အသုံးစရိတ်က သူ့အိတ်ထဲက လာတာ မဟုတ်ဘူးဆိုတဲ့ ကလော့ပ်နဲ့ လိဒ်စ် ယူနိုက်တက် ပွဲကြို လီဗာပူး သတင်းတိုများ

နည်းပြထိုင်ခုံမှာနေပြီး ကလပ် ငွေမသုံးနိုင်တဲ့ ကိစ္စကို ထပ်ခါ ထပ်ခါ ရှင်းပြပေးနေရတာဟာ သိပ်တော့ အဆင်မပြေတော့ဘူးလို့ ကလော့ပ်က ပြောပါတယ်။ အသုံးစရိတ်ဟာ သူ့အိတ်ထံက လာတာ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ထရန့်နေရာ တိုက်ရိုက် အစားထိုးမယ့် ကစားသမား ခေါ်ယူမှာ မဟုတ်ဘဲ သူ့ကို ယှဉ်ပြိုင်နိုင်မယ့် ကစားသမားမျိုးကို ရှာဖွေသွားဖို့ ရှိနေပါတယ်။

လက်ရှိ လီဗာပူးအသင်းရဲ့ ကျဆင်းမှုကို ဘယ်လင်ဟမ် တစ်ဦးတည်းကို ပေါင် သန်း ၁၃၀ ပေးပြီး ခေါ်ယူခြင်းနဲ့ ပြန်ဆယ်တင်နိုင်မယ်လို့ ကလပ်ဘက်က မယုံကြည်ပါဘူး။ ဒါဟာ သူ့ကို ခေါ်ယူရေး ကြိုးစားမှုတွေကနေ နောက်ဆုတ်ခြင်းရဲ့ အကြောင်းရင်း တစ်ချက် ဖြစ်ပါတယ်။

ဒီနွေမှာ ဘယ်လို အင်အားဖြည့်မှုတွေ ရှိလာမယ်ဆိုတာ သိရဖို့ စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် နည်းပြကလော့ပ်ဟာ ရာထူးကနေ နှုတ်ထွက်မှာ မဟုတ်ဘဲ အသင်းမှာ ဆက်ရှိနေမှာပါ။

လိဒ်စ်ယူနိုက်တက် နည်းပြက လီဗာပူးဟာ စုဖွဲ့မှုကောင်းပြီး အန္တရာယ်ကြီးတဲ့ အသင်းဖြစ်ကြောင်း ပွဲကြိုမှာ ထုတ်ပြောခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ မေဆန်မောင့်ကို စာချုပ်သစ် ပေးနိုင်ဖို့ နောက်ဆုံး ကမ်းလှမ်းမှု တစ်ခု ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။

လီဗာပူးအသင်းက ဘဏ္ဍာရေးဆိုင်ရာ ဟန်ချက်ညီဖို့အတွက် ကစားသမားတွေ ရောင်းချရမယ့် ချယ်ဆီးအသင်းမှ ကစားသမား ၃ ဦးကို ချိတ်ဆက်ဖွယ် ရှိပါတယ်။

အယ်လီဆန်နဲ့ ကိုနတေးတို့ဟာ ဒီအပတ် အစောပိုင်း ရက်အနည်းငယ်မှာ လေ့ကျင့်ရေး မဆင်းခဲ့ကြပေမယ့် လိစ်ဒ်ယူနိုက်တက် ပွဲကြို လေ့ကျင့်ရေးမှာ ပြန်ပါမယ်လို့ ကလော့ပ်က ဆိုပါတယ်။

ရှော်ကေးအသင်းဟာ လီဗာပူး ခံစစ်မှူး ဆပ်ဗန်ဒန်ဘတ်ကို နောက်တစ်ရာသီ အငှား ခေါ်ယူဖို့ ကြိုးစားသွားမှာပါ။

လီဗာပူးအသင်းဟာ homegrown ကစားသမား လိုအပ်မှုအရ ဒီနွေမှာ အင်္ဂလန်သား ကစားသမား အချို့ကို သေချာပေါက် ခေါ်ယူ အားဖြည့်ပါလိမ့်မယ်။