မီဒီယာတွေ့ဆုံမှုမှာ အသင်းသားတွေကို ဘာပြောလိုက်လို့ ခြေစွမ်း ဒီလောက် ပြောင်းလဲသွားလဲ မေးခံရတဲ့ ယာဂင်

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်အပြီး ပထမပိုင်းအပြီး ၁၅ မိနစ် နားချိန် အဝတ်လဲခန်းမှာ အသင်းသားတွေကို ဘာတွေများ လုံ့ဆော်ခဲ့သလဲလို့ သတင်းထောက်တွေက ယာဂင်ကလော့ပ်ကို မေးခွန်းထုတ်ခဲ့တယ်။

လီဗာပူးအသင်းဟာ တော်တော်ဆိုးရွားတဲ့ ပထမပိုင်းကို ကစားခဲ့ကာ ဒုတိယပိုင်းမှာတော့ ခြားနားတဲ့ တိုက်ပွဲဝင်လိုစိတ်တွေနဲ့အတူ ပြန်ရုန်းထခဲ့တာကြောင့် ခြေပဂိုး ၂ ဂိုးအပြင် ဦးဆောင်ဂိုး ၁ ဂိုးကိုပါ သွင်းယူနိုင်ခ့တာပဲ ဖြစ်ပါတယ်။

ယာဂင်က ” ကောင်လေးတွေကို ဗီလာရီးရဲလ်က သိပ်ကောင်းနေတယ်။ ဒါပေမယ့် ဒီပွဲကို သူတို့လည်း မပိုင်ပါဘူး ” လို့ ပြောခဲ့ပါတယ်ဆိုပြီး ရှင်းပြပါတယ်။

စိတ်ဓါတ်ပိုင်း မာကျောမှုကို ပြသဖို့ ကြိုတင် သတိပေးခဲ့ကြောင်းကို ” ပွဲမတိုင်ခင်ကလည်း ကောင်လေးတွေကို သတင်းစာတွေမှာ mentality monsters ဆိုပြီး ဖော်ပြခံရတာ ဖတ်ချင်တယ်လို့ မှာခဲ့တယ်။ ဒါပေမယ့် ပွဲစတည်းက ကြိုးစားကစားတာကို မြင်လိုခဲ့ပါတယ်။

အခုတော့ သတင်းခေါင်းကြီးပိုင်းတွေက ကျနော် ပြောသလို ရေးနေကြပါပြီ။ ပထမပိုင်းမှာ ကျနော်တို့ ဘယ်လိုတွေ ဖိအားပေးခံရပြီး ဒုတိယပိုင်းမှာ ပြန်လာပြနိုင်ခဲ့တယ်ဆိုတာကို အားလုံး မြင်ကြပါမယ်။ ဒါက သိပ်ကောင်းပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ သိပ်ကောင်းခဲ့ပါတယ် ” လို့ ဆက်ပြောခဲ့တယ်။

ပထမပိုင်းမှာ အသင်းသားတွေ ရုန်းကန်ရတာက ဘယ်သူ ဘယ်သူကြောင့် ဆိုတာမျိုး မဟုတ်ဘဲ ပွဲကို စတင်ဖို့ တုန့်ပြန်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်လို့ ကလော့ပ်က ပြောပါတယ်။ ဒုတိယပိုင်းမှာ အကောင်းဆုံး ပြန်လုပ်ပြနိုင်တာကိုလည်း ကျေနပ်ကြောင်း ဝန်ခံခဲ့တယ်။

ကလော့ပ်က ပြောပြရာမှာ ” ပထမပိုင်းအပြီးမှာ မှားနေပြီဆိုတာ ကျနော်တို့ သိခဲ့ပါတယ်။ အရေးပါတဲ့ ပွဲချိန်ဝက်ဖြစ်ပေမယ့် ကျျနော်တို့ ဘယ်လို တုန့်ပြန်ခဲ့တယ်ဆိုတာက ပိုပြီး အရေးကြီးပါတယ်။ ကျနော်တို့ ပွဲထဲမှာ ရှိနေဆဲဖြစ်ပြီး အစွမ်းကုန် ကြိုးစားခဲ့ကြတယ်။

ပထမပိုင်းမှာ လုံလောက်အောင် မကောင်းခဲ့သလို အဲ့တာက ဘယ်သူတွေ ဝင်ကစားနေတယ် ဆိုတာထက် ကျနော်တို့ ပွဲကို ဘယ်လို စတင်ခဲ့တယ်ဆိုတာကြောင့် ဖြစ်ပါတယ်။ ဗီလာရီးရဲလ်က ကျနော်တို့ကို လူကပ် ကစားခဲ့တယ်။ ပြီးနောက် ကျနော်တို့က ပြန်ပြီး လူကပ် ကစားခဲ့တယ်။ ဒုတိယပိုင်းမှာ သက်ရောက်မှုကြီးတွေ ပြသနိုင်ခဲ့ပါတယ် ” လို့ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဗိုလ်လုပွဲမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီး အတွဲက တက်လာတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။