ကာရာေဘာင္းပြဲမွာ မန္စီးတီးကို နွစ္ဂိုးအထက္ သြင္းမယ္လို႔ ဆိုးရွား ေျပာဆို

မန္ခ်က္စတာယူနုိက္တက္ဟာ ဒီေန႔ညမွာ ကာရာေဘာင္ဖလားဆီီမီးဖိုင္နယ္ ဒုတိယ အေက်ာ့ အျဖစ္ မန္စီးတီးကို အက္တီးဟက္ကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။

ပထမအေက်ာ့ ပြဲမွာေတာ့ ယူနိုက္တက္ဟာ အိမ္ကြင္းမွာတင္ စီးတီးကို ၃ ဂိုး ၁ ဂိုးနဲ႕ ရွံဳးနိမ့္ထားတာေၾကာင့္ မန္စီးတီးကေတာ့ ဖိုင္နယ္ ေရာက္ဖို႔ အလားအလာေကာင္းေနပါတယ္။ ဒါေပမယ့္ ပီအက္စ္ဂ်ီကို ျပီးခဲ့တဲ့ ရာသီ ခ်န္ပီယံလိဂ္မွာ ဒုတိယအေက်ာ့ နုိင္ပြဲ ျပန္ယူခဲ့သလိုမ်ိဳး ဒီေန႔ည ပြဲမွာလည္း ယူနိုက္တက္ ထပ္လုပ္ျပနိုင္ဖို႔ ဆိုးရွားက ေမွ်္ာလင့္ေ္နပါတယ္။

” ဒီ႔ပြဲမွာ က်ေန္ာတို႔က ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ ထုတ္ျပျပီး အိမ္ရွင္ မန္စီးတီးကို နွစ္ဂိုးျပတ္နဲ႕ နုိင္ေအာင္ ၾကိဳးစားသြားမွာပါ။ ဒီျပိဳင္ပြဲမွာ အေ၀းဂိုး စနစ္ မပါပါဘူး။ ဒါေပမယ့္ သူတို႔ကို နွစ္ဂိုး အထက္ သြင္းဖို႔ပဲ လိုတယ္။ ပထမအေက်ာ့ ပြဲတုန္းကလို ဂိုးေတြ သြင္းခြင့္ မေပးေတာ့ဘူး။ အဲဒီလို ေပးလိုက္ရင္ ေတာ္ေတာ္ကို ခက္ခဲသြားပါလိမ့္မယ္။

ပထမပိုင္း ကစားပံုကို ၾကည့္ျပီး ဒုတိယပိုင္းမွာ ဂိုးေတြ ရေအာင္ ၾကိဳးစားမွာပါ။ ယံုၾကည္မႈကေတာ့ ရွိေနဆဲပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ ပီအက္စ္ဂ်ီကုိ ဒီလို အေနအထားနဲ႕ပဲ ေက်ာ္ျဖတ္ခဲ့ဖူးတယ္။ က်ေန္ာတို႔ အေကာင္းဆံုး အသင္းတစ္သင္းကို ရင္ဆိုင္ခဲ့ရတာ ျဖစ္တယ္။ ဒါ့အျပင္ ဒီဇင္ဘာေလာက္တည္းက က်ေနာ္တုိ႔ဟာ အသင္းေကာင္း တစ္သင္း ပိုင္ဆိုင္ထားပါျပီ။ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ဒီည စီးတီးနဲ႕ ယူနိုက္တက္ ပြဲမွာ ယူနိုက္တက္ ဘက္က တိုက္စစ္မွဴး ရက္ဖို႔ဒ္ ဒဏ္ရာ ေၾကာင့္ ပါ၀င္နုိင္မွာ မဟုတ္သလို မန္စီးတီးဘက္က လာေပၚေတးလည္း ပါ၀င္နုိင္မွာ မဟုတ္ပါဘူး။ ယူနိုက္တက္ အေနနဲ႕ နည္းျပ ဆိုးရွား ေမွ်ာ္လင့္ထားသလို နွစ္ဂိုး အထက္ သြင္းနုိင္မလား ရင္ခုန္ၾကရဦးမွာပါ။

Unicode – မန်ချက်စတာယူနိုက်တက်ဟာ ဒီနေ့ညမှာ ကာရာဘောင်ဖလားဆီမီးဖိုင်နယ် ဒုတိယ အကျော့ အဖြစ် မန်စီးတီးကို အက်တီးဟက်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။

ပထမအကျော့ ပွဲမှာတော့ ယူနိုက်တက်ဟာ အိမ်ကွင်းမှာတင် စီးတီးကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားတာကြောင့် မန်စီးတီးကတော့ ဖိုင်နယ် ရောက်ဖို့ အလားအလာကောင်းနေပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီကို ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်မှာ ဒုတိယအကျော့ နိုင်ပွဲ ပြန်ယူခဲ့သလိုမျိုး ဒီနေ့ည ပွဲမှာလည်း ယူနိုက်တက် ထပ်လုပ်ပြနိုင်ဖို့ ဆိုးရှားက မျှေ်ာလင့်ေ်နပါတယ်။

” ဒီ့ပွဲမှာ ကျနေ်ာတို့က ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ထုတ်ပြပြီး အိမ်ရှင် မန်စီးတီးကို နှစ်ဂိုးပြတ်နဲ့ နိုင်အောင် ကြိုးစားသွားမှာပါ။ ဒီပြိုင်ပွဲမှာ အဝေးဂိုး စနစ် မပါပါဘူး။ ဒါပေမယ့် သူတို့ကို နှစ်ဂိုး အထက် သွင်းဖို့ပဲ လိုတယ်။ ပထမအကျော့ ပွဲတုန်းကလို ဂိုးတွေ သွင်းခွင့် မပေးတော့ဘူး။ အဲဒီလို ပေးလိုက်ရင် တော်တော်ကို ခက်ခဲသွားပါလိမ့်မယ်။

ပထမပိုင်း ကစားပုံကို ကြည့်ပြီး ဒုတိယပိုင်းမှာ ဂိုးတွေ ရအောင် ကြိုးစားမှာပါ။ ယုံကြည်မှုကတော့ ရှိနေဆဲပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပီအက်စ်ဂျီကို ဒီလို အနေအထားနဲ့ပဲ ကျော်ဖြတ်ခဲ့ဖူးတယ်။ ကျနေ်ာတို့ အကောင်းဆုံး အသင်းတစ်သင်းကို ရင်ဆိုင်ခဲ့ရတာ ဖြစ်တယ်။ ဒါ့အပြင် ဒီဇင်ဘာလောက်တည်းက ကျနော်တို့ဟာ အသင်းကောင်း တစ်သင်း ပိုင်ဆိုင်ထားပါပြီ။ ” လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ဒီည စီးတီးနဲ့ ယူနိုက်တက် ပွဲမှာ ယူနိုက်တက် ဘက်က တိုက်စစ်မှူး ရက်ဖို့ဒ် ဒဏ်ရာ ကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို မန်စီးတီးဘက်က လာပေါ်တေးလည်း ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ယူနိုက်တက် အနေနဲ့ နည်းပြ ဆိုးရှား မျှော်လင့်ထားသလို နှစ်ဂိုး အထက် သွင်းနိုင်မလား ရင်ခုန်ကြရဦးမှာပါ။