မောင့်ကို ခေါ်ယူရေးကိစ္စ ပျက်ဖွယ်ရှိခြင်း၊ အန်တိုနီဆေးဗား၊ ဘာရယ်လာ၊ မတ်ဒီဆန်တို့နဲ့ ဒီကနေ့ လီဗာပူးအသင်း အပြောင်းအရွှေ့ သတင်းတိုများ

အီတလီ ရုပ်သံတွေမှာတော့ လီဗာပူးဟာ ဒီနွေမှာ အင်တာမီလန် ကွင်းလယ်လူ ဘာရယ်လာအတွက် ကမ်းလှမ်းမှု ပြုလုပ်မှာဖြစ်ပြီး စီးရီးအေကလပ်ဘက်က ယူရို ၈၅ သန်းထိ တောင်းဆိုလိမ့်မယ်လို့ ဖော်ပြနေကြပြီ ဖြစ်ပါတယ်။

မေဆန်မောင့်ကို လက်မှတ်ထိုးဖို့ လီဗာပူးရဲ့ ကြိုးစားမှုဟာ ပြိုလဲသွားနိုင်ပါတယ်။ ဆုဖလားတွေ အနိုင်ရဖို့က မောင့်အတွက် ဦးစားပေးဖြစ်သလို သူက ပုံမှန်ပွဲထွက် ရလိုနေပါတယ်။ ချယ်ဆီးဘက်က မောင့်ကို လက်မလွတ်ရအောင် အစွမ်းကုန် တားဆီးနေဆဲဖြစ်ကာ လီဗာပူးက သူ့ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးတော့ ရှိနေဆဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဘင်ဖီကာ ခံစစ်မှူး အန်တိုနီယို ဆေးဗားကို ထပ်မံ ကင်းထောက်လွတ် စောင့်ကြည့်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ခံစစ်သမားမှာ ပေါင် ၇၇ သန်းဖြင့် ခေါ်ယူနိုင်တဲ့ စာချုပ်ပါ အချက်ရှိထားပြီး ယူနိုက်တက်နဲ့ မန်စီးတီးကလည်း ချိန်ရွယ်ထားပါတယ်။

ရိုမန်နိုကလည်း ငြင်းဆန်ခြင်းနဲပအတူ မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်ကို လီဗာပူးအသင်း စိတ်မဝင်စားကြောင်း သတင်းတွေက ပိုမို ခိုင်မာလာခဲ့ပါပြီ။

ဝက်စ်ဟမ်းနဲ့ လီဗာပူးပွဲကြိုမှာ အသင်းပိုင်ရှင် ဟင်နရီဟာ အမေရိကန်ကနေ အင်္ဂလန်ကို ရောက်လာနေပြီး နည်းပြကလော့ပ်နဲ့ ဆွေးနွေးစကားပြောမှု လုပ်ဆောင်ခဲ့ပါတယ်။ သူတို့ကြား ပွဲအပြီး ဆက်လက် တွေ့ဆုံကြဦးမယ့် အနေအထားမှာ ရှိနေပါတယ်။

လီဗာပူးအသင်းက မက်အယ်လစ်စတာအတွက် ဘရိုက်တန်အသင်းနဲ့ စကားပြောမှု စတင်ထားခဲ့ပြီဖြစ်သလို ကွင်းလယ်လူကလည်း လီဗာပူးအသင်းကို ပြောင်းဖို့ သူ့ဘက်က အလေးပေးထားကြောင်း ဘရိုက်တန်ကို အကြောင်းကြားထားပါတယ်။

လီဗာပူးတာဝန်ရှိသူတွေဟာ သင့်လျော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမယ်ဆိုရင် လက်စတာအသင်းမှ မတ်ဒီဆန်ကို ခေါ်ယူဖို့ သဘောကျမှု ရှိနေပါတယ်။