နောက်ဆုံးရ ချယ်ဆီး ညနေခင်းသတင်းများ

လက်ရှိ ချယ်ဆီးအသင်းသားတွေက အသင်း အလိုရှိတာတွေကို ယူဆောင်ပေးနိုင်စွမ်း ရှိတယ် ယုံကြည်ကြောင်း ကွင်းလယ်ကစားသမား ကန်တေက ဆိုလိုက်ပါတယ်။

ကန်တေက ချယ်ဆီးအသင်းဟာ ဒီရာသီမှာ ဆုဖလား တစ်လုံးနဲ့ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အဆင့်လေး အတွင်း တစ်နေရာ ရယူနိုင်မယ်လို့ ယုံကြည်စွာ ဆိုခဲ့တာပါ။

ချယ်ဆီးအသင်းဟာ အင်တာမီလန် ကွင်းလယ်ကစားသမား မာတီရက်စ် ဗင်စီနိုကို ယူရို ၂၈ သန်းနဲက ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း အီတလီသတင်းဌာနများက ဖော်ပြနေကြပါတယ်။ ဗင်စီနိုကို အဲဗာတန်အသင်းကလည်း ချိတ်ဆက်နေပါတယ်။

လောလောဆယ် ရေတိုအတွက် ချယ်ဆီးအသင်းဟာ အဆင့် ၄ နေရာမှာ ရှိနေတာ အတွက် ကျေနပ် ပျော်ရွှင်သင့်ကြောင်း နည်းပြ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ဘောလုံးရာသီ လက်ကျန်ပွဲစဉ်တွေက အသင်း အတွက် အဆုံးအဖြတ် အရေးကြီး ကာလတွေ ရောက်ပြီ ဖြစ်တာကြောင့် ချယ်ဆီး လူငယ် ကစားသမားတွေ အနေနဲ့ ကိုယ့်တာဝန်ကိုယ် အကောင်းဆုံး ကျေအောင် ကြိုးစားကြဖို့ လမ်းပတ်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်အသင်းတွေကို ကန်ချက် ၇၁ ကြိမ် သာ ခွင့်ပြုထားရပြီး ချယ်ဆီးအသင်းထက် နည်းတာဆိုလို့ လီဗာပူးအသင်းက ၆၂ ကြိမ် ခွင့်ပြုထားတာ ရှိပါတယ်။

Zawgyi – လက္ရွိ ခ်ယ္ဆီးအသင္းသားေတြက အသင္း အလိုရွိတာေတြကို ယူေဆာင္ေပးနုိင္စြမ္း ရွိတယ္ ယံုၾကည္ေၾကာင္း ကြင္းလယ္ ကစားသမား ကန္ေတက ဆိုလိုက္ပါတယ္။

ကန္ေတက ခ်ယ္ဆီးအသင္းဟာ ဒီရာသီမွာ ဆုဖလား တစ္လံုးနဲ႕ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္အတြက္ အဆင့္ေလး အတြင္း တစ္ေနရာ ရယူနုိင္မယ္လို႔ ယံုၾကည္စြာ ဆိုခဲ့တာပါ။

ခ်ယ္ဆီးအသင္းဟာ အင္တာမီလန္ ကြင္းလယ္ကစားသမား မာတီရက္စ္ ဗင္စီနိိုကို ယူရို ၂၈ သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ေၾကာင္း အီတလီသတင္းဌာနမ်ားက ေဖာ္ျပေနၾကပါတယ္။ ဗင္စီနိိုကို အဲဗာတန္ အသင္းကလည္း ခ်ိတ္ဆက္ေနပါတယ္။

ေလာေလာဆယ္ ေရတိုအတြက္ ခ်ယ္ဆီးအသင္းဟာ အဆင့္ ၄ ေနရာမွာ ရွိေနတာ အတြက္ ေက်နပ္ ေပ်ာ္ရႊင္သင့္ေၾကာင္း နည္းျပ လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။

ေဘာလံုးရာသီ လက္က်န္ပြဲစဥ္ေတြက အသင္း အတြက္ အဆံုးအျဖတ္ အေရးၾကီး ကာလေတြ ေရာက္ျပီ ျဖစ္တာေၾကာင့္ ခ်ယ္ဆီး လူငယ္ ကစားသမားေတြ အေနနဲ႕ ကိုယ့္တာ၀န္ကိုယ္ အေကာငး္ဆံုး ေက်ေအာင္ ၾကိဳးစားၾကဖို႔ လမ္းပတ္က တိုက္တြန္း ေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ျပိဳင္ဘက္အသင္းေတြကို ကန္ခ်က္ ၇၁ ၾကိမ္ သာ ခြင့္ျပဳထားရျပီး ခ်ယ္ဆီးအသင္းထက္ နည္းတာဆိုလို႔ လီဗာပူးအသင္းက ၆၂ ၾကိမ္ ခြင့္ျပဳထားတာ ရွိပါတယ္။