ကိုချက်စတာနဲ့ ပွဲကြို နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဆဲလ္ဘတ္ တိုက္စစ္မွဴး အာလင္း ဟာလန္းကို ေနာက္လထဲမွာ ေခၚယူနုိင္ေတာ့မယ္လို႔ ယံုၾကည္မႈ ရွိေနပါတယ္။ ယူနိုက္တက္က ဟာလန္းအတြက္ ေပါင္ ၇၆ သန္းနဲ႕ ကမ္းလွမ္းမွာ ျဖစ္ျပီး ဆဲလ္ဘတ္ကေတာ့ ရာသီကုန္ထိ ၄င္းတို႔ထံမွာ အငွားျပန္ခ်ထားဖို႔ ေတာင္းဆိုထားပါတယ္။

ယူနိုက္တက္ဟာ ကြင္းလယ္ကစားသမား ေပါ့ဘာကို လာမယ့္ ဇန္န၀ါရီမွာေတာ့ ရီးရဲလ္မက္ဒရစ္ထံ ေျပာင္းေရႊ႕ခြင့္ မျပဳဖို႔ ဆံုးျဖတ္ထားေၾကာင္း ေဒးလီးေမးလ္က ေဖာ္ထုတ္ထားပါတယ္။

ျပင္သစ္သားရဲ႕ အသင္းအတြက္ အားထုတ္မႈက ေမးခြန္းထုတ္ဖြယ္ ရွိေနျပီး ေပါ့ဘာဟာ စက္တင္ဘာလတည္းက ေျခက်င္း၀တ္ဒဏ္ရာေၾကာင့္ အသင္းအတြက္ ပါ၀င္ကစားျခင္း မရိွေသးပါဘူး။ ဒါေပမယ့္ ျပီးခဲ့တဲ့ ေသာၾကာေန႔ကေတာ့ သူ႔အစ္ကို ျဖစ္သူရဲ႕ မဂၤလာေဆာင္မွာ ကခုန္ေနတဲ့ ဗီဒီယို တစ္ခု ေပါ့ဘာက တင္ခဲ့တာေၾကာင့္ ေ၀ဖန္မႈေတြ ရွိေနပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း ဇာလက္တန္ ေအဗရာဟင္မိုဗစ္ခ်္ကို ပရီးမီးယားလိဂ္သို႔ ျပန္ေခၚဖို႔ အဲဗာတန္အသင္းက ခ်ိတ္ဆက္ ၾကိဳးပမ္းေနတယ္ သတင္း ထြက္လာပါတယ္။ အသက္ ၃၈ နွစ္ အရြယ္ ၀ါရင့္တိုက္စစ္မွဴးၾကီးဟာ ေမဂ်ာလိဂ္ကလပ္ အယ္လ္ေအ ဂလက္ဇီက ထြက္ခြာလာခဲ့ျပီး အီတလီသို႔ သြားဖို႔ ေရပန္းစားေနသူပါ။

ယူနိုက္တက္ လူငယ္တိုက္စစ္သမားေလး ေမဆန္ဂရင္း၀ုဒ္ဟာ အသင္းလူစာရင္းမွာ မာရွယ္ကို ေက်ာ္ျပီး ေနရာရလာနိုင္တယ္လို႔ တိုက္စစ္မွဴးေဟာင္း ဗန္ပါစီက သံုးသပ္ေျပာဆိုလိုက္ပါတယ္။ ဂရင္း၀ုဒ္ဟာ ဒီည ကိုခ်က္စတာနဲ႕ ကာရာေဘာင္းဖလားပြဲမွာလည္း ပါ၀င္ ကစားခြင့္ ရဖြယ္ ရွိပါတယ္။

Unicode – မန်ချက်စတာ ယူနိုက်တက်ဟာ ဆဲလ်ဘတ် တိုက်စစ်မှူး အာလင်း ဟာလန်းကို နောက်လထဲမှာ ခေါ်ယူနိုင်တော့မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။ ယူနိုက်တက်က ဟာလန်းအတွက် ပေါင် ၇၆ သန်းနဲ့ ကမ်းလှမ်းမှာ ဖြစ်ပြီး ဆဲလ်ဘတ်ကတော့ ရာသီကုန်ထိ ၎င်းတို့ထံမှာ အငှားပြန်ချထားဖို့ တောင်းဆိုထားပါတယ်။

ယူနိုက်တက်ဟာ ကွင်းလယ်ကစားသမား ပေါ့ဘာကို လာမယ့် ဇန်နဝါရီမှာတော့ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ခွင့် မပြုဖို့ ဆုံးဖြတ်ထားကြောင်း ဒေးလီးမေးလ်က ဖော်ထုတ်ထားပါတယ်။

ပြင်သစ်သားရဲ့ အသင်းအတွက် အားထုတ်မှုက မေးခွန်းထုတ်ဖွယ် ရှိနေပြီး ပေါ့ဘာဟာ စက်တင်ဘာလတည်းက ခြေကျင်းဝတ်ဒဏ်ရာကြောင့် အသင်းအတွက် ပါဝင်ကစားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့ကတော့ သူ့အစ်ကို ဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ ကခုန်နေတဲ့ ဗီဒီယို တစ်ခု ပေါ့ဘာက တင်ခဲ့တာကြောင့် ဝေဖန်မှုတွေ ရှိနေပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဇာလက်တန် အေဗရာဟင်မိုဗစ်ချ်ကို ပရီးမီးယားလိဂ်သို့ ပြန်ခေါ်ဖို့ အဲဗာတန်အသင်းက ချိတ်ဆက် ကြိုးပမ်းနေတယ် သတင်းထွက်လာပါတယ်။ အသက် ၃၈ နှစ် အရွယ် ဝါရင့်တိုက်စစ်မှူးကြီးဟာ မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်ဇီက ထွက်ခွာလာခဲ့ပြီး အီတလီသို့ သွားဖို့ ရေပန်းစားနေသူပါ။

ယူနိုက်တက်ဟာ ကလေးငယ် အုပ်စုတွေထံ ယနေ့ည အိုးထရက်ဖို့ဒ်မှာ ကန်မယ့် ကိုချက်စတာယူနိုက်တက်နဲ့ ပွဲစဉ် လက်မှတ် ၃ သောင်းအား ဖရီး ပေးခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက် လူငယ်တိုက်စစ်သမားလေး မေဆန်ဂရင်းဝုဒ်ဟာ အသင်းလူစာရင်းမှာ မာရှယ်ကို ကျော်ပြီး နေရာရလာနိုင်တယ်လို့ တိုက်စစ်မှူးဟောင်း ဗန်ပါစီက သုံးသပ်ပြောဆိုလိုက်ပါတယ်။ ဂရင်းဝုဒ်ဟာ ဒီည ကိုချက်စတာနဲ့ ကာရာဘောင်းဖလားပွဲမှာလည်း ပါဝင် ကစားခွင့် ရဖွယ် ရှိပါတယ်။