့္ေႏြမွာ အသက္ ၂၈ နွစ္ အရြယ္ ဥရုေဂြးသား ကြင္းလယ္ ကစားသမား အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၃ သန္းနဲ႕ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီလို႔ သိရပါတယ္။

ဗင္စီနိုက ဒီရာသီ အင္တာ အတြက္ ျပိဳင္ပြဲစံု ပြဲ ၂၀ ပါ၀င္ ကစားထားရျပီး နည္းျပ ကြန္တီရဲ႕ အနာဂတ္ အစီအစဥ္ေတြထဲမွာ အဓိက ကစားသမား အျဖစ္ ပါ၀င္ဖြယ္ မရွိပါဘူး။

ဗင္စီနိုကို ပရီးမီးယားလိဂ္ ကလပ္ အဲဗာတန္ကလည္း ေခၚယူလိုေနျပီး ခ်ိတ္ဆက္မႈေတြ ရွိထားပါတယ္။ ခ်ယ္ဆီး အေနနဲ႕ သေဘာတူညီမႈ ရထားတဲ့ ေျပာင္းေရႊ႕ေၾကးကို ေစ်းဆစ္ဖို႔ ၾကိဳးစားရင္ အဲဗာတန္ကေတာ့ အသင့္ေစာင့္ေနမွာ ျဖစ္ပါတယ္။

ဖရန္႕လမ္းပတ္ဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီက ကစားသမား တစ္ဦးမွ မေခၚနုိင္ခဲ့တာေၾကာင့္ လာမယ့္ေႏြမွာေတာ့ အနည္းဆံုး ေခၚယူမႈ ေလးခု ျပဳလုပ္ရန္ ပစ္မွတ္ထားေနပါတယ္။ ျပီးခဲ့တဲ့ေႏြက အေျပာငး္အေရႊ႕ ပိတ္ ျပစ္ဒဏ္ေၾကာင့္ ကစားသမား မေခၚနုိင္ခဲ့သလို အယူခံ ၀င္ျပီး လြတ္ေျမာက္ခ်ိန္မွာလည္း တစ္ေယာက္မွ မေခၚနုိင္ခဲ့ အတြက္ လမ္းပတ္က အမ်က္ထြက္ေနခဲ့တာပါ။

ဒါေၾကာင့္ ခ်ယ္ဆီး တာ၀န္ရွိသူေတြ ဘက္က ေႏြ အေျပာင္းအေရႊ႕ မေရာက္ေသးသည့္တိုင္ ခက္သြက္သြက္ စတင္လႈပ္ရွားထားျပီး ယူရိုျပိဳင္ပြဲ မတိုင္ခင္မွာလည္း ေခၚယူမႈ အခ်ိဳ႕ အတည္ျပဳ အေကာင္အထည္ေဖာ္နုိင္ရန္ ၾကိဳးစားလာတာ ျဖစ္ပါတယ္။