အာတီတာ အိုဇေးတို့နဲ့ အာဆင်နယ် ညနေခင်းသတင်းများ
အူဘာမီးယန်းရဲ့ အစ်ကို ဖြစ်သူကတော့ အင်စတာဂရမ်က အာတီတာနဲ့ ပတ်သတ်တဲ့ ပို့စ်မှာ ယွန်းဘတ်နဲ့ အာတီတာက အတူတူပဲ ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပြီး အသင်းနည်းပြ အနေအထားက ပြောင်းလဲမှု လုပ်ပေးနိုင်မယ်လို့ ၄င်းက မျှော်လင့်ထားပုံ မရပါဘူး။
အာဆင်နယ် နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးကတော့ နည်းပြသစ် ဖြစ်လာဖို့ အနီးစပ်ဆုံး ဖြစ်နေတဲ့ အာတီတာကို အားပေးလိုက်ပြီး တပည့်ဟောင်းဟာ အာဆင်နယ်က အခက်အခဲတွေ ကျော်ဖြတ်ဖို့ ၄င်းပတ်ဝန်းကျင်မှသူများနဲ့ ဘုတ်အဖွဲ့ရဲ့ ထောက်ခံအားပေးမှုကိုလည်း လိုအပ်ကြောင်း သုံးသပ်လိုက်ပါတယ်။
Unicode – အာတီတာက အာဆင်နယ်အသင်း မန်နေဂျာအသစ် အဖြစ် တရားဝင် ကြေငြာခြင်း ခံရတော့မှာ ဖြစ်ပြီး ၎င်းဟာ ယခင်နည်းပြ အူနိုင်း အမ်မရီကဲ့သို့ တစ်ရာသီ ပေါင် ၅ သိန်း ဝန်းကျင် လုပ်ခလစာ ရရှိမှာ ဖြစ်တယ်လို့ ဒေးလီးမေးလ်မှာ ဖော်ပြထားပါတယ်။ အာတီတာဟာ ၃ နှစ်ခွဲ စာချုပ် အာဆယ်နယ်နဲ့ ချုပ်ဆိုဖို့ သဘောတူညီမှု ပေးခဲ့ပြီလို့ သိရပါတယ်။
အာဆင်နယ်က မန်ချက်စတာစီးတီး နည်းပြ အဖွဲ့ဝင်တွေထဲက အဓိက တစ်ဦး ဖြစ်တဲ့ စွမ်းရည်အကဲဖြတ်သူ ဆမ် ဖာဘီမီကိုလည်း အာတီတာနဲ့ အတူ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
အာတီတာဟာ အာဆင်နယ်ကို ဘောလုံးအတွေးအမြင်သစ်တွေ ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ အသင်းဖော်ဟောင်း ယာယာတိုရေးက ထောက်ခံ ပြောဆိုလိုက်ပါတယ်။
အူဘာမီးယန်းရဲ့ အစ်ကို ဖြစ်သူကတော့ အင်စတာဂရမ်က အာတီတာနဲ့ ပတ်သတ်တဲ့ ပို့စ်မှာ ယွန်းဘတ်နဲ့ အာတီတာက အတူတူပဲ ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပြီး အသင်းနည်းပြ အနေအထားက ပြောင်းလဲမှု လုပ်ပေးနိုင်မယ်လို့ ၎င်းက မျှော်လင့်ထားပုံ မရပါဘူး။
အာဆင်နယ် နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးကတော့ နည်းပြသစ် ဖြစ်လာဖို့ အနီးစပ်ဆုံး ဖြစ်နေတဲ့ အာတီတာကို အားပေးလိုက်ပြီး တပည့်ဟောင်းဟာ အာဆင်နယ်က အခက်အခဲတွေ ကျော်ဖြတ်ဖို့ ၎င်းပတ်ဝန်းကျင်မှသူများနဲ့ ဘုတ်အဖွဲ့ရဲ့ ထောက်ခံအားပေးမှုကိုလည်း လိုအပ်ကြောင်း သုံးသပ်လိုက်ပါတယ်။
အာဆင်နယ် ကွင်းလယ်ကစားသမား အိုဇေးလ် အနေနဲ့ တရုတ်နဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေ ပြောဆိုနေဖို့ထက် ဘောလုံးကိုသာ အာရုံစိုက် ကစားသင့်ကြောင်း ယာယာတိုရေးက တိုက်တွန်းလိုက်ပါတယ်။