ဥရောပမှာ အသင်းတိုင်ကြိုက် ကစားသမားဖြစ်လာဖို့ လမ်းစပေးခဲ့တဲ့ အခြေအနေကို ဇီယက် ထုတ်ပြော

လာမယ့် နွေမှာ ချယ်ဆီးအသင်းကို ပြောင်းရွှေ့လာတော့မယ့် မိုရိုကို ကစားသမား ဇီယက်က သူ့ရဲ့ အရည်အချင်းတွေ တိုးတက်လာဖို့ ပထမဆုံး စတင်ခဲ့တာက လမ်းမတွေပေါ်က ဘောလုံးကစားခြင်းလို့ ထုတ်ဖော် ပြောဆိုပါတယ်။

ဇီယက်ဟာ မွေးချင်း ၉ ဦးရှိပြီး သူဟာ ဇာတိမြို့မှာတော့ ငယ်စဉ်ကတည်းက အကိုတွေနဲ့အတူ လမ်းမတွေမှာ ဘောလုံး ကစားခဲ့ပြီး အငယ်ဆုံးဖြစ်လို့ သူကစားနိုင်တယ်ဆိုတာ သက်သေပြနိုင်အောင် ပိုကြိုးစာခဲ့ရတယ်လို့ ပြောပြပါတယ်။

ဇီယက်က ပြောရာမှာ ” ကျနော် လုပ်ခဲ့တာ အားလုံးက အကိုတွေ၊ အခြားသော သူတို့ရဲ့ ရွယ်တူတွေနဲ့အတူ လမ်းတွေမှာ ၅ ယောင်တစ်ဖွဲ့ ကစားခဲ့ခြင်းပါပဲ။ ကျနော်က အမြဲတမ်း အသေးဆုံး ကောင်လေးဖြစ်ခဲ့တာပါ။ ကစားနိုင်တယ်ဆိုတာ သက်သေပြဖို့လိုတယ်။ ကျနော် ကစားနိုင်တယ်ဆိုတာ သူတို့ကို သက်သေပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဘယ်လို ကစ်ရမယ်၊ ကန်ရမယ်ဆိုတာတွေကို သင်ယူခဲ့တယ်။

အချို့ လူကောင်ကြီးကြီး အကိုတွေက ကျနော်ကို ကောင်ငယ်လေးဆိုပြီး ထည့်တွက်ပေမယ့် အချို့ကတော့ အဲ့လို မဟုတ်ပါဘူး။ သူတို့က ပြင်းပြင်းထန်ထန် လုပ်ကြတယ် ဒါပေမယ့် ကျနေ်ာကို စိတ်အနှောင့်အယှက် မပေးပါဘူး။ ကျနော်ကလည်း ကမ္ဘာကြီးမှာ ဘာကိုမှ ဂရုစိုက်နေတာ မဟုတ်ဘူး။ ကစားနိုင်သလောက် နေ့တိုင်း လမ်းမတွေမှာ ထွက်ကစားခဲ့တာပါပဲ ” လို့ ဖြစ်ပါတယ်။

လက်ရှိမှာ ဥရောပအသင်းတွေကြား အသင်းတိုင်းကြိုက်တဲ့ ကစားသမားဖြစ်နေတဲ့ ဇီယက်ဟာ အေဂျက်ကနေ ချယ်ဆီးကို ယူရို ၄၄ သန်းထိ ရောက်နိုင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတော့မှာပါ။ ဘောလုံးစွမ်းရည် ထူးချွန်သူလို့ လူသိများတဲ့ ဇီယက် အင်္ဂလန်မှာ သူ့ရဲ့ အရည်အချင်းကို ပြသနိုင်ဖို့က ပရိသတ်တွေ အများကြီး မျှော်လင့်နေတာ ဖြစ်ပါတယ်။

ZAWGYI

လာမယ့္ ေႏြမွာ ခ်ယ္ဆီးအသင္းကို ေျပာင္းေရႊ႔လာေတာ့မယ့္ မိုရိုကို ကစားသမား ဇီယက္က သူ႔ရဲ႕ အရည္အခ်င္းေတြ တိုးတက္လာဖို႔ ပထမဆံုး စတင္ခဲ့တာက လမ္းမေတြေပၚက ေဘာလံုးကစားျခင္းလို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ဇီယက္ဟာ ေမြးခ်င္း ၉ ဦးရွိျပီး သူဟာ ဇာတိျမိဳ႕မွာေတာ့ ငယ္စဥ္ကတည္းက အကိုေတြနဲ႔အတူ လမ္းမေတြမွာ ေဘာလံုး ကစားခဲ့ျပီး အငယ္ဆံုးျဖစ္လို႔ သူကစားႏုိင္တယ္ဆိုတာ သက္ေသျပႏုိင္ေအာင္ ပိုၾကိဳးစာခဲ့ရတယ္လို႔ ေျပာျပပါတယ္။

ဇီယက္က ေျပာရာမွာ ” က်ေနာ္ လုပ္ခဲ့တာ အားလံုးက အကိုေတြ၊ အျခားေသာ သူတို႔ရဲ႕ ရြယ္တူေတြနဲ႔အတူ လမ္းေတြမွာ ၅ ေယာင္တစ္ဖြဲ႔ ကစားခဲ့ျခင္းပါပဲ။ က်ေနာ္က အျမဲတမ္း အေသးဆံုး ေကာင္ေလးျဖစ္ခဲ့တာပါ။ ကစားႏုိင္တယ္ဆိုတာ သက္ေသျပဖို႔လိုတယ္။ က်ေနာ္ ကစားႏုိင္တယ္ဆိုတာ သူတို႔ကို သက္ေသျပႏုိင္ခဲ့တယ္လို႔ ထင္ပါတယ္။ ဘယ္လို ကစ္ရမယ္၊ ကန္ရမယ္ဆိုတာေတြကို သင္ယူခဲ့တယ္။

အခ်ိဳ႕ လူေကာင္ၾကီးၾကီး အကိုေတြက က်ေနာ္ကို ေကာင္ငယ္ေလးဆိုျပီး ထည့္တြက္ေပမယ့္ အခ်ိဳ႕ကေတာ့ အဲ့လို မဟုတ္ပါဘူး။ သူတို႔က ျပင္းျပင္းထန္ထန္ လုပ္ၾကတယ္ ဒါေပမယ့္ က်ေန္ာကို စိတ္အေႏွာင့္အယွက္ မေပးပါဘူး။ က်ေနာ္ကလည္း ကမၻာၾကီးမွာ ဘာကိုမွ ဂရုစိုက္ေနတာ မဟုတ္ဘူး။ ကစားႏုိင္သေလာက္ ေန႔တိုင္း လမ္းမေတြမွာ ထြက္ကစားခဲ့တာပါပဲ ” လို႔ ျဖစ္ပါတယ္။

လက္ရွိမွာ ဥေရာပအသင္းေတြၾကား အသင္းတိုင္းၾကိဳက္တဲ့ ကစားသမားျဖစ္ေနတဲ့ ဇီယက္ဟာ ေအဂ်က္ကေန ခ်ယ္ဆီးကို ယူရို ၄၄ သန္းထိ ေရာက္ႏုိင္တဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ေရာက္ရွိလာေတာ့မွာပါ။ ေဘာလံုးစြမ္းရည္ ထူးခၽြန္သူလို႔ လူသိမ်ားတဲ့ ဇီယက္ အဂၤလန္မွာ သူ႔ရဲ႕ အရည္အခ်င္းကို ျပသႏုိင္ဖို႔က ပရိသတ္ေတြ အမ်ားၾကီး ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။