ချယ်ဆီးအသင်းရဲ့ အတွင်းရေးကို ဖော်ထုတ်လိုက်ပြီဖြစ်တဲ့ လမ်းပတ်

ချယ်ဆီးနည်းပြ ဖရန့် လမ်းပတ် က ဒီအပတ် အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန် ဒါဘီပွဲ မတိုင်ခင်မှာ သူ့အသင်း ရဲ့ ယိုယွင်းမှုတွေ အား ပေါ်ပေါ်တင်တင် ထုတ်ဖော် ပြောဆိုပြီး ကိုယ့်ပေါင် ကိုယ်လှန်ထောင်းလိုက်ပြီ ဖြစ်ပါတယ်။

ဖရန့်လမ်းပတ်ဟာ ရာသီကုန်ထိ ချယ်ဆီးအသင်းကို ယာယီ နည်းပြ အဖြစ် တာဝန်ယူနေပေမယ့် အသင်း ဂန္တဝင်ကြီး ကိုယ်တိုင်လည်း သူ့ အသင်းသားတွေကို မလှုံ့ဆော် မပြောင်းလဲနိုင်ဘူး ဖြစ်နေပါတယ်။

” ချယ်ဆီးက လောလောဆယ် ယုံကြည်မှုပိုင်းက တအား ကျဆင်းနေသလို စွမ်းဆောင်ရည် ကလည်း တအား နိမ့်ပါး ကျဆင်းနေတာပါ။

ဒီလို ယုံကြည်မှုတွေ ကျဆင်းနေတဲ့ အချိန်တွေ ကျနော်လည်း ကြုံဖူးပါတယ်။ သမိုင်းကြောင်းမှာတော့ ကျနော်တို့တွေ အသင်း လယ်ဗယ် အလိုက် အလုပ်တွေ ကြိုးစား အားထုတ်ပြီး ပြန်လာနိုင်ခဲ့တယ်။ မန်နေဂျာတွေလည်း အများကြီး အပြောင်းအလဲ လုပ်ခဲ့တယ်။

ခုကတော့ မော်ဒန်ခေတ် ကစားသမားတွေကို ကိုင်တွယ်ရတာရော မျှော်လင့်ချက်တွေကရော အရင်ကလို မတူတော့ဘဲ ခြားနားသွားပါပြီ။

အသင်းရဲ့ ယုံကြည်မှုက ဒီလို ဖြစ်နေပြီလို့ ကျနော်တို့ ခုနေ မပြောသင့်ဘူး၊ ဒါပေမယ့် ဒါကိုက လက်ရှိ ပြသနာ ဖြစ်နေတယ်။ ” လို့ ဖရန့်လမ်းပတ်က ထုတ်ဖော် ပြောဆိုလာခဲ့တာပါ။

ချယ်ဆီးဟာ နောက်ဆုံး ကစားထားတဲ့ ၈ ပွဲ ဆက်တိုက် နိုင်ပွဲ လုံးဝ မရှိသေးဘဲ ပရီးမီးယားလိဂ်မှာ ၃၂ ပွဲ ကစားပြီးချိန် ချယ်ဆီးက ၃၉ မှတ်သာ ရထားပြီး အဆင့် ၁၂ နေရာမှာ ရှိနေပါတယ်။