ဘိုင်ယန်မြူးနစ်မှာ အဆင်မပြေတဲ့နောက် လီဗာပူးကို ပြန်လာချင်နေတဲ့ ဆာဒီယို မာနေး

ဆာဒီယို မာနေးဟာ လီဗာပူးအသင်းကို သတိရနေပြီး အန်ဖီးထံ ပြန်လိုကြောင်း သူ့ရဲ့ သူငယ်ချင်းကို ထုတ်ပြောခဲ့တယ် ဆိုတာကို Football Insider ကနေ ဖော်ပြလာပါတယ်။

ဆာဒီယို မာနေးဟာ အန်ဖီးမှာ ၆နှစ် ကြာနေပြီးမှ ပြီးခဲ့တဲ့ နွေမှာ ဂျာမာန်လိဂ်ထံ ပြောင်းသွားခဲ့တာပါ။ လီဗာပူးကနေ မထွက်ခင် ကလပ်ရဲ့ လုပ်ခ အမြင့်ဆုံးရ အသင်းသား တစ်ဦးအဖြစ် တစ်ပတ်လုပ်ခ ပေါင် ၁၈၀၀၀၀ ရနေတဲ့ မာနေးကို ကလပ်ဘက်က ပေါင် ၂ သိန်းခွဲ ဝန်းကျင်နဲ့ စာချုပ်သစ် ပေးလိုခဲ့တာပါ။

ဒါပေမယ့်လို့ မာနေးကပဲ ဘိုင်ယန်မြူးနစ်ထံ ပြောင်းလိုကြောင်း တောင်းဆိုခဲ့ပြီး လီဗာပူးဘက်က သက်သာတဲ့ ပြောင်းရွှေ့ကြေးနဲ့ သူ့ကို အသင်းပြောင်းခွင့် ပေးခဲ့ရပါတယ်။ အာဖရိက တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရှင်ဟာ ဂျာမာန်မြေမှာတော့ ထင်သလို ဖြစ်မလာခဲ့ပါဘူး။

ဒဏ်ရာကြောင့် ၃ လခွဲလောက် အနားယူခဲ့ရတဲ့ မာနေးဟာ ဆိုးရွားတဲ့ ခြေစွမ်းတွေကြောင့် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့တယ်။ လေ့ကျင့်ရေးအတွင်း မာနေးရဲ့ ခြေစွမ်း ကျဆင်းမှုကို ဘိုင်ယန်ဘက်က အတော်လေး စိတ်ပူခဲ့သလို နောက်ဆုံး ဖြစ်ရပ်မှာတော့ အသင်းဖော် ဆာနေးကို ကိုယ်ထိလက်ရောက် ပြစ်ဒဏ်ကျူးလွန်မှု ရှိခဲ့တာ ဖြစ်ပါတယ်။

မာနေးရဲ့ အနာဂတ် ဘယ်လိုဖြစ်မလဲ မသိသေးပေမယ့် သူကတော့ ဘိုင်ယန်ကနေ ထွက်ခွာလိုနေပါတယ်။ ဒါပေမယ့်လို့ လီဗာပူးဘက်က အန်ဖီးရဲ့ ဟီးရိုးဟောင်းကို တစ်ကျော့ပြန် ခေါ်ယူဖို့ အစီအစဉ် မရှိဘူးလို့ Football Insider က ဖော်ပြသွားပါတယ်။

ကိစ္စတွေ အားလုံးက ရှေ့ဆက်သွားကြဖို့ပဲ ရှိတာနဲ့အတူ လီဗာပူးအသင်းကလည်း ဒါဝင်၊ ဒီယက်စ်၊ ဂက်ပိုတို့နဲ့အတူ အသင်းရဲ့ တိုက်စစ်ကို ပုံစံသစ်ဖြင့် တည်ဆောက်ဖို့ပဲ အာရုံစိုက်နေပြီဖြစ်ပါတယ်။