
ဒီအပတ် ပရီးမီးယားလိဂ်ပွဲဖြစ်တဲ့ အာဆင်နယ် – ချယ်ဆီး လန်ဒန်ဒါဘီပွဲမှာ ဘယ်လိုရလဒ် ထွက်ပေါ်မလဲကို ဂုရုကြီး လော်ရိုးက ပွဲကြို ခန့်မှန်းခဲ့ပါတယ်။
အာဆင်နယ်ဟာ နောက်ဆုံး ကစားထားတဲ့ ၄ ပွဲဆက်နိုင် နိုင်ပွဲမရခြင်းနဲ့အတူ မန်စီးတီးထက် ၁ ပွဲပိုကစား ၁ မှတ်လျော့ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတာပါ။ ဒီအပတ် ချယ်ဆီးပွဲကို အနိုင်ရမှ မန်စီးတီးကို ဆက်လက် ဖိအားပေးနိုင်မှာ ဖြစ်ပါတယ်။
ချယ်ဆီးကတော့ နောက်ဆုံး ကစားထားတဲ့ ၈ ပွဲ ဆက်တိုက် နိုင်ပွဲ လုံးဝ မရှိသေးဘဲ ရုန်းကန်နေရကာ သူတို့ အကောင်းဆုံး ပုံစံကနေ အတော် ဝေးဝေးကို ရောက်နေတာပါ။ သူတို့ဟာ ပရီးမီးယားလိဂ်မှာ ၃၂ ပွဲ ကစားပြီးချိန် အဆင့် ၁၂ နေရာမှာ ရှိနေပါတယ်။
ဒီပွဲအတွက် လော်ရိုးရဲ့ သုံးသပ်ချက်
ချယ်ဆီးက ရှက်ဖို့ ကောင်းပါတယ်။ လမ်းပတ်လက်ထက် ပွဲတိုင်းကို ရှုံးနေတာပါ။ ဒီပွဲမှာ အာဆင်နယ်တို့ နိုင်မယ်ထင်ပါတယ်။ သူတို့က မန်စီးတီးကို အရေးနိမ့်ခဲ့မှုကို တုန့်ပြန်ပြဖို့ ကြိုးစားမှာပါ။ ချယ်ဆီးက ဒီရာသီမှာ အရမ်း ညံ့ဖျင်းလွန်းပြီး သူတို့ လုပ်ချင်တာတွေ ဖြစ်မလာပါဘူး။
လော်ရိုး ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 2-0 ချယ်ဆီး။