လီဗာပူးက ဝက်စ်ဟမ်းအသင်းကို ၂-၁ ဖြင့် အနိုင်ရခဲ့ပေမယ့် အဆိုပါပွဲမှာ သီယေဂိုရဲ့ လက်ထိဘော ဖြစ်ရပ်ဟာ ပင်နယ်တီ မဖြစ်ခဲ့ခြင်းကို ပြိုင်ဘက်အသင်း နည်းပြ မိုးယက်စ်က ပြင်းထန်စွာ ပေါက်ကွဲခဲ့ပါတယ်။
သူကတော့ အန်ဖီးကွင်းမှာ လီဗာပူးဆိုရင် အဲ့ဖြစ်ရပ်ကို ပင်နယ်တီ မပေးဘူးလို့ မင်းတို့ ထင်နေလား? ဆိုပြီး သတင်းထောက်တွေကိုတောင် ကလော်တုတ်ခဲ့သေးတာ ဖြစ်ပါတယ်။
သီယေဂို လက်ထိမှုကို ပင်နယ်တီ မပေးခြင်းအတွက် မိုးယက်စ်ရဲ့ ပြင်းထန်စွာ ဝေဖန်ချက်အား ကလော့ပ်က ” သီယေဂိုက ဘောလုံးပေါ် လဲကျသွားတာပါ။ ဒါပေမယ့် မိုးယက်စ်ကတော့ အဲ့လို မမြင်ဘူးဆိုတာကို ကျနော် နားလည်ပေးလို့ ရပါတယ် ” လို့ တုန့်ပြန်ခဲ့ပါတယ်။
မနက်က သီယေဂို ဖြစ်ရပ်မျိုးကို ဝက်စ်ဟမ်းအသင်း ကိုယ်တိုင်လည်း ရင်ဆိုင်ခဲ့ရဖူးပါတယ်။ ၎င်းတို့ကွင်းမှာပဲ ချယ်ဆီးအသင်းနဲ့ ရင်ဆိုင်ခဲ့စဉ် ဂါလယ်ဂါရဲ့ သွင်းချက် ဝက်စ်ဟမ်း ခံစစ်သမားရဲ့ လက်နဲ့ သိသိသာသာ ထိခဲ့ပေမယ့် ကိုယ်နေဟန်ထားရ တမင်ရည်ရွယ်ခြင်း မရှိတာမို့ ပင်နယ်တီ မပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒီရာသီ VAR ဆုံးဖြတ်ချက်တွေဟာ တစ်ပွဲတမျိုး မရိုးနိုင်တဲ့ ဇာတ်လမ်းကြောင်း လူမုန်းများပေမယ့်လို့ မနက်ကပွဲမှာ လီဗာပူးက ကံကောင်းခဲ့သလို စည်းမျဉ်းအရလည်း ပင်နယ်တီ မပေးခဲ့တာက မှန်ကန်တယ်လို့ ဆိုရမှာပါ။
ပရီးမီးယားလိဂ် ဂန္တဝင်ဖြစ်သူ အလန်ရှီးယားက “ ဒေးဗစ်မိုးယက်စ်ကို ကျနော် အတော်လေး လေးစားပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်မှာတော့ သူ့အမြင်ကို ကျနော် သဘောမတူပါဘူး။ ဒါက ပင်နယ်တီ မဟုတ်ပါဘူး။
ဒီအခြေအနေမှာ သီယေဂိုက ဘာမှတတ်နိုင်တာ မဟုတ်ပါဘူး။ သူက ပစ်လဲသွားတာပါ။ တမင်လုပ်တာ မဟုတ်ပါဘူး၊ ကျနော်အမြင်အရတော့ ဒါက ပင်နယ်တီ မဟုတ်ပါဘူး။ မိုးယက်စ်က ဖိအားတွေ များနေတာကို ကျနော် သိပါတယ်။ သူက ရလဒ်ကို မပျော်နိုင်ဖြစ်နေတာပါ ” လို့ ရှင်းပြသွားတာ ဖြစ်ပါတယ်။