လီဗာပူးကွင်းလယ်လူဟောင်းကို ယူနိုက်တက်က ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ ရေပန်းစားမှု မြင့်တက်လာ

လက္ရွိ စီးရီးေအကလပ္ ဂ်ဴဗင္တပ္မွာ ကစားေနတဲ့ ကြင္းလယ္လူဟာ ခ်န္ဟာ ဇန္နဝါရီမွာ ေျပာင္းေရႊ႔ခြင့္စာတင္ဖို႔ စတင္လုပ္ေဆာင္ေနျပီး ယူႏုိက္တက္ကို ေရာက္လာဖို႔ ေရပန္းစားမႈေတြကလည္း ျမင့္တက္လာခဲ့ျပီျဖစ္ပါတယ္။

မန္ေနဂ်ာေဟာင္း အယ္လီဂရီလက္ထက္ အလႊတ္ေျပာင္းေရႊ႔ေၾကးျဖင့္ လီဗာပူးကေန ေခၚယူထားျခင္းခံရတဲ့ ခ်န္ဟာ အီတလီမန္ေနဂ်ာ ဆာရီလက္ေအာက္မွာ ေနရာမရသလို ခ်န္ပီယံလိဂ္လူစာရင္းကေန ထုတ္ပယ္ခံထားရတာျဖစ္တယ္။ ဆာရီလက္ေအာက္ ပြဲထြက္ခြင့္ ရုန္းကန္ေနရတဲ့ ခ်န္ဟာ အသင္းေျပာင္းဖို႔ စီစဥ္ေနျပီး သူ႔ကို ေခၚယူဖို႔ ယူႏုိက္တက္က စိတ္ဝင္စားေနတာျဖစ္တယ္။

ခ်န္ပီယံလိဂ္လူစာရင္းတင္မႈကေန ထုတ္ပယ္ခံရမႈကို ေဒါသထြက္ခဲ့တဲ့ ခ်န္ဟာ ဒီရာသီတစ္ေလွ်ာက္ အရန္စာရင္းမွာပဲ အခ်ိန္ျဖဳန္းေနရတာပါ။ ဂ်ာမာန္သား ကြင္းလယ္လူဟာ ခီဒီယာေနရာ အစားထိုးမယ့္သူလို႔ ယူဆခံခဲ့ရေပမယ့္လည္း ဆာရီကေတာ့ ကြင္းလယ္မွာ Rodrigo Bentancur နဲ႔ Adrien Rabiot တို႔ကိုပဲ ဦးစားေပး အသံုးျပဳေနတာျဖစ္တယ္။

အသက္ ၂၅ ႏွစ္အရြယ္ အမေရခ်န္ဟာ ‘Sarriball’ လို နည္းစနစ္အားျပဳတဲ့ ကြင္းလယ္ပိုင္းမွာ ပိုင္ႏုိင္ကၽြမ္းက်င္သူ မဟုတ္ဘူးလို႔ ဆာရီက ယံုၾကည္ထားတယ္။ ခ်န္ဟာ ေကာင္တာဖိအားေပးစနစ္မွာ အသားက်ခဲ့သူျဖစ္ျပီး လႈပ္အားႏႈန္းေကာင္းေကာင္း ကစားရတဲ့ မန္ေနဂ်ာယာဂင္ကေလာ့ပ္ လက္ေအာက္မွာ အထူးေျခစြမ္းျပခဲ့ပါတယ္။ သူ႔ကို လီဗာပူးဘက္က စာခ်ဳပ္သစ္ေပးလိုေပမယ့္ လုပ္ခ ညိနိႈင္းမရပဲ ဂ်ဴဗင္တပ္ကို ေရာက္ခဲ့တာျဖစ္တယ္။

ျပင္သစ္ကလပ္ ပီအက္ဂ်ီနဲ႔ သတင္းထြက္ခဲ့ေသးေပမယ့္ ပီအက္ဂ်ီက ကြင္းလယ္လူ ႏွစ္ဦးအျဖစ္ ဂူရီနဲ႔ ဟာရဲရားတို႔ကုိ ေခၚယူထားျပီးျဖစ္လို႔ ယူႏုိက္တက္နဲ႔ ပိုသတင္းၾကီးလာျခင္းလည္းျဖစ္တယ္။ ရာသီကုန္မွာ အျပီးသတ္ ေခၚယူခြင့္ ပါဝင္တဲ့ အငွားစာခ်ဳပ္နဲ႔အတူ အသစ္သစ္ကို ရွာေဖြဖို႔ ခ်န္ဘက္က ျပင္ဆင္ေနပါတယ္။

ယူႏုိက္တက္ဟာ ဖယ္လာနီ၊ ဟာရဲရား တို႔ကို လက္လြတ္လြတ္ခဲ့ရသလို ဝါရင့္ကြင္းလယ္လူ မာတစ္ကိုလည္း ထြက္ခြာခြင့္ ေပးေတာ့မွာျဖစ္လို႔ ကြင္းလယ္ပိုင္း အစားထိုးဖို႔ ရွာေဖြေနတာျဖစ္တယ္။ စပါးမွ အဲရစ္ဆန္၊ စပို႔တင္းမွ ဖာနန္ဒက္စ္နဲ႔ လက္စတာမွ မတ္ဒီဆန္တို႔ကလည္း ယူႏုိက္တက္နဲ႔ သတင္းေတြ ထြက္ထားပါတယ္။

