ဘုန်းမောက် VS ချယ်ဆီး ပွဲစဉ်အတွက် ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်

ဒီအပတ် ချယ်ဆီးပွဲအတွက် ဘီဘီစီမှ ဘောလုံးသုံးသပ်သူ ခရစ်ဆက်တန်က ကြိုတင် ဟောကိန်းထုတ်မှု လုပ်သွားပါတယ်။

ဆက်တန် ပွဲကြို သုံးသပ်ချက်

ကြားရက်က အာဆင်နယ်ကို အရေးနိမ့်ခဲ့တာမို့ လမ်းပတ်ရဲ့ ချယ်ဆီးနည်းပြဘဝက ပိုဆိုးလာနေပါပြီ။ ယာယီနည်းပြအဖြစ် သူတာဝန်ယူပြီးတည်းက ပွဲတိုင်းကို ရှုံးထားတာပါ။

ကစားသမားတွေမှာလည်း တာဝန်ရှိတယ်ဆိုပေမယ့် လမ်းပတ်အတွက် ကိစ္စတွေ မှန်မှန်ကန်ကန် ဖြစ်မနေပါဘူး။ အမ်းမရိတ်ကပွဲမှာ သူ့အသင်းက ပိုကောင်းခဲ့တယ်လို့ လမ်းပတ်က ခံစားနေရတယ်။ ဒါပေမယ့် ပွဲက ပြီးသွားပါပြီ အခုချိန်မှာ ချယ်ဆီးကတော့ ဘောလုံးရာသီ အမြန် အဆုံးသတ်တာကို လိုချင်နေမှာပါ။

ကုန်ခဲ့တဲ့လတွေအတွင်း တစ်ဦးချင်း ကောင်းမွန်မှုတွေကို စုဖွဲ့မှုကောင်းအဖြစ် ပြောင်းလဲလာနိုင်တဲ့ ဘုန်းမောက်ကို ရင်ဆို်င်ဖို့ရာ ချယ်ဆီးအတွက် လွယ်ကူနေမှာ မဟုတ်ပါဘူး။ မနှစ်က ချန်ပီယံရှစ်မှာ ခြေစွာခဲ့တဲ့ ဆိုလန်ကီက သူ့ရဲ့ လုပ်နိုင်စွမ်းတွေ ပြသနေပါပြီ။ အခုဆိုရင် သူက ဘုန်းမောက် တိုက်စစ်မှာ အသင်းဖော်တွေဖြင့် ချိတ်ဆက်ပြီး ကောင်းကောင်းကြီး ဦးဆောင်နေပါပြီ။

ဒီတော့ ဖရန့်လမ်းပတ်က သူ့ရဲ့ ချယ်ဆီးနည်းပြဘဝ ပထမဆုံး နိုင်ပွဲကို ရသွားမယ်လို့ မထင်ပါဘူး။ ဒါပေမယ့် သူတို့ သရေတစ်မှတ်တော့ ရမှာပါ။

ကျနော်ရဲ့ ခန့်မှန်းချက်ဟာ ချယ်ဆီးရဲ့ လက်တလော စွမ်းဆောင်ရည်ထက် သူတို့အသင်း ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေရဲ့ အရည်အချင်း၊ အဆင့်အတန်းတွေအပေါ် မူတည်ပါတယ်။ သူတို့ ၇ ပွဲဆက်တော့ ရှုံးမှာ မဟုတ်ပါဘူးလေ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် ၁-၁ ချယ်ဆီး