ခြေစွာနေတဲ့ လူငယ်အသင်း ၇ ဂိုးပြတ် နိုင်ပွဲ၊ ချီဝီဇီ၊ ဒရိုင်းစ်မာတင်တို့နဲ့ ချယ်ဆီး နံနက်ခင်းသတင်းတိုများ

ဘာစီလိုနာ တိုက်စစ်သမား ဖိလစ်ပီ ကော်တင်ညိုကို စပိန်ကလပ်က လာမယ့်နွေမှာ ထွက်ခွာဖို့ အသိပေးလိုက်ပြီ ဖြစ်ပါတယ်။ ကော်တင်ညိုကို ပရီးမီးယားလိဂ်မှ ချယ်ဆီး၊ ယူနိုက်တက်၊ မန်စီးတီး၊ စပါးတို့ အပြင် အသင်းဟောင်း လီဗာပူးကပါ စိတ်ဝင်စားမှု ပြသထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချယ်ဆီးနဲ့ လန်ဒန်မှာ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကို တောင်ပံတိုက်စစ်သမား ပါရီဆစ် လွဲချော်ပြီ ဖြစ်ကြောင်းအသင်း ဝက်ဆိုဒ်ကနေ တရားဝင် သတင်းထုတ်ပြန်သွားပါတယ်။

မနက်က ချယ်ဆီးလူငယ်က ဝုဗ်လူငယ်အသင်းကို ၇ ဂိုးပြတ် နိုင်ခဲ့တဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ Anjorin ဟာ အထူးခြေစွမ်းပြခဲ့ပါတယ်။ သူဟာ စီနီယာအဆင့်ကိုတောင် ရောက်လုပြီလို့ ဖော်ပြခံနေရပါတယ်။

ရာသီကုန်မှာ တောင်ပံတိုက်စစ်သမား ဝီလီယံကို လက်လွှတ်ရဖွယ် ရှိတဲ့ ချယ်ဆီးက ဗီလာရီးရဲလ်အသင်မှ ပေါင် သန်း ၆၀ တန် တိုက်စစ်သမား ချီဝီဇီကို စိတ်ဝင်စားဟန် ပြသလာပါတယ်။ ချီဝီဇီကို ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ လီဗာပူးက ကမ်းလှမ်းခဲ့သော်လည်း ပေါင် သန်း ၃၀ ပြောင်းရွှေ့ကြေးသာ ဖြစ်လို့ မအောင်မြင်ခဲ့ပါဘူး။

ဘီဘီစီ သတင်းထောက် Kristof Terreur က ဇန်နဝါရီ အပြောင်းအရွှေ့မှာ ချယ်ဆီးက နာပိုလီ တိုက်စစ်သမား မာတင်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့တယ်လို့ ထုတ်ဖော်လိုက်ပါတယ်။

သူကပဲ ” ချယ်ဆီးထံက စိတ်ဝင်စားစရာ ဖုန်းပါပဲ။ မာတင်က နေရာလေးမျိုးလောက်မှာ ကစားနိုင်တော့ သူ့ကို ခေါ်ယူလိုခဲ့တယ်။ မာတင်က ထူးချွန်ပြီး လန်ဒန်ကို ပြောင်းခွင့်ရဖို့ အခွင့်အရေးရမယ်ဆိုရင် လွဲချော်လိုသူ မဟုတ်ပါဘူး။ သူကလည်း အပြောင်းအရွှေ့ ဖြစ်လိုခဲ့ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီအတွက် ကစားသမားတွေကို ချယ်ဆီးဘက်က ပေးထားတဲ့ အားလပ်ရက်က ကုန်ဆုံးပြီဖြစ်ပြီး မနေ့ တနင်္လာနေ့မှာ အသင်းသားတွေ လေ့ကျင့်ရေးတွေ ပြန်ဝင်ခဲ့ပြီဖြစ်ပါတယ်။

