နာပိုလီ ခံစစ်မှူး ကိုလီဘာလီကို ခေါ်ယူလိုရင် ပေးချေရမယ့် ပြောင်းရွှေ့ကြေး ထွက်ပေါ်

ချယ်ဆီးဟာ ဗဟိုခံစစ်ပိုင်းကို အားဖြည့်ဖို့ ထိပ်တန်း ကစားသမားတွေကို စောင့်ကြည့်မှုတွေ လုပ်နေပြီး ဒီတစ်ကြိမ် သိလာရတာက သတင်းကောင်းတစ်ခုတော့ မဟုတ်ပါဘူး။

စီးရီးအေကလပ် နာပိုလီအသင်းမှာ လူမျိုးရေးခွဲခြားမှုကြောင့် ရုန်းကန်ရမှုတွေ ရှိလာနေပြီး စီရီးအေကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ ကိုလီဘာလီကို ကမ်းလှမ်းလိုတဲ့ ကလပ်အသင်းတွေ အများအပြား ရှိနေပါတယ်။ ဗဟိုခစစ်မှူးကြီးကို ခေါ်ယူလိုရင် ပေးချေရမယ့် ပြောင်းရွှေ့ကြေးက ပေါင် ၁၂၇ သန်းဖြစ်တယ်လို့ သိရပါတယ်။

မန်နေဂျာလမ်းပတ်ဟာ လာမယ့်ရာသီ ချယ်ဆီးအသင်းကို အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်မှာဖြစ်ပြီး တိုက်စစ်မှူး၊ တောင်ပံတိုက်စစ်၊ ဘယ်အစွန်နဲ့ ဗဟိုခံစစ်မှူးသစ်တွေ ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ထားတာပါ။ ဘုန်းမောက်ခံစစ်မှူး အကီကို ပြန်ခေါ်မှာ မဟုတ်ပဲ ဗဟိုခံစစ်တန်းကို ဦးဆောင်ပေးမယ့် ခံစစ်မှူးမျိုးကိုပဲ အလိုရှိနေတာဖြစ်တယ်။

အသက် ၂၈ နှစ်အရွယ် ဗဟိုခံစစ်မှူးကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ကလပ်တွေထဲမှာ ချယ်ဆီးလည်း ပါဝင်နေတာဖြစ်ပြီး သူ့အတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေးက ချယ်ဆီးရဲ့ အနာဂတ် အစီအစဉ်တွေကို ထိခိုက်လောက်အောင် ကြီးမားနေတာဖြစ်တယ်။ ချယ်ဆီးဟာ နွေမှာ ကစားသမားခေါ်ယူမှုကြီးတွေ လုပ်မှာဖြစ်ပေမယ့် တိုက်စစ်ကိုပဲ အဓိက ရည်ရွယ်ထားပါတယ်။

နွေအပြောင်းအရွှေ့မှာ ကစားသမား ရောင်းထုတ်မှုကနေ ရထားတဲ့ ပေါင် ၁၅၀ သန်း ဝန်းကျင်ကို လာမယ့်နွေမှာ ပြန်သုံးမှာဖြစ်ပေမယ့် ဆန်ချို၊ တီမို ဝါနာတို့အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးချေရမှာပါ။ ချယ်ဆီးအသင်း တာဝန်ရှိသူတွေက ခံစစ်မှူးတစ်ဦးအတွက် နာပိုလီရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးမှာတော့ မဟုတ်ပါဘူး။

နွေမှာ ဆန်ချိုကို ခေါ်ယူဖို့က ရေပန်းအစားဆုံးဖြစ်ပြီး အင်္ဂလန်လူငယ်တောင်ပံသမားအတွက် ဒေါ့မွန်ဘက်က ဈေးတင်ဖို့ ကြိုးစားနေချိန်မှာ ခံစစ်မှူး ကိုလီဘာလီအတွက် ထွက်ပေါ်လာတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၂၇ သန်း ကတော့ စိတ်ပျက်စရာပဲ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ ဗဟိုခံစစ္ပိုင္းကို အားျဖည့္ဖို႔ ထိပ္တန္း ကစားသမားေတြကို ေစာင့္ၾကည့္မႈေတြ လုပ္ေနျပီး ဒီတစ္ၾကိမ္ သိလာရတာက သတင္းေကာင္းတစ္ခုေတာ့ မဟုတ္ပါဘူး။