UNICODE

လက်ရှိ စီးရီးအေကလပ် ဂျူဗင်တပ်မှာ ကစားနေတဲ့ ကွင်းလယ်လူဟာ ချန်ဟာ ဇန်နဝါရီမှာ ပြောင်းရွှေ့ခွင့်စာတင်ဖို့ စတင်လုပ်ဆောင်နေပြီး ယူနိုက်တက်ကို ရောက်လာဖို့ ရေပန်းစားမှုတွေကလည်း မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။

မန်နေဂျာဟောင်း အယ်လီဂရီလက်ထက် အလွှတ်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးကနေ ခေါ်ယူထားခြင်းခံရတဲ့ ချန်ဟာ အီတလီမန်နေဂျာ ဆာရီလက်အောက်မှာ နေရာမရသလို ချန်ပီယံလိဂ်လူစာရင်းကနေ ထုတ်ပယ်ခံထားရတာဖြစ်တယ်။ ဆာရီလက်အောက် ပွဲထွက်ခွင့် ရုန်းကန်နေရတဲ့ ချန်ဟာ အသင်းပြောင်းဖို့ စီစဉ်နေပြီး သူ့ကို ခေါ်ယူဖို့ ယူနိုက်တက်က စိတ်ဝင်စားနေတာဖြစ်တယ်။

ချန်ပီယံလိဂ်လူစာရင်းတင်မှုကနေ ထုတ်ပယ်ခံရမှုကို ဒေါသထွက်ခဲ့တဲ့ ချန်ဟာ ဒီရာသီတစ်လျှောက် အရန်စာရင်းမှာပဲ အချိန်ဖြုန်းနေရတာပါ။ ဂျာမာန်သား ကွင်းလယ်လူဟာ ခီဒီယာနေရာ အစားထိုးမယ့်သူလို့ ယူဆခံခဲ့ရပေမယ့်လည်း ဆာရီကတော့ ကွင်းလယ်မှာ Rodrigo Bentancur နဲ့ Adrien Rabiot တို့ကိုပဲ ဦးစားပေး အသုံးပြုနေတာဖြစ်တယ်။

အသက် ၂၅ နှစ်အရွယ် အမရေချန်ဟာ ‘Sarriball’ လို နည်းစနစ်အားပြုတဲ့ ကွင်းလယ်ပိုင်းမှာ ပိုင်နိုင်ကျွမ်းကျင်သူ မဟုတ်ဘူးလို့ ဆာရီက ယုံကြည်ထားတယ်။ ချန်ဟာ ကောင်တာဖိအားပေးစနစ်မှာ အသားကျခဲ့သူဖြစ်ပြီး လှုပ်အားနှုန်းကောင်းကောင်း ကစားရတဲ့ မန်နေဂျာယာဂင်ကလော့ပ် လက်အောက်မှာ အထူးခြေစွမ်းပြခဲ့ပါတယ်။ သူ့ကို လီဗာပူးဘက်က စာချုပ်သစ်ပေးလိုပေမယ့် လုပ်ခ ညိနှိုင်းမရပဲ ဂျူဗင်တပ်ကို ရောက်ခဲ့တာဖြစ်တယ်။

ပြင်သစ်ကလပ် ပီအက်ဂျီနဲ့ သတင်းထွက်ခဲ့သေးပေမယ့် ပီအက်ဂျီက ကွင်းလယ်လူ နှစ်ဦးအဖြစ် ဂူရီနဲ့ ဟာရဲရားတို့ကို ခေါ်ယူထားပြီးဖြစ်လို့ ယူနိုက်တက်နဲ့ ပိုသတင်းကြီးလာခြင်းလည်းဖြစ်တယ်။ ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့အတူ အသစ်သစ်ကို ရှာဖွေဖို့ ချန်ဘက်က ပြင်ဆင်နေပါတယ်။

ယူနိုက်တက်ဟာ ဖယ်လာနီ၊ ဟာရဲရား တို့ကို လက်လွတ်လွတ်ခဲ့ရသလို ဝါရင့်ကွင်းလယ်လူ မာတစ်ကိုလည်း ထွက်ခွာခွင့် ပေးတော့မှာဖြစ်လို့ ကွင်းလယ်ပိုင်း အစားထိုးဖို့ ရှာဖွေနေတာဖြစ်တယ်။ စပါးမှ အဲရစ်ဆန်၊ စပို့တင်းမှ ဖာနန်ဒက်စ်နဲ့ လက်စတာမှ မတ်ဒီဆန်တို့ကလည်း ယူနိုက်တက်နဲ့ သတင်းတွေ ထွက်ထားပါတယ်။