နံပါတ် ၉ နေရာ မန်ယူနဲ့ အပြိုင် ခေါ်နိုင်ခြင်း၊ ဝန်ထမ်းဟောင်းကို ပြန်ချိတ်ဆက်ခြင်း၊ လီယာအို၊ နေမာတို့နဲ့ ချယ်ဆီး သတင်းထူးများ

စပါးအသင်းဟာ တိုက်စစ်မှုး ဟယ်ရီ ကိန်းအတွက် ချယ်ဆီးဘက်က ကြီးမားများပြားတဲ့ ကမ်းလှမ်းမှုတစ်ခု ရရှိဖို့ မျှော်လင့်နေပါတယ်။

အထောင်တိုက်စစ်မှူးသစ် ရှာဖွေနေဆဲ ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ ဒီနွေမှာ လိုင်လီတိုက်စစ်မှူး ဂျော်နသန်ဒေးဗစ်ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ပီအက်စ်ဂျီ တိုက်စစ် ကြယ်ပွင့် နေမာ ကို ပရီးမီးယားလိဂ် ကလပ် ၃ သင်း ဖြစ်တဲ့ ချယ်ဆီး၊ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီး အသင်းတို့က စိတ်ဝင်စား ချိတ်ဆက်နေကြောင်း ပြင်သစ် သတင်းတွေက ဖော်ပြလာပါတယ်။

ချယ်ဆီးရဲ့ ဒဏ်ရာပြဿနာတွေနဲ့ ညံ့ဖျင်းတဲ့ရာသီမှာ ကလပ်ရဲ့ ဆေးအဖွဲ့နဲ့ သက်ဆိုင်တယ်လို့ ယုံကြည်နေပြီးနောက် တော့ဒ်ဘိုးလီကြောင့် အသင်းကနေ ထွက်ခွာသွားရတဲ့ အရိုးအကြောကုထုံးဆရာဝန် ကယ်ဗာရိုကို ၇လ အကြာမှာ ပြန်လည် ခေါ်ယူ ခန့်အပ်ခဲ့ပါတယ်။

ချယ်ဆီး အသင်းမှာ ပိုင်ရှင် တော့ဒ်ဘိုးလီရဲ့ အလွန်အကျူး စွက်ဖက်မှုတွေကြောင့် ဖရန့်ဖတ် အားကစားဒါရိုက်တာ မားကပ် ခရော့ချီဟာ ချယ်ဆီးထံ ပြောင်းရွှေ့ဖို့ အခွင့်အရေးကို ငြင်းပယ်သွားမှာ ဖြစ်ပါတယ်။

ချယ်ဆီးအနေနဲ့ အေစီမီလန်ကြယ်ပွင့် လီယာအိုကို ခေါ်ယူဖို့ ကြိုးစားမယ်ဆိုရင် မူဒရက်ခ်က အသင်းရဲ့ ဦးစားပေးနေရာ အစဉ်လိုက်မှာ ချောင်ထိုးခံထားရမယ့် အန္တရာယ်ရှိနေပါတယ်။

ချယ်ဆီး အသင်း အနေနဲ့ အင်္ဂလန် ထိပ်တန်းအဆင့်ကို ပြန်ရောက်လာဖို့ အချိန် အတိုင်းအတာ တစ်ခု ယူရလိမ့်မယ်လို့ တိုက်စစ်မှုး စတာလင်က ဝန်ခံခဲ့ပါတယ်။

ဂျာမန် အာမခံ ကုမ္ပဏီကြီးဖြစ်တဲ့ အလိုင်းယန့်ဇ်ဟာ နောက်ရာသီကနေစပြီး ချယ်ဆီးကို အဓိက ရှပ်စပွန်ဆာပေးဖို့ အပြိုင်ကြိုးစား နေပါတယ်။

ဖူလ်ဟမ် အသင်း ဟာ ချယ်ဆီး ကစားသမားဟောင်း ဖြစ်တဲ့ တောင်ပံ တိုက်စစ်သမား ဝီလီယံကို ၂နှစ် စာချုပ်သစ် ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ၂၂ပွဲ ကစားထားရာမှာ ဝီလီယံ က ၆ဂိုး သွင်း ထားတာပါ။