စီးရီးေအကလပ္ နာပိုလီအသင္းမွာ လူမ်ိဳးေရးခြဲျခားမႈေၾကာင့္ ရုန္းကန္ရမႈေတြ ရွိလာေနျပီး စီရီးေအကေန ထြက္ခြာဖို႔ ၾကိဳးစားေနတဲ့ ကိုလီဘာလီကို ကမ္းလွမ္းလိုတဲ့ ကလပ္အသင္းေတြ အမ်ားအျပား ရွိေနပါတယ္။ ဗဟိုခစစ္မွဴးၾကီးကို ေခၚယူလိုရင္ ေပးေခ်ရမယ့္ ေျပာင္းေရႊ႔ေၾကးက ေပါင္ ၁၂၇ သန္းျဖစ္တယ္လို႔ သိရပါတယ္။

မန္ေနဂ်ာလမ္းပတ္ဟာ လာမယ့္ရာသီ ခ်ယ္ဆီးအသင္းကို အၾကီးစား ျပင္ဆင္မႈေတြ ျပဳလုပ္မွာျဖစ္ျပီး တိုက္စစ္မွဴး၊ ေတာင္ပံတိုက္စစ္၊ ဘယ္အစြန္နဲ႔ ဗဟိုခံစစ္မွဴးသစ္ေတြ ေခၚယူမယ္လို႔ သတင္းေတြ ထြက္ထားတာပါ။ ဘုန္းေမာက္ခံစစ္မွဴး အကီကို ျပန္ေခၚမွာ မဟုတ္ပဲ ဗဟိုခံစစ္တန္းကို ဦးေဆာင္ေပးမယ့္ ခံစစ္မွဴးမ်ိဳးကိုပဲ အလိုရွိေနတာျဖစ္တယ္။

အသက္ ၂၈ ႏွစ္အရြယ္ ဗဟိုခံစစ္မွဴးကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ ကလပ္ေတြထဲမွာ ခ်ယ္ဆီးလည္း ပါဝင္ေနတာျဖစ္ျပီး သူ႔အတြက္ ေပးေခ်ရမယ့္ ေျပာင္းေရႊ႔ေၾကးက ခ်ယ္ဆီးရဲ႕ အနာဂတ္ အစီအစဥ္ေတြကို ထိခိုက္ေလာက္ေအာင္ ၾကီးမားေနတာျဖစ္တယ္။ ခ်ယ္ဆီးဟာ ေႏြမွာ ကစားသမားေခၚယူမႈၾကီးေတြ လုပ္မွာျဖစ္ေပမယ့္ တိုက္စစ္ကိုပဲ အဓိက ရည္ရြယ္ထားပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ ကစားသမား ေရာင္းထုတ္မႈကေန ရထားတဲ့ ေပါင္ ၁၅၀ သန္း ဝန္းက်င္ကို လာမယ့္ေႏြမွာ ျပန္သံုးမွာျဖစ္ေပမယ့္ ဆန္ခ်ိဳ၊ တီမို ဝါနာတို႔အတြက္ ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးေတြ ေပးေခ်ရမွာပါ။ ခ်ယ္ဆီးအသင္း တာဝန္ရွိသူေတြက ခံစစ္မွဴးတစ္ဦးအတြက္ နာပိုလီရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးကို ေပးမွာေတာ့ မဟုတ္ပါဘူး။

ေႏြမွာ ဆန္ခ်ိဳကို ေခၚယူဖို႔က ေရပန္းအစားဆံုးျဖစ္ျပီး အဂၤလန္လူငယ္ေတာင္ပံသမားအတြက္ ေဒါ့မြန္ဘက္က ေစ်းတင္ဖို႔ ၾကိဳးစားေနခ်ိန္မွာ ခံစစ္မွဴး ကိုလီဘာလီအတြက္ ထြက္ေပၚလာတဲ့ ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၂၇ သန္း ကေတာ့ စိတ္ပ်က္စရာပဲ ျဖစ္ပါတယ္။