Zawgyi – ဘာစီလိုနာ တိုက္စစ္သမား ဖိလစ္ပီ ေကာ္တင္ညိဳကို စပိန္ကလပ္က လာမယ့္ေႏြမွာ ထြက္ခြာဖို႔ အသိေပးလိုက္ျပီ ျဖစ္ပါတယ္။ ေကာ္တင္ညိဳကို ပရီးမီးယားလိဂ္မွ ခ်ယ္ဆီး၊ ယူနိုက္တက္၊ မန္စီးတီး၊ စပါးတို႔ အျပင္ အသင္းေဟာင္း လီဗာပူးကပါ စိတ္၀င္စားမႈ ျပသထားပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ခ်ယ္ဆီးနဲ႕ လန္ဒန္မွာ ရင္ဆိုင္ရမယ့္ ခ်န္ပီယံလိဂ္ ပြဲစဥ္ကို ေတာင္ပံတိုက္စစ္သမား ပါရီဆစ္ လြဲေခ်ာ္ျပီ ျဖစ္ေၾကာင္း အသင္း ၀က္ဆိုဒ္ကေန တရား၀င္ သတင္းထုတ္ျပန္သြားပါတယ္။

မနက္က ခ်ယ္ဆီးလူငယ္က ဝုဗ္လူငယ္အသင္းကို ၇ ဂိုးျပတ္ ႏုိင္ခဲ့တဲ့ပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့တဲ့ Anjorin ဟာ အထူးေျခစြမ္းျပခဲ့ပါတယ္။ သူဟာ စီနီယာအဆင့္ကိုေတာင္ ေရာက္လုျပီလို႔ ေဖာ္ျပခံေနရပါတယ္။

ရာသီကုန္မွာ ေတာင္ပံတိုက္စစ္သမား ၀ီလီယံကို လက္လႊတ္ရဖြယ္ ရွိတဲ့ ခ်ယ္ဆီးက ဗီလာရီးရဲလ္အသင္မွ ေပါင္ သန္း ၆၀ တန္ တိုက္စစ္သမား ခ်ီ၀ီဇီကို စိတ္၀င္စားဟန္ ျပသလာပါတယ္။ ခ်ီ၀ီဇီကို ျပီးခဲ့တဲ့ ဇန္န၀ါရီလထဲမွာ လီဗာပူးက ကမ္းလွမ္းခဲ့ေသာ္လည္း ေပါင္ သန္း ၃၀ ေျပာင္းေရႊ႕ေၾကးသာ ျဖစ္လို႔ မေအာင္ျမင္ခဲ့ပါဘူး။

ဘီဘီစီ သတင္းေထာက္ Kristof Terreur က ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ခ်ယ္ဆီးက နာပိုလီ တိုက္စစ္သမား မာတင္ကို ေခၚယူႏုိင္ဖို႔ ၾကိဳးစားခဲ့တယ္လို႔ ထုတ္ေဖာ္လိုက္ပါတယ္။

သူကပဲ ” ခ်ယ္ဆီးထံက စိတ္ဝင္စားစရာ ဖုန္းပါပဲ။ မာတင္က ေနရာေလးမ်ိဳးေလာက္မွာ ကစားႏုိင္ေတာ့ သူ႔ကို ေခၚယူလိုခဲ့တယ္။ မာတင္က ထူးခၽြန္ျပီး လန္ဒန္ကို ေျပာင္းခြင့္ရဖို႔ အခြင့္အေရးရမယ္ဆိုရင္ လြဲေခ်ာ္လိုသူ မဟုတ္ပါဘူး။ သူကလည္း အေျပာင္းအေရႊ႔ ျဖစ္လိုခဲ့ပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

ေဖေဖာ္ဝါရီအတြက္ ကစားသမားေတြကို ခ်ယ္ဆီးဘက္က ေပးထားတဲ့ အားလပ္ရက္က ကုန္ဆံုးျပီျဖစ္ျပီး မေန႔ တနလၤာေန႔မွာ အသင္းသားေတြ ေလ့က်င့္ေရးေတြ ျပန္ဝင္ခဲ့ျပီျဖစ္ပါတယ္။